Tuesday, 9 June 2009

နိုင်ငံရေးလက်ဦးမှု လက်မလွတ်ရေး

(မောင်ချစ်ခင်)
ဒေါ်အောင်ဆန်းစုကြည်ကို ကြံဖန်အမှုဆင်ပြီး ရုံးတင်ခြင်းသည် ဤကာလ ဗမာပြည်နိုင်ငံရေးဖြစ်စဉ်တွင် ဒီပဲယင်း အရေးအ ခင်းနှင့် တတန်းတည်းထားရမည့် အဖြစ်အပျက်တခုဖြစ်သည်။ နအဖ၏ လက္ခဏာမှာ ၁၉၈၈ ခုနှစ်က စလို့ ဒီနေ့အထိ ဘာ မှပြောင်းလဲခြင်းမရှိကြောင်းကို ဤကိစ္စက ဖော်ပြနေပေသည်။

၈၈ မှာ လူသတ်သည်၊ ဒီပဲယင်းမှာ လူသတ်သည်၊ စက်တင်ဘာသံဃာ့အရေးအခင်းမှာ သံဃာကိုသတ်သည်၊ ယခု ၂ဝဝ၉ တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အသေသတ်ရန် လုပ်နေပြန်သည်။

နအဖနှင့်ပတ်သက်၍ အကောင်းမြင်စရာ တကွက်မှမရှိ၊ စိတ်ကူးယဉ်စရာ နည်းနည်းမှမရှိ၊ ပြည်သူတွေအတွက် ဗလာနတ္ထိ။

၂ဝ၁ဝ ရွေးကောက်ပွဲနှင့် နီးလာလေလေ နအဖ၏ ယုတ်မာမှုတွေ၊ ရက်စက်မှုတွေကို တွေ့ရလေလေ ဖြစ်နေသည်။ ဤသည် မှာ တိုက်ဆိုင်မှု လုံးဝမဟုတ်။ သူတို့တတွေ စိတ်ကို ဒုံးဒုံးချပြီး အပြတ်လုပ်နေခြင်းဖြစ်သည်။

ဤသည်မှာ သူတို့လက်ထဲတွင် အာဏာဆက်လက်တည်ရှိရေး၊ အသက်ရှင်ရပ်တည်ရေးတို့နှင့် တိုက်ရိုက် ဆက်စပ်နေသည်။ ထို့ကြောင့် ဤအတွက် ဘာကိုမဆို သူတို့လုပ်မည်။

လိုအပ်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပစ်မည်။ ဒေါ်အောင်ဆန်းစုကြည်ကို တသက်ပတ်လုံး ထောင်ထဲမှာ ထားမည်။ သတ်စရာလိုလျှင် ဘယ်သူ့ကိုမဆို ဖမ်းမည်၊ သတ်မည်။

ဒီလိုအချိန်မှာ ပြည်သူတွေဖက်က ဘာလုပ်မလဲ။ နအဖ၏ ရွေးကောက်ပွဲကိုဝင်၍ ရောယိမ်းလိုက် ဘသားယိမ်းလိုက် လုပ် မည်လော။ မီးစင်ကြည့်ရုံပဲဟု ဆုံးဖြတ်မည်လော။

သေချာသည်မှာ ဗမာပြည်ကို အုပ်စိုးမှု၏ အနှစ်လက္ခဏာမှာ ဤရွေးကောက်ပွဲကိုကျင်းပသဖြင့် ပြောင်းလဲသွား မည်မဟုတ် သလို အုပ်စိုးသူများ၏ သဘောထား၊ ပေါ်လစီများမှာလည်း ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီးသည့်နောက် ဘာမျှ ခြားနားမည်မဟုတ်ဆိုသည်ကို သဘောပေါက်ကြရမည်။

အာဏာကိုသာ ကိုင်ထားနိုင်လျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ဖျက်ပစ်နိုင်သည်၊ ရေးဆွဲနိုင်သည်၊ အတည်ပြုနိုင်သည်။ နောက်ပြီး ရွေးကောက်ပွဲတွေလည်း အကြိမ်ကြိမ် ကြိုက်သလို ကျင်းပနိုင်သည်။ ရလဒ်ကိုမကျေနပ်လျှင် အာဏာကိုလွှဲမ ပေးဘဲ နေနိုင်သည်။

ဗမာပြည်က စစ်အာဏာရှင်များအနေဖြင့် ဒါတွေအားလုံးကို လုပ်ခဲ့ဖူးပြီ။ အာဏာရှိသရွေ့ လုပ်နေဦးမည်။ သင်းတို့၏ တည် ကြည်ဖြောင့်မတ်မှုကိုလည်း ကမ္ဘာနှင့်အဝှမ်း မည်သူကမျှ မယုံကြည်ကြ။

ဤသို့သော အနေအထားတွင် “တသက်တော့ အမတ်ဖြစ်ဖူးတယ်ရှိအောင် ရွေးကောက်ပွဲ ဝင်လိုက်ဦးမည်” လို့ ဆိုသူတွေ၊ “အာဏာကလေးများ၊ တပြားတမူးဖိုးလောက်ရှိလျှင် အင်မတိ အင်မတန် စံချင်တိုင်းစံရမည်” ဟု စိတ်ကူးယဉ်နေသူတွေနှင့် အချီအချ အခြေအတင် ပြောနေစရာ မလို။

သူတို့လမ်းကိုသူတို့ လျှောက်ခွင့်ပြုလိုက်ရုံသာရှိ၏။ ကိုယ့်အလုပ်က သူတို့နှင့် အချိန်ဖြုန်းနေစရာမဟုတ်။ ကိုယ့်အလုပ်က ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအတွက် တနည်း ရွေးကောက်ပွဲ နောက်ပိုင်း တိုက်ပွဲတွေ အတွက် အခုကတည်းက ပြင် ဖို့ဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲပြီးလျှင် နအဖ စစ်ဗိုလ်ချုပ်တွေ ပိုပြီး ဘဝင်မြင့်၊ စိတ်ကြီးဝင်လာမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ စကားတွေ၊ ဥပဒေစကားတွေ တွင်တွင်ပြောကာ ပိုရမ်းကားလာမည်။ “ဖွဲ့စည်း အုပ်ချုပ်ပုံနှင့်အညီ အချိန်မရွေး အာဏာသိမ်းခံရမည့်” အန္တရာယ်၏ ခြိမ်းခြောက်ခြင်းကို တလျှောက်လုံး ခံနေရမည်။

ထို့ကြောင့် ၂ဝ၁ဝ မတိုင်မီ နိုင်ငံရေးနှင့် ၂ဝ၁ဝ လွန် နိုင်ငံရေးတို့၏ အဓိကခြားနားချက်မှာ ဗိုလ်သန်းရွှေ-ဗိုလ်မောင်အေး စစ်အုပ်စုက ဖွဲ့စည်းပုံဥပဒေမရှိဘဲ တိုင်းပြည်ကို ရက်ရက်စက်စက် သွေးစုပ်ဖိနှိပ်ခြင်းနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နှင့်အညီ တိုင်းပြည်ကို ရက်ရက်စက်စက် သွေးစုပ်ဖိနှိပ်ခြင်းသာဖြစ်ပေမည်။ သဏ္ဍာန်အားဖြင့် ထူးခြားချက်အချို့ရှိနိုင်သော် လည်း အနှစ်သာရမှာ ဘာမှပြောင်းမည်မဟုတ်သည်ကို သံသယဖြစ်စရာ မလိုပေ။

တဖက်တွင်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေအဖို့ ပြောရလျှင်လည်း မိမိတို့၏ တိုက်ပွဲဦးတည်ချက်၊ အဓိက ကြွေးကြော်သံ၊ မဟာမိတ်အခင်းအကျင်း စသည်တို့မှာ ၂ဝ၁ဝ ရွေး ကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ နောက်ပိုင်း ဘာမှ ခြားနားသွားမည်မဟုတ်ဆိုသည်ကို သတိပြုရပေမည်။

ထို့ကြောင့် ဆန့်ကျင်မြဲအတိုင်း ဆန့်ကျင်ရမည်။ တောင်းဆိုမြဲတိုင်း တောင်းဆိုရမည်။

သို့သော် တိုက်နည်း၊ တောင်းဆိုနည်းများကိုတော့ တိုးချဲ့ရမည်။ စွန့်ပစ်တန်တာ စွန့်ပစ်၊ တီထွင်သင့်တာ တီထွင်ရမည်။ နောက်ပြီး ပိုကျယ်ပြန့်အောင်လည်း ဖြန့်ကျက်ရမည်။ အင်းစိန်ထောင် ပတ်ဝန်းကျင်ကနေ တပြည်လုံးကို ဖြန့်ပစ်ရမည်။ အဖွဲ့ ချုပ်တဦးတည်း လုပ်လို့မရ။ ဒီချုပ်ကို အထောက်အကူပေးကြရမည်။ တွဲလုပ်တာတွေလည်း ရှိမည်၊ ခွဲလုပ်တာတွေလည်း ရှိ မည်။

တိုက်ပွဲသဏ္ဍာန်ကို အသေထားလို့မဖြစ်၊ လုပ်သင့်လျှင် တဦးမလုပ်နိုင်က နောက်တဦးက လုပ်ရမည်။ ဆက်သွယ်ရေးကွန် ယက်တွေ တည်ဆောက်ရမည်။ လမ်းကြောင်းတွေ ဖောက်လုပ်ရမည်။ ပြောင်လည်းရှိမည်၊ လျှို့ဝှက်လည်းရှိမည်။

လူထုလူတန်းစား၊ လူ့အလွှာအမျိုးမျိုးထဲတွင် ဖြစ်နိုင်လျှင် ပြောင်၊ မဖြစ်နိုင်လျှင် လျှို့ဝှက် အဖွဲ့အစည်းတွေ ဖွဲ့ကြရမည်။ ကျောင်းသား၊ သံဃာ၊ စာရေးစာချီ၊ ဝန်ထမ်း၊ အလုပ်သမား၊ လယ်သမား၊ ပညာတတ်၊ ဆင်းရဲသား၊ စစ်သားနဲ့ ရဲထဲပါ မကျန် စည်းရုံးတည်ဆောက်ရမည်။ ဘာသာ၊ လူမျိုး စတာတွေ ခွဲခြားနေလို့မဖြစ်။

ဒါကြောင့် ဖွဲ့စည်းမှု၊ စည်းရုံးမှုမှာ ကာလတခုတော့ မြေအောက် သဏ္ဍာန်ဖြစ်ဖို့ များသည်။ လျှို့ဝှက်ရမည်။ မြေအောက်လုပ် ငန်းကို မောင်းတီးလုပ်လို့မရ။ ပေါ်ပြူလာ ဖြစ်ချင်လို့မရ။

တပါတည်းတွင် ပြည်သူတွင်းရော ကိုယ့်အတွင်းမှာပါ စစ်အုပ်စု၊ စစ်အစိုးရနှင့် စစ်အာဏာရှင်စနစ်တို့ကို ပြတ်သားခိုင်မာစွာ ဆန့်ကျင်သည့် အတွေးခေါ်ကို မြဲမြဲမြံမြံ စိုက်ထူရမည်။ ကိုယ့် ပြည်သူကို ယုံကြည်မှုနှင့် အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ် တို့ကိုလည်း စွဲမြဲစေရမည်။

နအဖပြောလျှင် ဘာမှ မျက်စေ့လည်စရာ မရှိ။ မိုးခါးရေသောက်စေလိုသူများ၊ မြေခွေးအမြီးပြတ်များက ပြောလျှင်လည်း လက်ခံကြမည်မဟုတ်။

သို့သော် တတိယအင်အားစုဆိုသူတွေ၊ ပညာရှင်ဆိုသူတွေက နားချကြ၊ “ရှင်းပြကြ” ဦးမည်။ မျက်စေ့လည်၊ နားယောင် စရာတွေ ဖန်တီးလာကြဦးမည်။ ထို့ကြောင့် အတွေးအခေါ်တည်ဆောက်ရေး၊ ကာကွယ်ရေးကို တာဝန်တရပ်အနေနှင့် လုပ်ရ မည်။

ဒါကို တက်ကြွသူများအကြားမှာသာမဟုတ်၊ ပြည်သူလူထုအကြားမှာပါ လုပ်ရမည်။ ပေါ့ဆလို့မရ။ သတိ ရှိရပါမည်။ သူတို့က ရာထူးတွေ၊ အခွင့်အရေးတွေနှင့် မြှူလာကြမှာ သေချာသည်။

ထို့ကြောင့် ဤနေ့ဤအခါတွင် နိုင်ငံရေးလက်ဦးမှုကို ပြည်သူတွေဖက်က ရယူထားရန်မှာ အရေးကြီးလှသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်မှာ ဤသို့ လက်ဦးမှုရ ယူရန် လုံးပမ်းခြင်းဖြစ်သည်။ နအဖကို တကယ်ပဲ လက် ဦးမှုမဲ့စေခဲ့သည်။

ထို့ကြောင့် နအဖက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်ခြင်းဖြင့် သူတို့ဆုံးရှုံးနေသော နိုင်ငံရေးလက်ဦးမှုကို ရယူရန် လုံးပမ်း နေခြင်းဖြစ်သည်။ အခြားနည်းလမ်းရှာမတွေ့သဖြင့် ခါးပိုက်အောက်ကို ထိုးသည့်နည်းကို သုံးလာခြင်းဖြစ်သည်။ ဤသည် နအဖစစ်ဗိုလ်များ၏ အကျင့်ဖြစ်သည်။ သူတို့ခံရလျှင် ဘာမှ မရှက် မကြောက်တော့။

လောလောဆယ်တော့ နိုင်ငံတကာနယ်ပယ်တွင် နအဖအဖို့ ပို၍ပင် ခံစစ် အနေအထားကို ရောက်သွားသည်။ အခုအထိ စစ် အာဏာရှင်များအနေဖြင့် တချက်မှ ပြန်ပစ်နိုင်သည်ကို မတွေ့ရသေးပေ။ ထန်းလက်ဖြင့် ကာရုံမျှသာ လုပ်နိုင်သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အမှုကို အမြန်ပြီးဆုံးသွားအောင် တွန်းစစ်နေသည်။ သူတို့အဖို့ ဤကိစ္စမှာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက်ကြောင့်လေး ဖြစ်နေသည်။

ဤအနေအထားကို အတတ်နိုင်ဆုံး အသုံးချရန်လိုသည်။ ကိုယ့်ဖက်က နိုင်ငံရေး၊ အတွေးအခေါ်ရေး ထိုးစစ်တွေ ဆက်တိုက် ဆင်နေရမည်။ လူသေဦးတော့ အသံမသေစေရဆိုသည့် သဘောထားမျိုး ထားရမည်။ ကိုယ်သေလျှင် ကျန်တဲ့လူများကို အဲဒီအသံက သတိပေးအကျိုးပြုမည်မှာ မုချဖြစ်ပါသည်။

မောင်ချစ်ခင်

အပြည့်အစုံသို့...

Monday, 8 June 2009

ဗိုလ်ချုပ်တစုနဲ့ ဒီအမှု

ဗသြ

ဒီ အမေရိကန်လူမျိုး ဂျွန်ယက်တောကို ဒုတိယအကြိမ် ဝင်ခွင့်ပြုလိုက်တာဟာ ၁၉၄၇ ခုနှစ်တုန်းက ဗြိတိသျှ ကိုလိုနီ အစိုးရ က ဂဠုန်ဦးစောကို ဘရင်းဂန်း အလက် ၂၀၀ နဲ့ တခြားလက်နက်ကျည်ဆံတွေ ထုတ်ပေးလိုက်တာကို သတိ ရစေပါတယ်။...... အပြည့်အစုံသို့

အပြည့်အစုံသို့...

Monday, 1 June 2009

ဇွန် (၆) မြင်ကွင်း ရင်တွင်းမှတ်တမ်း

(၀င်းတင့်ထွန်း)

ဗမာပြည်အလုပ်သမားလူတန်းစားဟာ၊ ခေတ်မီအလုပ်သမားလူတန်းစားအဖြစ် စတင်ဖြစ်တည်လာစဉ်ကတည်းက၊ အလုပ် သမားလူတန်းစားရဲ့ သူရသတ္တိကို ပြသခဲ့တယ်။ နိုင်ငံရေးနိုးကြားမှုကို ပြသခဲ့ပါတယ်။

နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ လက်အောက်မှာ ‘၁၃ဝဝပြည့်အရေးတော်ပုံကြီး’ နဲ့ ပြသခဲ့တယ်။ စက္ကူဖြူ စီမံကိန်းနဲ့ ကက်စဘီ အုပ် ချုပ်ရေးခေတ် တလျောက်မှာလဲ၊ ဘီအိုစီအလုပ်သမားသပိတ်၊ ဒလသင်္ဘောကျင်းသပိတ်၊ အလုံသစ်စက်သပိတ် စတဲ့ သပိတ် တိုက်ပွဲတွေနဲ့ အင်္ဂလိပ်ကိုလိုနီ အစိုးရကို ဆန့်ကျင်ရင်း၊ ‘၁၉၄၆ ခုနှစ် အထွေထွေသပိတ်ကြီး’ဆီအထိ ဦးတည်ခေါင်းဆောင် လှုပ်ရှားနိုင်ခဲ့ပါတယ်။


မဆလ ခေတ်ကို ရောက်တော့လဲ၊ ဖေါက်ပြန်ဆိုးဝါးလှတဲ့ မဆလတပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန် တိုက်ပွဲဆင် ခဲ့ပါတယ်။ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာ၊ ဘယ်တော့မှ ဖျောက်ကွယ်ချန်လှပ်ထားလို့မရနိုင်တဲ့ အလုပ်သမား တိုက် ပွဲတခုကတော့၊ ၁၉၇၄ ခုနှစ် ဇွန် (၆) ရက် အလုပ်သမားသပိတ်ကြီးပဲ ဖြစ်ပါတယ်။

‘ ၇၄ ဇွန် (၆) အလုပ်သမားသပိတ်ကြီး’ လို့ မော်ကွန်းထိုးထားရမယ့် အလုပ်သမားသပိတ် တိုက်ပွဲကြီးပဲ ဖြစ်ပါတယ်။

ဒီ သပိတ်ကြီးကို မဆလစစ်အာဏာရှင်တွေဟာ ထုံးစံအတိုင်း အကြမ်းဖက်ဖြိုခွဲပြီး၊ နှိပ်ကွပ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် သွေးမြေ ကျရမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဇွန် (၆) ရက်နေ့မှာပဲ ပထမဆုံးသွေးမြေ ကျခဲ့ရတဲ့နေရာကတော့၊ ရန်ကုန် သမိုင်းချည်စက်ရှေ့ မှာပဲ ဖြစ်ပါတယ်။ အဲဒီနေ့က အဖြစ်အပျက်ကို ကိုယ်တွေ့ တွေ့ကြုံခဲ့ဖူးသူတယောက်အနေနဲ့ မြင်ရာ ဒေါင့်ကနေ လေးလေး နက်နက် မှတ်တမ်းတင် ဖေါ်ပြပါရစေ …

၁၉၇၄ ခုနှစ် ဇွန်လ (၆)ရက် …

မနက်မိုးလင်းလို့ စက်ရုံအလုပ်သမားကြီးတွေ အလုပ်ဆိုင်းအလိုက် အလုပ်ဝင်ကြချိန်သာသာလောက်မှာပဲ၊ ရန်ကုန် အင်းစိန် လမ်းမကြီးတလျောက် ကြွေးကြော်သံတွေ ပျံ့နှံ့ဝေစည် လာပါတယ်။

ဒို့အရေး - ဒို့အရေး …

ဆိုတဲ့ကြွေးကြော်သံတွေဟာ ပထမတော့ ခပ်ပါးပါး ခပ်သဲ့သဲ့လေးပါ ။ နောက်တော့ တစထက်တစ …

‘ ဆန်လုံလောက်စွာ ရရှိရေး - ဒို့အရေး ဒို့အရေး ...’

‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ...’

‘ ကုန်ဈေးနှုန်း ကျဆင်းရေး - ဒို့အရေး ဒို့အရေး...’

‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’

ကြွေးကြော်သံတွေဟာ မုတ်သုန်အကြို မိုးသက်လေနဲ့အတူ လမ်းမကြီးတွေပေါ် ရပ်ကွက်တွေပေါ် ဝဲပျံလွင့်စင်နေပါ တယ်။

ကျနော်ဟာ အင်းစိန်မီးရထားစက်ခေါင်းရုံဖက်ဆီ ပြေးကြည့်မိပါတယ်။ အလုပ်သမားထုရဲ့ ကြွေးကြော်သံတွေဟာ မိုးလုံးညံ အောင် ထွက်ပေါ်လာနေပါတယ်။ အဲဒီကနေ အင်းစိန်လမ်းမကြီးပေါ် ပြန်တက်လာ၊ အင်းစိန်လမ်းမကြီးတလျောက်အတိုင်း ကုန်ကြောင်းလျှောက်ပြီး ပြန်လာတော့၊ ခဝဲခြံမှတ်တိုင်ရှေ့တည့်တည့်က ၅ သုံးလုံး ရာဘာဖိနပ် စက်ရုံကြီးအတွင်းမှာလဲ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ ဒီစက်ရုံထဲမှာ ကျနော့် မိတ်ဆွေရင်းချာ အလုပ်သမားတချို့ ရှိနေတဲ့အတွက် ခဏရပ်ကြည့် လိုက်မိပါတယ်။ မကြာခင် ကြွေးကြော်သံတွေ ထွက်လာပါတယ်။ ဆက်ပြီးထွက်လာတော သမိုင်းလမ်းဆုံက ဓါတု (၄) ၊ ဓါတု (၆) စက်ရုံတွေက ကြွေးကြော်သံတွေဟာလဲ ရှေ့ဆင့်နောက်ဆင့်ထွက်လာတာ ကြားရ ပြန်ပါတယ်။ ရှေ့ဆက်တက်လာ တော့ ‘သမိုင်းချည်မျှင်နှင့် အထည်စက်ရုံ ’။

‘ ဆန်လုံလောက်စွာ ရရှိရေး - ဒို့အရေး ဒို့အရေး ’

‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ’

‘ ကုန်ဈေးနှုန်းကျဆင်းရေး - ဒို့အရေး ဒို့အရေး ’

‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’

ကြွေးကြော်သံတွေဟာ စက်ရုံတွေအတွင်းကနေ ညီညီညာညာထွက်ပေါ်လာနေပါတယ်။ ပထမတော့ အတွင်းပိုင်း စက်ရုံတွေ အတွင်းကနေပဲ ထွက်ပေါ်လာနေတာပါ။

သမိုင်းချည်မျှင်နှင့်အထည်စက်ရုံကြီးရဲ့ တည်ဆောက်ထားပုံက၊ လမ်းမကြီးဖက် (ဆိုင်းဘုတ်ကြီးထူထားတဲ့ဖက်) မြေကွက် လပ်ကျယ်ကြီးပေါ်မှာ၊ ဂိတ်ပေါက် သံတံခါးကြီးနဲ့အနီးမှာ တထပ်တိုက်အဆောက်အဦရှည်ကြီးတခု ရှိပါတယ်။ အဲဒီအ ဆောက်အဦမှာ ရုံးခန်းနဲ့ ငွေစာရင်းဌာနတို့ ဆိုတာတွေ ရှိပါတယ်။ တဆက်တည်းမှာ အလုပ်သမားကောင်စီ လို့ ဆိုင်းဘုတ် တပ်ထားတဲ့ အလုပ်သမားကိုယ်စားလှယ်အစစ်အမှန်မဟုတ်တဲ့ အလုပ်သမားမင်းသားများရဲ့ အခန်းရှိပါတယ်။ အဲဒါတွေ ပြီးတဲ့နောက်၊ သံတံခါးနဲ့ ထပ်ပြီးခြားထားတဲ့ ဝန်းပြင်ကျယ်ကြီးပေါ်မှာ ချည်မျှင်နဲ့အထည်စက်ရုံတွေ သူ့ရုံနဲ့သူ အစီအရီ တန်း စီ တည်ရှိနေပါတယ်။ ပထမဆုံး ကြွေးကြော်သံတွေ တိုင်နေ ထွက်နေတဲ့နေရာက အဲဒီအတွင်းစက်ရုံတွေအတွင်းကပါ။ နောက် မကြာမီမှာပဲ အထဲက သပိတ်ခေါင်းဆောင်တချို့ ထွက်လာပြီး၊ လမ်းမကြီးဘေးက ဂိတ်ပေါက်ဝကြီးဆီ ရောက်လာ တာ တွေ့ရပါတယ်။

ဂိတ်ဝသံတံခါးဘေးမှာ စားပွဲခုံတလုံးကို ချလိုက်ပြီး၊ စားပွဲပေါ်တက်ပြီး မတ်တပ်ရပ်ကာ သပိတ်တရားကို ဟောကြပါတယ်။

အလုပ်သမားထုတရပ်လုံး အလုပ်လုပ်နေကြရင်းက ထမင်းငတ်နေရတဲ့အကြောင်း၊ ဒါကြောင့် ဆန်လုံလောက်စွာ ရရှိဖို့ တောင်းဆိုနေရတာဖြစ်ကြောင်း၊ အလုပ်ခွင်ထဲမှာလဲ အာမခံချက်မဲ့လှတဲ့အခြေအနေကြောင့် လုပ်ခွင်သက်သာချောင်ချိရေး ကို ဖန်တီးပေးဖို့ တောင်းဆိုနေရတာဖြစ်သလို၊ လမ်းစဉ်ပါတီရဲ့ ဦးဆောင်မှု ဆိုတာနဲ့အတူ စက်ရုံအလုပ်ရုံတွေထဲမှာလဲ အလုပ်သမားကောင်စီဆိုတာတွေ ပေါ်လာပြီး၊ ဒီအလုပ်သမားကောင်စီတွေဟာ အလုပ်သမားတွေအတွက် ဘာမှလုပ်မပေး တဲ့အပြင် ဖိနှိပ်ဒုက္ခပေး ဗိုလ်ကျနေတဲ့အဖွဲ့အစည်းတရပ်အဖြစ်ပဲ လက်တွေ့ဆောင်ရွက်နေတာ ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် ဒီအလုပ်သမားကောင်စီဆိုတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြရတာဖြစ်ကြောင်း ဟောကြ ပြောကြ ရှင်းပြကြပါ တယ်။

လက်တွေ့ ဘဝထဲကလာတဲ့၊ လက်တွေ့ခံစားနေရတဲ့ အကျပ်အတည်းတွေကြောင့်၊ လက်တွေ့လိုအပ်ချက်အစစ်အမှန်ကို ရရှိ ရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကြွေးကြော်သံတွေဟာ အင်မတန်မှ တရား မျှတပြီး အင်မတန်မှ ကြောင်းကျိုးကျတဲ့ တောင်းဆိုချက်တွေလဲ ဖြစ်နေပါတယ်။

ကျနော်အပါအဝင်၊ ရပ်ကွက်တွေထဲက လာရောက်နားထောင်ကြသူ၊ ကြည့်ကြရှု့ကြ အားပေးကြသူတွေလဲ တဖြည်းဖြည်း များလာပါတယ်။ တချို့ကလဲ သပိတ်မှောက်နေတဲ့ ဒီစက်ရုံထဲမှာ ကိုယ့်မိ ကိုယ့်ဖ ညီအကိုမောင်နှမ ဆွေမျိုးသားချင်းတွေပါ ပါနေလို့ အခြေအနေလာကြည့်ကြသူမျိုးတွေလဲ ပါနေပါတယ်။

ဂိတ်ဝအတွင်းဖက် သံတံခါးကြီးဘေးမှာ တောင်းကြီးတလုံးကို ကပ်ချထားပြီး၊ သပိတ်ကို သပိတ်မှောက်တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားကြီးတွေကို အစာရေစာအဖြစ် လှူဒါန်းကူညီနိုင်ဖို့ မေတ္တာရပ်ခံစီစဉ်ထားတဲ့အတွက်၊ ဆေးလိပ်၊ ထမင်းထုပ်၊ မုန့်ပဲသရေစာတွေ လာရောက်ကူညီလှူဒါန်းကြတာလဲ တွေ့ရပါတယ်။ ကျနော်လဲ အိပ်ကပ်ထဲ ပါလာခဲ့တဲ့ ပိုက်ဆံလေးနဲ့ ဆေးပေါ့လိပ်တစီး၊ ငှက်ပျော နှစ်ဖီးဝယ်ပြီး သံတိုင်ကြားကနေ လက်လျှို ထည့်ဝင်လှူဒါန်းလိုက်ရပါတယ်။ အလှူခံတောင်း ကြီးဟာ တခဏတွင်းမှာပဲ အပြည့်အမောက်ဖြစ်ဖြစ်သွားတာ တွေ့ရပါတယ်။

အဲဒီအချိန်မှာပဲ သမိုင်းချည်စက်နဲ့ သိပ်မဝေးလှတဲ့ အုတ်ကျင်းဂုံနီစက်ရုံကြီးအတွင်းမှာလဲ အလုပ်သမားထုဟာ အလုပ်သမား သပိတ်တိုက်ပွဲကြီးကို ဆင်နွဲနေကြပါပြီ။ ကြွေးကြော်သံတွေဟာ စက်ရုံတခုနဲ့ စက်ရုံတခု ဆက်နေပြီး၊ စည်စည်ညံအောင် လွှင့်ပျံ ဝေ့ဝဲနေပါတော့တယ်။ ဆင်မလိုက်သင်္ဘောကျင်းကလဲ သပိတ်မှောက်နေသတဲ့၊ ဆပ်ပြာစက်ရုံကလဲ သပိတ်မှောက် နေသတဲ့၊ သံမဏိစက်ရုံကလဲ သပိတ်မှောက်နေသတဲ့… ဆိုတဲ့အသံတွေဟာလဲ နေရာပေါင်းစုံကနေ ပျံ့နှံ့ဝင်လာပါတယ်။

အဲဒီအချိန်မှာပဲ ရန်ကုန်မိုးလေး တဖြိုက်နှစ်ဖြိုက်ရွာကျလာပါတယ်။ ဇွန်လရဲ့မိုးရေစက်တွေဟာ ခပ်ဖွဲဖွဲလေးပါပဲ။ သမိုင်းချည် စက်ရှေ့က လူအုပ်ကြီးဟာ လူစုကွဲ မသွားခဲ့ပါဘူး။ အင်းစိန်လမ်းမကြီးရဲ့ ဘေးတဖက်တချက်က ပလက်ဖေါင်းတွေပေါ်မှာ လူတွေတောင် တဖြည်းဖြည်း ပိုပိုများလာပါတယ်။

နေ့လည်လောက်မှာ စစ်ကားတွေ တန်းစီပြီး မြို့ထဲဖက်ကနေ ဝင်လာပါတယ်။ ဆယ်စီးလောက် ရှိပါတယ်။ နောက်ဆုံး ကား တွေပေါ်မှာ သံပေပါကြီးတွေရော သံဆူးကြိုးလိပ်တွေပါ ပါလာခဲ့ပါတယ်။ ကားတိုင်းပေါ်မှာ မျက်နှာထားတင်းတင်းနဲ့ လက် နက်အပြည့်အစုံ၊ အီကွေးမင့်အပြည့်အစုံနဲ့စစ်သားတွေ အပြည့်။ သေနတ်တွေမှာလဲ ဘက်နက်တွေ အဆင်သင့်တပ်ထားလို့။ တချို့က ခါးမှာ မျက်ရည်ယိုဗုံးတွေ အပြည့်ပတ်ထားလို့။ ရှေ့တန်းစစ်မျက်နှာမှာ ကတုတ်ကျင်းတခုခုကို အတင်းဝင်ရောက် သိမ်းဖို့ အသင့်ပြင်ဆင်လာခဲ့တဲ့ ပုံစံမျိုး။ စစ်သားတချို့က နောက်ဆုံးကားတွေပေါ်က ပေပါခွံကြီးတွေကို ကားအောက်ချ လိုက်ပြီး ပေတရာလမ်းမကြီးပေါ်မှာ စစ်ကားတန်းကြီးရဲ့နောက် တန်းစီပြီး ထောင်ထားလိုက်ကြတယ်။ ရှေ့ကားပေါ်က စစ်သားတချို့လဲ ဆင်းလာပြီး စက်ရုံဂိတ်ဝအပေါက်နဲ့ ဝါးတရိုက်လောက် အကွာမှာပဲ ပေတရာလမ်းမကြီးပေါ် ကန့်လန့်ဖြတ် ပြီး မျဉ်းဖြူသုံးကြောင်းကို စည်းသားရေးဆွဲလိုက်ကြတယ်။ အဲဒီ မျဉ်းဖြူသုံးကြောင်းရဲ့ တလံကွာလောက်မှာ ဘက်နက်တပ် သေနတ်ကိုင်စစ်သားလေးယောက်ဟာ ရင်ဘောင်တန်းပြီး အသင့်အနေအထားနဲ့ မတ်တပ်ရပ်နေကြတယ်။ အဲဒီနောက်မှာ၊ တလံကွာလောက်ဆီမှာ၊ နောက်တတန်း နောက်တတန်း ထပ်ပြီး ထပ်ပြီး မတ်တပ်ရပ်နေကြတယ်။ ဗိုလ်လုပ်တဲ့သူက ကား ရှေ့ ဘေးမှာမတ်တပ်ရပ်နေပြီး လက်ထဲမှာ စကားပြောစက်ကိုကိုင်ထားရင်း အဆက်မပြတ်မေးးလိုက် ဖြေလိုက် သတင်းအပို့ အယူတွေ လုပ်နေတယ်။ ကားပေါ်မှာလဲ လက်နက်ကိုင်စစ်သားတွေက အပြည့်။

စက်ရုံ အလုပ်သမားကြီးတွေက အတွင်းစက်ရုံတွေထဲကနေ ကြွေးကြော်သံတွေ တိုင်နေကြသလို၊ ဂိတ်ဝကြီးအနီး အပြင် ဝင်းထဲကနေလဲ ကြွေးကြော်သံတွေ အတိုင်အဖေါက်ညီညီ အော်နေကြတယ်။ ဒီမြင်ကွင်းကို မြင်နေရတဲ့ ပြည်သူလူထုဟာ ရင်ထဲမှာ လှုပ်ရှားမှုမျိုးစုံနဲ့နိုးကြွနေပြီး သပိတ်မှောက်အလုပ်သမားကြီးတွေရဲ့ တိုက်ပွဲကို စိတ်ရောလူပါ အားပေးရင်း ရပ် ကြည့် နေမိကြတယ်။ စစ်တပ်ကတော့၊ မျဉ်းသားထားတဲ့ လမ်းမအတွင်း ဆင်းမလာနဲ့၊ လာတဲ့သူ ပစ်သတ်မယ် ထိုးသတ်မယ် ဆိုတဲ့အသွင်မျိုးနဲ့ ခပ်ထန်ထန်မျက်နှာကြောကို နှစ်ဆတိုးပြီး တင်းထားတယ်။ အဲဒီအချိန်မှာ ကျနော်လဲပဲ သပိတ်ကြီးကို ထောက်ခံသူတယောက်အဖြစ်၊ အားပေးသူတယောက်အဖြစ်၊ ပြည်သူပရိသတ်ကြီးကြားမှာ ပါဝင်တည်ရှိ ရပ်ကြည့်ငေးမော နေမိတယ်။

ဂိတ်ဝတံခါးကြီးရှေ့ က ခုံပေါ်မှာ မတ်တပ်ရပ်ပြီး တရားဟောနေတဲ့ အလုပ်သမားခေါင်းဆောင်တဦးက ‘ကျနော်တို့ဟာ ငြိမ်း ချမ်းစွာ ဆန္ဒပြ သပိတ်မှောက်နေတာ ဖြစ်တယ်၊ ကျနော်တို့အလုပ်သမားတွေရဲ့ လိုလားချက်တွေကို တရားမျှတစွာ တောင်း ဆိုနေတာဖြစ်တယ်...’ ဆိုတဲ့အကြောင်းနဲ့ တောင်းဆိုချက်တွေကို တခုချင်း ထပ်ပြီး ရှင်းပြနေတယ်။

အဲဒီအချိန်မှာ ဘတ်စ်ကားလိုင်းတွေလဲ ရပ်သွားလို့ ကုန်းကြောင်းလျှောက်ပြီး ပလက်ဖေါင်းအတိုင်း ပြန်လာကြရတဲ့၊ အင်းစိန် ဖက်ကနေ မြို့ထဲဖက်ဆီ ပြန်ကြရမယ့် ဝန်ထမ်းတွေ လက်လုပ်လက်စားတွေရော၊ တိမွေးကုတက္ကသိုလ် စက်မှုတက္ကသိုလ် တို့ကနေ သမိုင်းအဆောင်တွေဆီ ပြန်ကြရမယ့် ကျောင်းသားကျောင်းသူတွေရော၊ ကမာရွတ်ဖက်ကနေ အင်းစိန်ဖက် သမိုင်း ဖက်ပြန်ကြရမယ့် ဝန်ထမ်းတွေ ဈေးသည်တွေပါ ဒီနေရာရှေ့ရောက်လာကြတော့ ဒီလို မြင်ကွင်းကြီးမျိုးကို မြင်လိုက်ကြရ တော့ …

မတိုင်ပင်ရပဲနဲ့ ရပ်ကြည့်ပါဝင်လာကြသူတွေလဲ တဖြေးဖြေးများလာတယ်။ လူအုပ်ကြီးက ပိုပို များလာတယ်။ တချို့လဲ ဖြတ် သွားဖြတ်လာသဘော၊ တခဏ။ တချို့လဲ ဘာများ ဆက်ဖြစ်ကြဦးမလဲ စောင့်ကြည့်ချင်ကြတဲ့သဘော သိချင်ကြတဲ့သဘော ခပ်ကြာကြာ။ တချို့ကတော့ အလုပ်သမားထုရဲ့ တိုက်ပွဲကြီးကို အားဖြည့်ပေးချင် အားရှိစေချင်တဲ့ စိတ်ပိုင်းဖြတ်မှုမျိုးနဲ့။ တချို့ကတော့ စစ်တပ်ကနေ ဒီသပိတ်မှောက်အလုပ်သမားတွေကို အတင့်ရဲရဲ ဝင်ပြီး အကြမ်းမဖက်ဝံ့အောင် အကြမ်းမဖက် နိုင်အောင် အကာအကွယ်ပေးတဲ့သဘော စောင့်ကြည့်နေတဲ့သဘော သဘောထားအမျိုးမျိုး ခံစားမှုအဖုံဖုံနဲ့ ရပ်ကြည့်နေကြ ပါတယ်။ လူထုပရိသတ်ကြီးဟာ တဖြေးဖြေးများများလာနေတယ်။ သွားတဲ့သူသွား၊ လာတဲ့သူလာနဲ့ လမ်းဟာ ပလက်ဖေါင်း ဘေး နှစ်ဖက်နှစ်ချက်မှာတော့ ပွင့်နေသေးတယ်။ အလျဉ်မပျက် စီးမျော လှုပ်ရှားနေပါတယ်။ အဲဒါကို စစ်တပ်က ဘယ်လို မြင်မိပြီး ဘယ်လိုသဘောပေါက်လိုက်တယ် မသိပါဘူး။ ဘာဒါဖက်က အပေါက်ကို သွားလို့ လာလို့ ဖြတ်သန်းလို့မရအောင် ပိတ်ပစ်လိုက်ပါတယ်။ အဲဒီတော့ အတွင်းပိုင်းက လူအုပ်ကြီးဟာ ရှိပြီးသားအတိုင်း၊ ကျောက်ချထားသလို အသေဖြစ်သွားရ ပါတော့တယ်။

ဘာဒါ မှတ်တိုင်အနားက တန်းစီးရပ်ထားတဲ့ စစ်ကားတန်းကြီးရဲ့အဆုံး၊ ဝါးနှစ်ရိုက်သာသာလောက်မှာ လှိုင်ရဲစခန်း ရှိပါ တယ်။ လမ်းမကြီးရဲ့ တဖက်ခြမ်းမှာတော့ စက်မှုရိပ်သာ နှစ်ထပ်တိုက်အဆောက်အဦးတွေ တန်းစီပြီး တည်ရှိနေပါတယ်။ အချိန်က တဖြေးဖြေးနဲ့ ညနေ သုံးနာရီကျော်လောက် ရှိလာပြီ။ ကြွေးကြော်သံတွေက ညံနေဆဲ။

အဲဒီအချိန်မှာ စကားပြောစက်ကို လက်ကမချတမ်းကိုင်ပြီး စကားပြောနေတဲ့ စစ်ဗိုလ်က ဘယ်ကနေ ဘာအမိန့်ရ လိုက်သလဲ မသိပါဘူး။ တစုံတရာ လှမ်းပြောလိုက်တယ်။ မျက်ရည်ယိုဗုံးကိုင် စစ်သားတွေက မျက်ရည်ယိုဗုံးဝါဝါတွေကို ခါးကဖြုတ်ပြီး လက်ထဲကိုင်လိုက်ကြတာ သတိပြုလိုက်မိတယ်။ လူထုထဲမှာလဲ လှုပ်ကနဲ ဖြစ်သွားတယ်။ အဲဒီအချိန်မှာ လှိုင်ရဲစခန်းထဲက အဓိကရုဏ်းနှိမ်နင်းရေးပုလိပ်တွေဟာ လက်တဖက်မှာ ဒိုင်းခြင်းကြား၊ လက်တဖက်မှာတုတ်တွေကို ကိုယ်စီကိုင်ပြီး ထွက် လာတာ ခပ်ပျပျ မြင်လိုက်ရပါတယ်။ ပြီးတော့ အဲဒီဖက်ခြမ်းက နီးရာလူတွေကို လူအုပ်ကြီးထဲကနေ ဖြတ်သန်းရင်း ဘယ်ညာ ရိုက်ပါတော့တယ်။ အဲဒီတော့ လူတွေဟာလဲ ရှောင်ကြတိမ်းကြ ပြန်ခုခံကာကွယ်ကြနဲ့ ဝုန်းကနဲ ရုန်းရင်းဆန်ခတ် ဖြစ်သွား ပါတယ်။

ရှေ့ဆုံးစစ်သားတွေဖက်က မျက်ရည်ယိုဗုံး နှစ်လုံး၊ လူအုပ်ကြီးဘက် ပြေးဝင်လာပါတယ်။ တရှူးရှူး မီးခိုးတွေနဲ့ မျက်ရည် ယိုဗုံးငွေ့ကြားမှာ လူထုပရိသတ်ကြီးဟာ ပလက်ဖေါင်းပေါ်ကနေ ပေတရာလမ်းမပေါ် ပြိုကျလာပါတယ်။ အဲဒီအချိန်မှာ သေ နတ်သံ နှစ်ချက် ထွက်လာတယ်။

‘ ပစ် ပြီ ဟေ့ ’ ဆိုတဲ့အသံ -

‘ ကျည် မပါဘူး ’ ဆိုတဲ့ အသံ -

နောက်တော့ တဒိုင်းဒိုင်းအသံတွေကြားမှာ …

‘ ဟ…ကျည် ပါတယ် ဟ... ရှေ့မှာ ထိသွားပြီ ...သွေးတွေနဲ့ မတွေ့ဘူးလား...’ ဆိုတဲ့အသံ

တွေနဲ့အတူ၊ စစ်တပ်ရဲ့ လူထုကြီးဆီကို ပေတရာလမ်းမတလျောက် တည့်တည့်ပစ်ခတ်နေသံတွေကြားမှာ ကျနော်လဲ ပလက် ဖေါင်းဘေး ခုန်ချဝပ်မှောက်လိုက်ရပါတယ်။ ဝပ်ရင်း မော့်ကြည့်လိုက်မိတော့ သွေးတွေနဲ့ ထိမှန်ထားတဲ့ လူတယောက်ကို လူ သုံးလေးယောက်က အတင်းဝင်ဆွဲနေတာ မြင်လိုက်ရတယ်။ မကြာခင်မှာပဲ မျက်ရည်ယိုဗုံးက မီးခိုးငွေ့တွေ ဟပ်မိပြီး၊ မျက် ရည်တွေ တွေတွေ တွေတွေ ထွက်ကျလာလို့ ခပ်ဝါးဝါးဖြစ်လာရာကနေ၊ စက်မှုရိပ်သာတွေဖက်ဆီ ဆုတ်ပြေးသွားရတဲ့ လူ အုပ် ကြီးကြားထဲ ကျနော်လဲ ပါသွားရတော့တယ်။

အုတ်ကျင်းဖက်ခြမ်း ပလက်ဖေါင်းပေါ်က လူအုပ်ကြီးကလဲ၊ လမ်းဘေးရှိ ဆောက်လက်စတိုက်တခုက ပုံထားတဲ့ အုတ်နီခဲ တွေနဲ့ စစ်သားတွေဆီ ပြန်ပစ်ရင်း တရုန်းရုန်းဖြစ်သွားတယ်။ ချက်ချင်းဆိုသလိုပဲ၊ စစ်တပ်ရဲ့ လမ်းမတည့်တည့်တလျောက် ပစ်နေတဲ့ ကျည်ဆံတွေဟာလဲ လေးဘက်လေးတန်ဆီကို အဆက်မပြတ် လှမ်းပစ်တော့တာပါပဲ။ ရက်ရက်စက်စက်ကို လူ အုပ်ကြီးတွေဆီ လှမ်းပစ်တော့တာပါပဲ။ ဒါကြောင့် လမ်းဘေးက အိမ်ပေါ်က ကြည့်နေကြသူတွေဆီကိုပါ ဝင်မှန်ပါတယ်။ စက်မှုရိပ်သာ တိုက်တန်းတွေဖက်ဆီ အပြေးဆုတ်လာရတဲ့ ကျနော်တို့လူအုပ်ကြီးရဲ့ ခေါင်းတွေပေါ်မှာလဲ ကျည်ဆံတွေ တဝီ ဝီ ဖြတ်လာပါတယ်။

မျက်ရည်ယိုဗုံးဒဏ်ကြောင့် မျက်လုံးတွေ နီ၊ မျက်ရည်တွေ ကျ ၊ စပ်ပူ စပ်လောင်ခံစားကြရရင်း၊ စက်မှုရိပ်သာက တိုက်ခန်း တွေထဲ ပြေးဝင်လာရပါတယ်။ ‘ရေပေးပါ … ရေလေး ပေးကြပါ ခင်ဗျာ...’ လို့ တောင်းသံတွေနဲ့အတူ၊ စေတနာကြီးလှတဲ့ အိမ်ခန်းရှင်တွေက ရေအိုးတွေ ချပေးလို့၊ ကိုယ့်ပုဆိုး ကိုယ်ဆုတ်ဖြဲပြီး၊ အဝတ်စကို ရေထဲနှစ်၊ မျက်နှာ အုပ်သူ အုပ်ကြရ ၊ အိမ်ရှင်တွေက ချပေးတဲ့ မျက်နှာသုတ်ပုဝါ လက်ကိုင်ပုဝါအစတွေ ရေဆွတ်ပြီး မျက်နှာသုတ်ကြ မျက်နှာသစ်ကြနဲ့ တရုန်းရုန်း ဖြစ်သွားရပါတယ်။ ကျနော်လဲ ပုဆိုးစုတ်စ ရေနှစ်ပြီး မျက်နှာကို ခဏခဏသုတ်ပေးနေရတယ်။

ဒီနားမှာဆက်နေရင် ဒီဘက်တွေအထိ ဆက်တက်လာပြီးရှင်းရင်၊ အဖမ်းခံကြရနိုင်တာကြောင့် ခပ်သုတ်သုတ်ဆက်ထွက် လာခဲ့ကြတော့၊ ဒဏ်ရာရသူ နှစ်ဦးကို မနိုင့်တနိုင် ပွေ့ယူလာကြတဲ့လူအုပ်တအုပ်နဲ့ ကင်ပွန်းခြံ ကင်ပွန်းခြုံတွေ ကြား သွား တိုးပါတယ်။ ကျနော်တို့ပါ ဝိုင်းကူပြီးသယ်ပေးခဲ့ရပါတယ်။ တယောက်က ဒူးကို ထိမှန်ထားပြီး ခြေထောက်ကြီးဟာ လည် ထွက်နေပါတယ်။ သွေးတွေကလဲ ဒလဟော ထွက်လို့။ တယောက်က ပေါင်ရင်းမှာ မှန်ထားတာပါ။

သမိုင်းကောလိပ်ဖက်ဆီ ဆက်ထွက်လာခဲ့ကြပြီး ဒဏ်ရာရထားသူ နှစ်ဦးကို လမ်းဘေးမှာ ခဏချထားရင်း၊ အဲဒီတုန်းက ဘယ်ကထွက်လာမှန်းမသိရတဲ့ ပလကအလုပ်သမားကားကြီးတစီးကို လူအုပ်နဲ့ လက်ပြတားလိုက်ကြပြီး နီးရာ ဆေးရုံ ဆေးခန်းတခုခုကို ပို့ပေးပါလို့ အကူအညီတောင်းကာ ဝိုင်းပြီးတင်ပေးလိုက်ကြပါတယ်။ တဦးကတော့ ဒဏ်ရာရသူရဲ့ ညီ တော်လို့၊ သူလိုက်သွားမယ်ဆိုပြီး ဒဏ်ရာရထားသူနဲ့အတူလိုက်သွားမှ ကျနော်တို့လဲ ရပ်ကွက်ထဲ ဟိုကွေ့ သည်ရှောင် ဝင်ရင်း လူစုခွဲပြီး ပြန်လာခဲ့ရပါတယ်။

အဲဒီအချိန်မှာပဲ ...

‘ ပုံ - သိန်းအောင်၊ ရန်ကုန်တိုင်းပြည်သူ့ကောင်စီ ’ ဆိုတဲ့ နာမည်နဲ့ ထုတ်ပြန်လိုက်တဲ့ ပုဒ်မ ၁၄၄ အမိန့်ကျေညာချက် အသံဟာလဲ နေရာအနှံ့ကနေ ထွက်ပေါ်လာနေပါတယ်။ မြန်မာ့အသံကနေ တဆင့်၊ ကားတွေပေါ်ကနေ တဆင့် လှည့်လည် အော်ဟစ်ကျေညာနေသံဟာ သပိတ်မှောက်အလုပ်သမားထုရဲ့ ကြွေးကြော်သံတွေအကြားမှာ ပျာလောင်ခတ်မျှ ထွက်ပေါ် လာနေခဲ့ပါတယ်။

မရှေးမနှောင်းမှာပဲ ...

‘ပုံ - အေးကို ၊ တိုင်းမှူး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ’ဆိုတဲ့ ကျေညာသံလဲ ထွက်ပေါ်လာပြန်ပါတယ်။ စစ်မာန် စစ်သံ တင်းတင်းနဲ့ ကျေညာလိုက်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အသံဟာ စစ်ကားတွေပေါ်က တဆင့်၊ ပြည်သူလူထုကြီးကို အပေါ် စီးကနေ ချိမ်းခြောက်နေသလို ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ် ဦးစိန်ဝင်းရဲ့ နိုင်ငံတော်မှာ ဆန်အလုံအလောက်ရှိတဲ့အကြောင်း၊ ဆန်ပြဿနာ တစုံ တရာမရှိနိုင်တဲ့အကြောင်း ရှင်းလင်းပြေဆိုသံဟာ မြန်မာ့အသံကနေ ဆက်တိုက်လိုလို ထွက်ပေါ်လာနေခဲ့ပါတယ်။

ညဖက်ရောက်တော့ သမိုင်းချည်စက်ရှေ့ဒီပစ်ခတ်မှုကြီးကြောင့် သွေးမြေကျရတာမှာ သေကြေထိခိုက် ဒဏ်ရာရကြရသူ တွေ မနည်းလှကြောင်း၊ ဟိုက သည်က ထပ်ပြီး ကြားရပါတယ်။ ကျနော့်ရှေ့မှာတင် မြင်လိုက်ရတာက လေးယောက်တိတိ။ ကျနော်ကိုယ်တိုင် မမြင်လိုက်ရတဲ့ဘက်မှာက ဘယ်နှစ်ယောက် ရှိလေမလဲ မသိပါ။ ဒါ..ဇွန်လ(၆)ရက် သမိုင်းချည်စက်ရှေ့က ကျနော့်ကိုယ်တွေ့ မျက်မြင်အဖြစ်အပျက်တကွက်ပါ ။ ဒီ သမိုင်းချည်စက်ရှေ့က သွေးမြေကျခဲ့ရမှု အဖြစ်အပျက်ကြီးဟာ ‘၇၄ - ဇွန်(၆)အလုပ်သမားအရေးတော်ပုံကြီး’ ရဲ့ ဘယ်တော့မှ ဖျောက်ဖျက်ပစ်လို့မရနိုင်မယ့် ကနဦးအဖွင့်နိဒါန်းသဖွယ်လဲ ဖြစ် ခဲ့ပါတယ်။

ဇွန်လ (၆) ရက်အကျော် (ရ) ရက်နေ့အကူးမှာလဲ သမိုင်းချည်စက်ရှေ့က ပထမဆုံးသွေးမြေကျခဲ့ရရာ နေရာအနီးမှာပဲ နောက်ထပ် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိပ်ကွပ်တာ ခံခဲ့ကြရပြန်ပြီး၊ ဆင်မလိုက်သင်္ဘောကျင်းသပိတ်ကိုလဲ အတင်း ဝင်ရောက်ပစ်ခတ်ဖြိုခွဲပစ်လို့ သေဆုံးရတဲ့ အလုပ်သမားတွေ ရှိခဲ့ရပါတယ်။ စစ်တပ်နဲ့ဝင်ပြီး အတင်းဖမ်းဆီးခံ ကြရတာတွေ ကတော့၊ ဆန္ဒပြတဲ့ စက်ရုံအလုပ်ရုံတိုင်းလိုလိုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အင်းစိန်မီးရထားစက်ခေါင်းရုံ၊ အုတ်ကျင်းဂုံနီ စက်ရုံ၊ ဆင်မလိုက်သင်္ဘောကျင်း၊ ဘီပီအိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံနဲ့ သမိုင်းချည်စက်တို့က အလုပ်သမားတွေ အများ ဆုံးဖြစ်ခဲ့ပါတယ်။ အုတ်ကျင်းဂုံနီစက်ရုံက အဖမ်းအဆီးခံကြရသူတွေထဲမှာ ကျနော့်မိတ်ဆွေ စာရေးဆရာ ဖိုးကျော့ တို့လဲ ပါခဲ့ ပါတယ်။

ပြည်သူလူထုကြီးရဲ့ (၉ဝ ဒဿမ ၁၉)ရာခိုင်နှုန်းကျော်က တခဲနက်ထောက်ခံဆန္ဒပြုထားကြတဲ့ ‘၁၉၇၄- ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ’ ဆိုတာကြီးကို လူထုကြီးတရပ်လုံးရဲ့ အကျိုးပွားအတွက် အောင်မြင်စွာအကောင်အထည်ဖေါ် အတည်ပြု ပြဌာန်း နိုင်ပြီးပြီလို့ မိုးတလုံးလေတလုံးလိမ်ညာကြွေးကြော်ဟစ်အော်ပြသနေဆဲ ကာလမှာပဲ၊ အသံတောင် မစဲသေးမီမှာပဲ၊ မဆလစစ်အစိုးရဟာ ဆန်တောင်းတဲ့အလုပ်သမားတွေကို ကျည်ဆံတွေပဲပေးပြီး၊ သူတို့ရဲ့ စစ်အာဏာရှင် ဘီလူးသရုပ်ကို အစွယ် တပြူးပြူးနဲ့ ပြသခဲ့ပါတယ်။ နောက်ပိုင်းမှာမှ ကာလတခု ခြားပြီး၊ စက်ရုံ အလုပ်ရုံ ဝန်ထမ်းတိုင်းကို တလလျှင် လူတကိုယ် ဆန်(၅)ပြီ နှုန်း ထုတ်ပေးခဲ့ပါတယ်။ ဒါဟာ ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲကြီးရဲ့ အကျိုးဆက်တခုလို့ပဲ ပြောရမှာပါ။ နောက်ပိုင်းတော့ ‘အလုပ်သမားကောင်စီ’ ဆိုတဲ့ နာမည်အစား၊ ‘အလုပ်သမားအစည်းအရုံး’ လို့ နာမည်အသစ်ပြောင်းပြီး သဏ္ဍာန်အရ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းပေးတာတွေ လုပ်ခဲ့ရပါတယ်။

ဂုဏ်ရောင်ပြောင်တဲ့၊ သမိုင်းစာမျက်နှာပေါ်မှာ မှတ်တမ်းတင်ထားရမယ့် ဒီ ‘ ဇွန် ၆၊ အလုပ်သမားအရေးတော်ပုံကြီး’ ဟာ ဗမာပြည်အလုပ်သမားလှုပ်ရှားမှု သမိုင်းမှာသာမက၊ ဗမာပြည်စစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းမှာရော၊ ဗမာပြည်နိုင်ငံရေး လှုပ်ရှားမှုသမိုင်းမှာပါ ထာဝရ မော်ကွန်းထူထားခဲ့ရပါပြီ။

အလုပ်သမားထုရဲ့ ၈ုဏ်ရောင်ပြောင်တဲ့ တိုက်ပွဲဝင်စိတ်ဓါတ် - ထာဝရ ဂုဏ်ရောင် ပြောင်ပါစေ ...

ဇွန်(၆)စိတ်ဓါတ် အဓွန့်ရှည်ပါစေ ...

( ဝင်းတင့်ထွန်း )
ဇွန်လ၊ ၁၉၉၉


မှတ်ချက်။ ။ ဇွန် (၆) အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်၊ ၁၉၉၉ ခုနှစ်က ရေးသားခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အခု ပြန်လည်ရှာဖွေကူးယူရိုက်နှိပ်ပေးလိုက်ရတာ ဖြစ်ပါတယ်။
http://naytthit.com

အပြည့်အစုံသို့...

Wednesday, 27 May 2009

‘ သံတိုင်ကြားက လရောင် ဆီ ... ’

( ဝင်းတင့်ထွန်း )


ထောင်နန်းစံ ရ အောင်
ထောင်ဖမ်းကာ အမှု အလီလီဆင် လို့
အာဏာရှင် ထင်ရာစိုင်းပုံ က
ရာဇဝင် စာတင်အောင် ရိုင်းပြီ မို့
အတိုင်းတိုင်း အနယ်နယ်မှာ
ကိုင်း - ကြားလို့မှ မဖွယ်မရာ ...၊၊

အောင်ဆန်းစုကြည် - ဆိုတာ
အောင်လမ်း ရှု့ချီ ရာ လတမင်း ပေမို့
လမင်းကို တိမ်အို ဖုံး သော်လဲ
တိမ်ဖုံးပေမဲ့ သာ မြဲ သာ ... ၊၊

နအဖ ဆိုတာ ကလိမ်ယုတ်တွေ မို့
တိမ်ပုပ် ကနေ မှောင်မဲရင်းသာပါ့
အိမ်ချုပ် ကနေ ထောင်ထဲသွင်းပါ လို့
လမင်းကို ထောင်ဒဏ်ချ ပေမဲ့
သံတိုင်ကြားက လရောင်ဟာ
အုတ်ရိုးကြားက လရောင်ဟာ
တဖြာဖြာနဲ့ ဝင်းပရင်း ...
ကမ္ဘာကပါ မြင်ရ ရင်း ... ၊၊

ကြယ်နီ တို့ -
ကြယ်ဝါ တို့ -
ကြယ်ဖြူ တို့ -
ကြယ်စင်တို့ ရေ ...
အမှောင်တွေကို တကယ်မုန်းရင် ဖြင့် -
စုရုံးကာ ပိုင်ရာအလင်းတွေ နဲ့
လမင်းအနား အတူယှဉ် လို့
ဒီ ကောင်းကင် ကြည်စင်သစ်ရ အောင်
တိမ်ညစ် တိမ်မှောင် တိမ်လွှာပုပ် တို့ကို
တောထုတ် ဖြို ခွင်း ...
( ကိုင်း - ) ပြ ကြ အလင်း ... ၊၊ ၊၊

( ဝင်းတင့်ထွန်း )
၂၇ - ၅ - ၂ဝဝ၉


(မတရားသဖြင့် အမှုဆင် ရုံးတင် တရားစွဲဆိုခြင်း ခံနေရတဲ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..သို့ )
http://www.naytthit.com ... မှ

အပြည့်အစုံသို့...

Saturday, 23 May 2009

ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထားပြီးနောက် ငယ်ထိပ်မြွေပေါက်သလိုဖြစ်နေတဲ့နအဖ

ဓါတ်ပုံ...ဒေါက်တာလွဏ်းဆွေ မှ...


(ရဲဘော်ဖိုးသံချောင်း)
နအဖအဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုဖမ်းဆီးရုံးတင်ဖို့ အခွင့်အရေးရသွားတာ - ဒါမှမဟုတ် သူတို့ရဲ့လုပ်ကြံမှုအောင်မြင် သွားတာဟာ နအဖအဖို့နိုင်ငံရေးအရ လက်ဦးမှုရသွားတယ်လို့ ယူဆစရာရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ဆက်ဖြစ်လာတာတွေနဲ့ ဖြစ်လာနိုင်တာတွေကို ပြန်တွေးလိုက်တော့ ဒါဟာနအဖအဖို့ ကံကောင်းတာလား၊ ကံဆိုးတာလားစဉ်းစားစရာ ဖြစ်နေပါ တယ်။

စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနဲ့အဆက်ဖြတ်ရေးဟာ သူ့တသက်ကိုယ့်တသက်လုပ်ရမယ့်ကိစ္စလို့ သတ် မှတ်ထားကြဟန် တူပါတယ်။ ဒါကြောင့် နေအိမ်ချုပ်သက်တမ်းစေ့တဲ့အခါမှာ အခု ဒီဖောက်ထွင်းမှုမှာ အိမ်ရှင်ကို စွဲချက်တင်၊ ထောင်ချဖို့ လုပ်ကြံတော့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့တွက်ထားတာတွေထဲမှာ မပါတာတွေ ဆက်တိုက်ဖြစ်လာနေလို့ ဗိုလ်သန်းရွှေတယောက် ထိုင်နေအကောင်းသားလို့ ဆိုရမလိုဖြစ်နေပါပြီ။

အိမ်ဖြူတော်မှာ အိုဘားမားတက်လာတဲ့နောက် နအဖအစိုးရဟာ သူတို့ဖောက်ချင်နေတဲ့ ရွှေလမ်းငွေလမ်းတော့ဖြင့် ပေါက် တော့မယ်လို့ မျှော်လင့်ထင်စားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဒေါ်အောင်ဆန်းစုကြည့်ကို ရုံးတင်တဲ့ ဒီကိစ္စတခုတည်းနဲ့ပဲ စစ်ဗိုလ်ချုပ်တွေဟာ “ဆုချတာခံရမလား ထင်လို့ဝင်သွားတာ၊ ထိပ်ချတာခံလိုက်ရတယ်” ဆိုတာမျိုး ဖြစ်သွားပါတယ်။ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း နအဖကို ကလေးငေါက်သလို အပြစ်တင်တာခံလိုက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီကတောင် ဒီကိစ္စအတွက် စိတ်ပူတဲ့အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံရဲ့ကိစ္စကိုပြောခဲလှတဲ့ တရုတ် တို့၊ အာစီယံတို့ကတောင် “ပညာပေး” တာခံနေရပါပြီ။ နောက်ပြီး ဂျပန်လိုနိုင်ငံကိုရှင်းပြရ၊ ထိုင်းနဲ့ကတောက်ကဆဖြစ်ရ၊ ဒါ့အပြင် အီးယူကဘာများ ပြောလာဦးမလဲ၊ တခြားနိုင်ငံတွေကဘာတွေ ပြောဦးမလဲဆိုပြီး ထမင်းလုံး တစ္ဆေခြောက်တာ ညတိုင်း ခံနေရပါတယ်။ သေချာတာကတော့ သံခင်းတမန်ခင်းအရ၊ နိုင်ငံတကာဆက်ဆံရေးအရ နအဖအဖို့ အကြီးအကျယ် နစ်နာရတဲ့ ဘယ်သူမပြုမိမိမှု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည့်ကိုရုံးတင်လိုက်တာဟာ နအဖဗိုလ်ချုပ်တွေအတွက် ဝမ်းသာစရာလား၊ စိတ်ညစ်စရာလား ဆိုတာကို သိချင်ရင် ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ လုံခြုံရေးတွေအပြည့် ယူ နေရတာကိုကြည့်ရင် သိနိုင်ပါတယ်။ ပဒူအုံကို တုတ်နဲ့ထိုးမိသလို ဖြစ်ဖို့များနေပါပြီ။ တကယ်လို့ သာ ဒီကိစ္စကြောင့်လူထုအုံကြွလာတယ်ဆိုရင် ဘယ်သူကသွေးထိုးပေးလို့၊ ပြည်ပက မြှောက်ပေး လို့ စသဖြင့် ပြောလို့မရတာ သေချာနေပါပြီ။ ဗမာပြည်မှဖြစ်ခဲ့တဲ့ အရေးကိစ္စတွေ မှန်သမျှဟာ အုပ်စိုးသူများဖက်က မတော်မတရားလုပ်တဲ့အတွက် ပေါ်ထွက်လာတာတွေ ချည်းဖြစ်ပါတယ်။ ဒါဟာတရားပါ။ စားဝတ်နေရေးနဲ့လုံးချာလိုက်နေတဲ့ ပြည်သူလူထုဟာ အလကားနေရင်း လမ်း ပေါ် ထွက်ပြီး ကိုယ့်ဒုက္ခကိုယ်မရှာကြပါဘူး။ သံဃာတော်များလည်း အလားတူပါပဲ။ ဒီလို တိုင်း ပြည်အတွက်အရေးပါတဲ့အမှုကြီးတခု၊ နိုင်ငံတကာကလည်း အာရုံစိုက်မယ့် အမှုမျိုးကို ဖန်တီးလိုက်ရတာဟာ တကယ်တော့ နအဖအတွက်ပြောရင်လည်း မရဲပဲကျွဲပြဲစီးရတာပါ။ ဒါကြောင့်မို့ သံတမန်လောကကိုဟန်ပြအနေနဲ့ တရက်ထဲသာ တရားရုံး တက်ခွင့်ပြုခဲ့ပေမဲ့ ကျန်တာအားလုံးကို ထောင်ထဲမှာတံခါးပိတ်စစ်ဆေးနေပါတယ်။ ဒါဟာသူတို့ဖက်က ကျိုးကြောင်း မခိုင်လုံ ကြောင်း၊ မရိုးသားနိုင်ကြောင်း ဝန်ခံတာတမျိုးလို့ ယူဆရင်ရပါတယ်။

အခုတော့ အမှုကို လူအများရှေ့မှောက်မှာ စစ်ဆေးရေး ဆို တဲ့ တောင်းဆိုချက်ဟာ ကျယ်လောင်သထက်ကျယ်လောင် လာနေပါပြီ။ အစိုးရပြတဲ့သက်သေတွေကို စစ်ဆေးပြီးခဲ့ သလောက်အရဆိုရင် ဥပဒေအရ နအဖမုချရှုံးမှာပါ။ သူတို့ ဖက်က သက်သေတွေရဲ့အစစ်ခံချက်တွေဟာ သူတို့အတွက် အထောက်အကူ လုံးဝမပြုပါဘူး။ တကယ်ဆိုရင် တရားခံပြ သက်သေတွေကိုတောင် စစ်နေဖို့ မလိုလောက်အောင် ဖြစ် ပါတယ်။ ဒါပေမဲ့ နအဖဟာ သိုးကိုမဖြစ်ဖြစ်အောင် စားချင် တဲ့ ဝံပုလွေလိုပဲ “နင်မဟုတ် နင့်အဖေပဲ” လို့ ပြောပြီး အပြစ်ပေးဖို့လုံးပမ်းမှာပါပဲ။ ဒါမျိုးကို ထောင်ထဲမှာ တံခါးပိတ် စစ်ဆေးတဲ့ ရုံးမျိုးမှာလုပ်ရတာ ပိုလွယ်ကူပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို အများပြည်သူတက်ရောက် နားထောင်နိုင်တဲ့ တရားရုံးမှာ စစ်ဆေးရေးဟာ တရားမျှတမှုအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်တရားခွင်ကို လူထုမျက်မှောက်ရောက်အောင် တောင်းဆိုကြရပါမယ်။ ဒါဟာ တရားမျှတ၊ ကျိုးကြောင်းဆီလျော်တဲ့အပြင် လူတိုင်းသဘော တူနိုင်တဲ့ တောင်းဆိုချက် ဖြစ်တဲ့အတွက် လတ်တလောလှုပ်ရှားမှုမှာ ထိပ်တန်းတင်ရမယ့် တောင်းဆိုချက်၊ ကြွေးကြော်သံ ဖြစ်ပါတယ်။

ဒီတခါ ဒေါ်အောင်ဆန်းစုကြည့်ကို ရုံးတင်တဲ့ကိစ္စဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကိုဝင်ဖို့ ပြင်နေတဲ့လူတွေအတွက်တော့ အတော် လေး အကြပ်ရိုက်သွားမှာ ဖြစ်ပါတယ်။ နအဖလုပ်လိုက်တာက သူတို့ကို ယမ်းချေးပန်းတယ်လို့ ပြောနိုင်ပါတယ်။ တကယ်လို့ သာ သူတို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့သဘောထားပေးဖို့ မေးမြန်းတောင်းဆိုလာရင် သူတို့ဟာ အတတ်နိုင်ဆုံး ခေါင်းရှောင် ချင်ကြမှာပါ။ နအဖအလိုကို လိုက်ပြောရင် မဲရမှာကိုထိခိုက်မယ်၊ နအဖကိုဆန့်ကျင်ရင် ရွေးကောက်ပွဲဝင်ခွင့်တောင်မှ ရချင်မှ ရမယ်။ ဒါကြောင့် ဒီကိစ္စမှာ တတိယအင်အားဆိုသူ တော်တော်များများက ပြောဖို့ခေါင်းရှောင်နေကြပါတယ်။ ဒါဟာ ၂ဝ၁ဝ ရွေးကောက်ပွဲနောက်ပိုင်း ဒီမိုကရေစီအတွက် လေ့ကျင့်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သူတို့နဲ့ပြောင်းပြန်၊ ပြည်သူလူထုကတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ ကိုယ့်ခံစားချက်၊ ကိုယ့်အမြင်တွေကို ရဲရဲတင်းတင်းပဲ ဒေါသနဲ့ ပြောနေကြပါတယ်။ သည်းမခံနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်တွေဖော်ပြနေကြပါတယ်။ ဒီလိုအခြေအနေမှာ အချိန်မရွေး ပေါက် ကွဲထွက်နိုင်တယ်ဆိုတာကို ဗမာပြည်အရေးနားလည်သူတိုင်း တွေးမိကြမှာပါ။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ဆင်ပြီးတင်တာ ဟုတ်မဟုတ်ဆိုတဲ့မေးခွန်းမျိုးကို ဘယ်သူကမှ အချိန်ကုန်ခံ ဆွေးနွေးမနေကြတော့ပါဘူး။ ဘာကို-ဘယ်လို လုပ်ရင် ကောင်းမလဲဆိုတာကိုပဲ ဆွေးနွေးကြမှာပါ။ ပြည်တွင်း၊ ပြည်ပ၊ သံဃာ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ စာရေးစာချီဝန်ထမ်း၊ ပညာရှင်၊ ကုန်သည်ပွဲစား၊ စစ်ဗိုလ်စစ်သား၊ အိမ်ရှင်မ၊ မပြောပဲဘယ်သူမှ မနေပါ ဘူး။

ဒီအခြေအနေကို နအဖအစိုးရလည်း မသိတာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့အတွက် အနည်းဆုံးရွေးကောက်ပွဲ ပြင်ဆင်တဲ့ ကာလနဲ့ ကျင်းပတဲ့ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုထဲမှာ မလှုပ်ရှားနိုင်အောင်လုပ်ထားဖို့က ပိုအရေးကြီးနေပါ တယ်။ ဒါကြောင့်မို့ သူတိုဖက်က ကြည့်ရင်လည်းသေမြေကြီး-ရှင်ရွှေထီး လုပ်လိုက်ရတာပါ။ သူတို့က အမှုကိုအမြန်ပြီးပြတ် အောင် တက်သုတ်ရိုက်စစ်နေတာ၊ ကမျောသုံးပါးစွဲချက်တင်တာတို့ကို ထောက်ကြည့်ရင် နအဖစစ်ဗိုလ်တွေ ဘယ်လောက် ခြောက်ခြား နေတယ်ဆိုတာ အတိုင်းသားတွေ့မြင်နိုင်ပါတယ်။

(ရဲဘော်ဖိုးသံချောင်း)
http://naytthit.com မှ ..

အပြည့်အစုံသို့...

" ဖိနပ်အသစ်နဲ့ စပျစ်သီးချဉ်များ "




လမ်း ... ကြည့်စမ်းပ
လရောင်မဲ့လျှ ကြယ်စပျပျမှုန်ရီထဲ
အေးခဲလွန် ပူပြင်းလွန်
မိုးမည်းသွန်ကြဲ မုန်တိုင်းမစဲ
တိုးရှဲလျှောက်လှမ်းနေဆဲမှာပင်။

စပျစ်သီးကိုချဉ်ပစ်လိုက်ချင်သူတွေက
ပဲဝက်ပညာစွယ်ရောင်ပြ
“ ခက်ပ ...
ဒီဟာလည်း လမ်းပါပဲ
ငါးမရလည်း ရေချိုးလိုက်ကြရုံသာ ” တဲ့။



ခြေဖနောင့်တို့ကို တိုအောင်ဖြတ်
ဖိနပ်သစ် ကိုစီးချင်ကြသူများ
ဈေးကွက်ကြားမှာ ခြေချင်းထပ်
ပွဲခစပ်နေကြပုံများ။

ခြုံထွင်တတ်သူ မုဆိုးကတော့
ယုန်ကောင်ရေကိုခွဲတမ်းချ
ပွဲတော်ည ကိုစိတ်ကူးရင်း
သီချုင်းတပုဒ်ကို ဆိုငြီးလို့။

ဝင်စို့ထွက်စို့ အညှို့မခံသူတို့သာ
ကန္တာရ ခရီးလမ်းအဆုံး
ရွာပုန်းလေး တရွာလောက်များ
မှုန်ဝါးဝါးတွေးဆ
ညတာရှည်နေကြဆဲကာလ။ ။

(စိုးနေလင်း)

http://www.naytthit.com ... မှ...

အပြည့်အစုံသို့...

Wednesday, 20 May 2009

Sunday, 17 May 2009

စစ်အာဏာရှင်အစိုးရဲ့သက်ကယ်ဆေးလား သက်ပျောက်ဆေးလား

(စိုးနေလင်း)
တိုက်ဆိုင်တာကလည်း အတော်လေးတိုက်ဆိုင်တယ်လို့ ဆိုရပါ မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချုပ်နှောင် ထားတဲ့ ဥပဒေပုဒ်မက တရားဝင်ခွင့်ပြုထားတဲ့ ကာလကလည်း ပြည့်လုဆဲဆဲဖြစ်နေပြီဆိုတာ အားလုံးအသိဖြစ်ပါတယ်။ စပြီးဖမ်း ဆီးချုပ်နှောင်ထားတဲ့ အချိန်တုံးကလည်း ဥပဒေနဲ့ညီညွတ်ခဲ့တာ တော့မဟုတ်ပါဘူး။ ဒါပေမယ့် လက်နက်နဲ့အာဏာကိုချုပ်ကိုင်ပြီး ဥပဒေအရလုပ်တာပါလို့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို ဇွတ်လိမ် လည်ထားတဲ့အတွက် အဲဒီသူတို့သုံးထားတဲ့ ဥပဒေဆိုတာအရပဲ တရားဥပဒေကို လေးစားလိုက်နာတတ်ကြတဲ့ ပြည်သူလထုနဲ့ နိုင်ငံတကာက ကန့်ကွက်တောင်းဆိုနေခဲ့ကြ တာလည်း ကာလကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် တနှစ်ပြီးတနှစ်သက်တမ်းတိုးလာခဲ့တာ ခုသက်တမ်းထပ်တိုးဖို့ ဥပဒေအရကိုပဲ လုပ်လို့မရတော့တဲ့အခြေအနေ ရောက်လာခဲ့ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေ ပညာရှင်တွေနဲ့ နိုင်ငံတကာကလည်း ဥပဒေနဲ့အညီ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆို ဖိအားပေးနေခဲ့ပါပြီ။ အဲဒီအချိန်နဲ့ကွက်တိ တိုက်ဆိုင်နေတာတွေ့ရပါတယ်။ ... အပြည့်အစုံသို့

အပြည့်အစုံသို့...

Thursday, 14 May 2009

သခင်ကိုယ်တော်မှိုင်းနဲ့တိုင်းရင်းသားအရေး


(ဂါမဏိ)
ရခိုင်တိုင်း ရင်းသားတွေ အကြီးအကျယ်ကြိုဆို ထောက်ခံတဲ့ ဗမာခေါင်းဆောင်ဆိုတာ သခင်ကိုယ်တော်မှိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်ဘဲရှိမယ်ထင်ပါတယ်။ ဗမာအမျိုးသမီးတွေတင်မက တိုင်းရင်းသူအမျိုးသမီး တွေကပါ သခင်ကိုယ်တော်မှိုင်းသွားရာလမ်းမှာ ဆံပင်ဖြန့်ခင်းပေးတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ခြင်း အားဖြင့် ပြည်တွင်းကတိုင်းရင်းသားတွေနဲ့ သခင်ကိုယ်တော်မှိုင်း ဆက်ဆံရေးအနေအထားကို အလွယ်တကူသိ နိုင်ပါတယ်။ ... အပြည့်အစုံသို့

အပြည့်အစုံသို့...

၂ဝ၁ဝ၊ အရာရှိငယ်နဲ့ အသိဂလိုဘယ်

(ဂါမဏိ)
၁၉၉ဝ ရွေးကောက်ပွဲ၊ ၁၄ နှစ်ကြာအမျိုးသားညီလာခံနဲ့ ၂ဝဝ၈ ဆန္ဒခံယူပွဲအတွေ့အကြုံတွေ ရထားတဲ့ စစ်အုပ်စုဟာ ၂ဝ၁ဝ ပွဲမှာတော့ အတိုက်အခံတွေ ဘယ်လိုမှနေရာမရအောင် လုပ်ဖို့ စီစဉ်ပြင်ဆင်ထားမှာ မြေကြီးလက်ခတ် မလွဲပါဘဲ။ နောင်မှာ ယောင်းမမြင်းစီးထွက်လို့ ပွဲပျက်နိုင်တဲ့ ရူးကြောင်မူးကြောင်လက်ကိုင်ဒုတ်တွေကိုတောင် နေရာပေး မယ့်အလားအလာ မရှိပါဘူး၊ အချိန်တခု အသုံးချ လူမိုက်မွေး တာလောက်ဘဲလုပ်ပြီး ဘုရားပြီး ငြမ်းဖျက်ခံရမှာ မြင်ယောင် ပါသေးတယ်။ စစ်အုပ်စုဆိုတာ ကိုယ့်လူရင်း ကိုယ့်စက်ရုပ်ကလွဲပြီး တခြား ဘယ်သူ့ကိုမဆို ဦး ၄ စာရင်းထဲထည့်တဲ့ အစွန်းရောက်စစ်အာဏာ မူရင်းစွဲဝါဒီ Military Fundamentalist ဖြစ်ပါတယ်။ သမိုင်းတ လျှောက်မှာ ဗိုလ်လက်ျာ၊ ဗိုလ်တင်ထွဋ်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်စမစ်ဒွန်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်မောင်မောင်၊ ဗိုလ် အောင်ကြီး၊ ဗိုလ်ကြည်မောင်၊ ဗိုလ်စောမြင့်၊ ဗိုလ် တင်ဖေ၊ ဗိုလ်စိန်မြ၊ ဗိုလ်မောင်ရွှေ၊ ဗိုလ်တင်ဦး (ယခု NLD)၊ ဗိုလ်ထွန်းလင်းနဲ့ မဆလအတွင်းရေးမှူးအဖွဲ့၊ ဗိုလ်တင်ဦး (မျက်မှန်)၊ ဗိုလ်စောမောင်၊ ဗိုလ်ထွန်းကြည်-ဗိုလ်ကျော်ဘနဲ့ နဝတတိုင်းမှူး တပ်မှူးဟောင်းအဖွဲ့၊ ဗိုလ်တင်ဦး(တွင်း-၂)၊ ဗိုလ်နေဝင်း နဲ့ မဆလ-တစညတပ်မှူးဟောင်းအဖွဲ့၊ ဗိုလ်ခင်ညွန့် စသဖြင့် အထင်အရှား ရှိပါတယ်။ အခု ၂ဝ၁ဝ အတွက်ပြဿနာက အတိုက်အခံအဖြစ် ပြည်တွင်းပြည်ပက သိထားကြတဲ့ အဲန်အယ်လ်ဒီတွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေ မ ဟုတ်ပါဘူး။ ဒါတွေကို ဗိုလ်သန်းရွှေရဲ့ကိုယ်ပိုင် အထူးသီးသန့် ကြပ်ပြေးမြို့တော် သစ်ကြီးက မဟာလွှတ်တော်သစ်ကြီးမှာ စတိသ ဘောတောင် ခြေချခွင့်မပေးဖို့ အညှိုးတကြီးနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်စီစဉ်ထားပါတယ်။ ဒါပေမဲ့ အခုတော့ ဒီ့ထက်ဆိုးတဲ့ ပြဿနာကို ဗိုလ်သန်းရွှေတယောက် မရှောင်နိုင်မလွှဲနိုင် ရင်ဆိုင်နေရပါပြီ။ ... အပြည့်အစုံသို့

အပြည့်အစုံသို့...

Wednesday, 6 May 2009

သမာသတိနဲ့ သတ္တိရှိတဲ့ဆုံးဖြတ်ချက်

(စိုးနေလင်း)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စဉ်းစားဆုံးဖြတ်ရတဲ့ ကိစ္စကတော့ အရေးအကြီးဆုံး ဆုံးဖြတ်ရတဲ့ ကိစ္စပါ။ တရားဝင်ပါတီဖြစ်တဲ့အပြင် ၁၉၉၀ ရွေးကောက်ပွဲမှာ တပါတီထဲအစိုးရဖွဲ့နိုင်လောက်တဲ့ မဲအရေအတွက်ထက် အများ ကြီးပိုရရှိခဲ့တဲ့ ရွေးကောက်ပွဲအနိုင်ရ ပါတီတရပ်အနေနဲ့ ဒီမိုကရေစီရဲ့အခြေခံအကျဆုံးဖြစ်တဲ့ ရွေးကောက်ပွဲကို ၀င်မလား မ၀င်ဘူးလား လို့ဆုံးဖြတ်ရတဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံရေးပါတီတခုအနေနဲ့ ရွေးကောက်ပွဲကို ဖြတ်သန်းရ မှာဟာ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် ... အပြည့်အစုံသို့ new

အပြည့်အစုံသို့...

Saturday, 2 May 2009

Monday, 27 April 2009

အမေရိကန်မြန်မာဆက်ဆံရေးတင်းမာမှု လျော့ကျလာမှုအပေါ် တရုတ်၏စိုးရိမ်မကင်းဖြစ်မှု

http://naytthit.com မှ ကူးယူဖေါ်ပြပါသည်။
(အီးမေးမှရသော ဘာသာပြန်ဆောင်းပါးတပုဒ်ဖြစ်ပါတယ်)

(The Institute of International Studies at Fudan University, Shanghai, China က Asistant professor Jian Junbo ရဲ့ အမေရိကန် - မြန်မာ ဆက်ဆံရေးအပေါ် တရုတ်နိုင်ငံရဲ့ သဘောထားကို သုံးသပ်ထားတဲ့ ဆောင်းပါးကို ပရိတ်သတ် တဦးက ဘာသာ ပြန်ပြီး သူ့ သုံးသပ်ချက်နဲ့အတူ ပေးပို့လာလို့ တင်ပြပေးလိုက်ပါတယ်။ တချို့ နေရာတွေမှာတော့ စာရေးသူရဲ့ ခွင့်ပြုချက်နဲ့ စာဖတ် ရတာ ပိုချောအောင် ပြင်ထားပါတယ်။)

၂၀၀၉ ဧပြီလ အစောပိုင်းက အမေရိကန်၏ အရှေ့တောင် အာရှဆိုင်ရာရုံး ဒါရိုက်တာ Stephen Blake ကို မြန်မာသို့ သံတမန် အဖြစ် စေလွှတ်ခဲ့ရာ အဲဒီလို စေလွှတ်တာဟာ ပြီးခဲ့တဲ့ ခုနှစ်နှစ် အတွင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပါသည်။ ဧပြီလ ထဲမှာပဲ US Deputy Secretary of State James Steinberg က “မြန်မာနိုင်ငံကို အထီးကျန် စေခြင်းကနေ ကင်းလွတ်စေဖို့အတွက် အာရှဒေသတွင်း အခြား နိုင်ငံများ နှင့်အတူ ဘုံဗျူဟာတခု ချမှတ်နိုင်ဖို့ ၀ါရှင်တန်က မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။

အခုလို အခြေအနေ မျိုးနဲ့ ပြောင်းလဲမှု တွေဟာ သမ္မတဘုရှ် အုပ်ချုပ်မှု ကာလတုန်းက ဘယ်တုန်းကမှ မရှိခဲ့ဘူးပါ။ ဘုရှ် လက်ထက်က မြန်မာအပေါ် ဒီမိုကရေစီ ပြောင်းလဲရေးကို ဖိအားပေးမှု နှင့် အပြင်းအထန် ဆန့်ကျင် ရှုံ့ချမှု တို့သာ ရှိခဲ့သည်။

လက်ရှိ အခြေအနေတွေ အရ သမ္မတ အိုဘားမားရဲ့ အစိုးရဟာ အရင် သမ္မတ လက်ထက်က မြန်မာ နှင့် "axis of evil" ဟု ဘုရှ်က ခေါ် ခဲ့သော အီရန်၊ အီရတ် နှင့် မြောက်ကိုရီးယား တို့အပေါ် ထားတဲ့ မူဝါဒနဲ့ လုံးဝ ပြောင်းလဲ ကျင့်သုံးနေသည်။ ။ ဥပမာ အနေနဲ့ - မကြာခင် ကပင် အိမ်ဖြူတော်မှ တီဟီရန် (အီရန်) အပြန်အလှန် ဆွေးနွေးပွဲကို လည်းကောင်း၊ ခိုင်မာတဲ့ အပြန်အလှန် ဆက်သွယ်မှု နှင့်အတူ ပြုံးယမ်း (မြောက်ကိုရီးယား) ၏ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို လည်းကောင်း အာရုံစိုက် လာကြောင်းကို ပြသခဲ့ သကဲ့သို့ ကျူးဘား ကိုလည်း အမေရိကန် ကွန်ဂရက် အဖွဲ့ဝင် (ဥပဒေပြု လွှတ်တော်အမတ်) တဦးကို စေလွှတ်ခဲ့သည်။

အပေါ်ယံအားဖြင့် အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒဟာ ၎င်းအရင် သမ္မတ၏ မူဝါဒကို လျင်မြန်စွာ လုံလုံးလျားလျား ပြောင်းလဲလိုက်ဟန် ရှိပါသည်၊ သို့သော် ဤပြောင်းလဲမှုတွေ အားလုံးဟာ အုပ်ချုပ်မှုနည်းဗျူဟာ ပုံစံအသစ်၏ အစိတ်အပိုင်း တချို့သာ ဖြစ်ပါသည်။ အိုဘား မား လက်ထက်မှာ နိုင်ငံခြားရေး မူဝါဒဟာ ဖြစ်လာမှ တုံ့ပြန်ခြင်းထက် ဖြစ်အောင် အခြေအနေကို ဖန်တီး ယူမှုကို အခြေခံသော ခိုင်မြဲသော နိုင်ငံတကာဆိုင်ရာ တရားမျှတမှု နှင့် သမ္မတဘုရှ် လက်ထက်မှာ လျော့နည်း ဆုတ်ယုတ် လာခဲ့ရသည် ဟု ဟီလာရီ ကလင်တန် (Secretary of State) က ပြောခဲ့သော “soft power or smart power” ကို ပြန်လည်တည်ဆောက်ရေးကို ဦးတည် လာခဲ့သည်။

အိုဘားမားက သမ္မတဘုရှ် လက်ထက်မှာ များစွာအားနည်း လာခဲ့ရတဲ့ တကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်မှု အခန်းကဏ္ဍကို ပိုမိုခိုင်မြဲ တည်တံ့စေဖို့ အတွက် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ ချိန်ခွင်ကို ယခင်နှင့်မတူ တခြား ဦးတည်ချက်ကို ဦးတည်ပြောင်းလဲနေဟန် ရှိပါသည်။ အထူးသဖြင့် ဘုရှ်လက်ထက်က ခေါင်းဆောင်မှု အပိုင်း၏ အဓိက အားနည်းချက်မှာ ၂၀၀၃ ခုနှစ် အီရတ်အပေါ် စစ်ရေးအရ ကျူးကျော်မှုပင် ဖြစ်သည်။ လက်ရှိ လက္ခဏာ နှင့် အခြေအနေ တွေအရ ပြောင်းလဲမှု များသည် ယခင် ဘုရှ် လက်ထက်က ဆုံးရှုံးခဲ့သော ညင်သာ ပျော့ပျောင်းသော လွှမ်းမိုးမှုကို ပြန်လည် ရရှိဖို့ အတွက် ဖြစ်ဟန် ရှိသည်။ အထက်ပါ ပြောင်းလဲမှုများကို ကြည့်ခြင်းအားဖြင့် အိုဘားမား ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အသစ်ဟာ ၁၉၇၀ နှစ်လယ်ပိုင်း ဗီယက်နမ်စစ်ပွဲ ပြီးကတည်းက ဆုံးရှုံးခဲ့သော အမေရိကန်၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုကို ပြန်လည် ရယူနိုင်ဖို့ ဆိုတာကို မြင်သာ နိုင်ပါသည်။

ပထ၀ီနိုင်ငံရေး အရလဲ အိုဘားမား၏ မူဝါဒဆိုင်ရာ ဦးတည်မှုများဟာ အရှေ့တောင်အာရှ ဒေသတွင်း အင်အားညီမျှမှုကို စိန်ခေါ်မှု တရပ် ဖြစ်လေမလားဟု မေးခွန်း ထုတ်စရာလဲ ဖြစ်နိုင်ပါသည်။ ၎င်းအပြင် အမေရိကန်၏ မူဝါဒဆိုင်ရာ ပြောင်းလဲမှုများဟာ အထူးသဖြင့် မြန်မာ၏ အိမ်နီးချင်း အင်အားကြီး နိုင်ငံများ ဖြစ်သည့် တရုတ်နှင့် အိန္ဒိယ ကဲ့သို့ နိုင်ငံများအတွက် အာရုံစိုက်စရာ ဖြစ်နေပါသည်။ တနည်းအားဖြင့်လဲ အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ဟာ ကမ္ဘာမှာ အမေရိကန်၏ ပုံရိပ်ကို ကြီးမြင့်လာစေရုံသာမက ၀ါရှင်တန်က ညီညွတ်အဆင်ပြေစွာနှင့် အောင်မြင်စွာဆောင်ရွက်နိုင်သော ဒေသတွင်းပထ၀ီနိုင်ငံရေး တည်ဆောက်မှု ပုံစံအတွက် ပြောင်းလဲမှုတရပ်လဲ ဖြစ်ပေသည်။

မကြာသေးခင် နှစ်များအတွင်း အမေရိကန်သည် အာဖဂန်နစ္စတန် အကြမ်းဖက် တိုက်ဖျက်ရေး၊ အီရတ်၊ ပါကစ္စတန်နှင့် အချို့နေရာရှိ စစ်ပွဲတို့ဖြင့် အလုပ်များ နေခဲ့သည်။ ၎င်း အခြေအနေများကပင် မြန်မာနိုင်ငံ အပေါ် အမေရိကန်၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ဖော် ဆောင်ရေးနှင့် အစိုးရနှင့် သဘောထား ကွဲလွဲသူများကို လွှတ်ပေးရေး စသော တောင်းဆိုမှု များနှင့်အတူ ရန်လို ဖိနှိပ်ပြီး တွန်းအားပေး လိုသော မူဝါဒမျိုးကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် လက်တွေ့မှာ အမေရိကန် အနေနှင့် ဤ ရန်လို ဖိနှိပ်လိုပြီး တပါတီ အာဏာရှင် စနစ်ကို ဆန့်ကျင်ရေး မူဝါဒများဖြင့် အထီးကျန် နိုင်ငံများကို လက်လျော့ လိုက်လျောစေမှု အပါအ၀င် မည်သည့် အကျိုးအမြတ်ကိုမျှ မရ ရှိခဲ့ပေ။ ဘုရှ် အစိုးရသည် မြန်မာအစိုးရ အပေါ် ဖိနှိပ်အုပ်ချုပ်သော အစိုးရ တရပ်ဟု ယူဆခဲ့ချိန်မှ စ၍ ၀ါရှင်တန်ဟာ မြန်မာနိုင်ငံအပေါ် စီပွားရေး ပူးပေါင်းဆောင်ရွက်မှုပိုင်းတွင် ဖယ်ကျဉ်ထားပြီး၊ စီးပွားရေး ဖွံဖြိုးမှုဆိုင်ရာ အကူအညီ ပေးရေးကိုလည်း ငြင်းပယ်ထားခဲ့ပါ သည်။

ဤကဲ့သို့သော အခြေအနေအရပ်ရပ်ကို တရုတ်က ကောင်းစွာ အသုံးချပြီး နိုင်ငံရေးနှင့် မူဝါဒပိုင်းဆိုင်ရာ ကျောထောက် နောက်ခံအ တွက် အရေးပါသော မြန်မာနှင့် စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို တိုးတက်အောင် ဆောက်ရွက်ခဲ့သည်။ လက်ရှိ အခြေ အနေအရ ဆိုလျှင်လဲ တရုတ် မြန်မာ အပြန်အလှန် မှီတည် ဆက်နွယ် နေမှုသည် နှစ်နိုင်ငံလုံး အကျိုးအတွက် လက်တွေ့ကျကျ အ ကောင်အထည် ပေါ်နေပြီ ဖြစ်သည်။ အပေါ်ယံ အားဖြင့် ကြည့်လျှင်လည်း အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် သြဇာ လွှမ်းမိုးမှုကို ပြန် လည် ရယူနိုင်ရန် ကြိုးစားမှုဟာ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို လျော့နည်းစေနိုင်သော သို့တည်းမဟုတ် အဆုံးသတ် စေနိုင်သော စိန်ခေါ်မှု တရပ်လေလားဟု မေးခွန်းထုတ်စရာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ အရှေ့တောင်အာရှ နိုင်ငံများအပေါ် အင်းအားကြီး နိုင်ငံကြီးများ ၏ ပထ၀ီနိုင်ငံရေး လွှမ်းမိုးမှုကို ရယူရန် ကြိုးစားမှုသည် ဒေသတွင်း နိုင်ငံတွေအတွက်တော့ ကောင်းမွန်သော အချက်မဟုတ်ပါ။ သို့သော် မည်သို့ပင်ဖြစ်စေ တရုတ် အနေနှင့်ကတော့ မြန်မာနှင့် အလွန်ကြီးမားသော စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက် နေပြီ ဖြစ်သည့်အတွက် လက်လျှော့ ဆုတ်ခွါမည့် ဟန်မရှိပါ။ တရုတ်အနေဖြင့် မြန်မာမှ ကုန်ကြမ်း ပစ္စည်းများကို ရယူလိုပြီး အထူးသဖြင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများနှင့် ကုန်သွယ်မှု အတွက် ဆိပ်ကမ်းတခုနှင့် ကြားခံစခန်းတခု ရရှိရန် လိုနေပေသည်။

(စာရေးသူမှတ်ချက်။ ။ တရုတ်က အာဖရိက နှင့် အရှေ့အလယ်ပိုင်းမှ ရေနံနှင့် တွင်းထွက်များကို ရခိုင်ကမ်းရိုးတမ်းမှတဆင့် မြန်မာ ကုန်းတွင်းပိုင်းကို ဖြတ်၍ တရုတ်ပြည်မ အတွင်းသို့ သယ်ယူလိုပြီး ၎င်း လမ်းကြောင်းမှပင် တရုတ် ထွက်ကုန်များကို အဆိုပါ နိုင်ငံများသို့ မြန်မာနိုင်ငံကို ဖြတ်၍ တင်ပို့မည် ဖြစ်သည်။ ယခင် မလေးရှားနှင့် အင်ဒိုနီးရှားကြား မလက်ကာရေလက်ကြားမှဖြတ်ကာ စင်္ကာပူ ဆိပ် ကမ်းမှ ပတ်ပြီး သယ်ယူရေးထက် စီးပွားရေးအရ အလွန်တွက်ခြေကိုက်သော နည်းလမ်း ဖြစ်ပါသည်၊ တနည်းအားဖြင့်လဲ အလွန်လုံခြုံ စိတ်ချရပြီး ပထ၀ီနိုင်ငံရေးကိုလဲ တဘက်တလမ်းက အကျိုးသက်ရောက်နိုင်သည်ဟု တရုတ် အနေနှင့် ယူဆမည်ဟု စာရေးသူ ယုံကြည် မိသည်။ မျက်မှောက်ခေတ်မှာ မြန်မာနိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး အရေးသာမှုဟာ ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးများအပေါ် လွှမ်းမိုးမှု အတော်အ တန်ကြီးမားနေသည်ကို မြန်မာတိုင်း ဂရုထားသင့်သည်ဟုလည်း ယူဆမိသည်။)

အပြင်ပန်းအားဖြင့်လဲ ၀ါရှင်တန်၏ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုကို ပြနေသော မူဝါဒ အသစ်ဖြစ်သော ပထ၀ီနိုင်ငံရေး ယှဉ်ပြိုင်မှုဟာ ဒေသတွင်း အငြင်းပွားမှုများကို ဦးတည် စေနိုင်ပါသည်။ ဒါပေမယ့် ဒီအချက်တွေဟာ ဒေသတွင်း နိုင်ငံတကာ မူဝါဒရေးရာမှာ မုချအမှန် ဖြစ်လိမ့်မည်ဟုလဲ သေချာပေါက် မပြောနိုင်သေးပါ။ နိုင်ငံတကာ မူဝါဒ ရေးရာ၏ အစိတ်အပိုင်း တခုမျှသာ ရှိပါသေးသည်။ မြန်မာနိုင်ငံ အပေါ် ထားရှိလာသော အမေရိကန်၏ မူဝါဒ အသစ်နှင့် ပတ်သက်၍ အကျိုးဆက်များကို စမ်းစစ် မလေ့လာမှီ “အမေရိကန် အနေနှင့် မြန်မာနှင့် မည်သို့မည်ပုံ နားလည်သဘောတူညီမှုကို ရယူမလဲ” ဆိုတဲ့ မေးခွန်းကို အရင် မေးသင့်ပေသည်။

ပထမတနည်းနေနှင့် အမေရိကန်ဟာ မြန်မာ ခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက်အပြန်အလှန် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ချဉ်းကပ်ပြီး၊ မြန်မာ နိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွင်း မူဝါဒရေးဆိုင်ရာ အကူအညီများ၊ စီးပွားရေးဆိုင်ရာ အကူအညီများ နှင့်အတူ ဒီမိုကရေဆီ ပြောင်းလဲရေးကို ကူညီဆောင်ရွက် ပေးခြင်းဖြင့် နည်းလမ်းရှာကောင်း ရှာနိုင်ပေသည်။ ဒါပေမယ့် ဒီ ချဉ်းကပ်နည်းဟာ ဘောင်တခုအ တွင်း ကန့်သတ်ထိန်းချုပ်မှုကို ဦးတည်တာ ဖြစ်သောကြောင့် လက်တွေ့မှာတော့ တကယ်အကောင်အထည် ဖော်ဖို့ဆိုတာ လွယ်တော့ မလွယ်လှပါ။ မြန်မာ အနေနှင့်လည်းပဲ ၎င်း၏ နိုင်ငံရေးမူဝါဒစနစ်ကို ၀ါရှင်တန်မှ ချပေးသော ပုံစံမျိုးဖြင့် ပြုပြင်ပြောင်းလဲမည် မဟုတ် သကဲ့သို့ ၎င်း၏ ပြည်တွင်းရေး ကိစ္စရပ်များကိုလည်းပဲ အမေရိကန်နှင့် ဆွေးနွေးလိမ့်မည် မဟုတ်ပါ။

ဒုတိယ တနည်း အနေနှင့် အမေရိကန်ဟာ မြန်မာ့ အဓိက အတိုက်အခံ ပါတီ ဖြစ်သော NLD ပါတီ၊ ဒါမှမဟုတ် လက်ရှိ စစ်အုပ်ချုပ်ရေး စနစ်ကို ဖြုတ်ချလိုသော အတိုက်အခံ အုပ်စုများနှင့် တွေ့ဆုံ သဘောတူညီမှုများ ရယူကောင်း ယူနိုင်ပေသည်။ ရှင်းရှင်း ပြောရလျှင်တော့ ဤကဲ့သို့သော နည်းလမ်းကို CIA အပါအ၀င်၊ ယခင် ဘုရှ် အစိုးရတို့က ကြိုးစားကျင့်သုံးပြီးဖြစ်ပြီး အကျိုးရလဒ် ထူးထူးခြားခြား ရလာစရာ အကြောင်း မရှိတော့ပေ။ ထို့ကြောင့် ဤနည်းလမ်းသည် ပထမနည်းလမ်းလောက်ပင် ကောင်းမွန်မှု မရှိဘဲ၊ အကျိုးသက်ရောက်မှု မရှိကြောင်း ကိုလဲ ၀န်ခံ သက်သေပြပြီးဖြစ်သည်။

တတိယတနည်းအနေနှင့် အမေရိကန်ဟာ မြန်မာအပေါ် စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် အတူ ငွေရေးကြေးရေး ဆိုင်ရာ အကူအညီများ ပေးပြီး ခေါင်းဆောင်ပိုင်းကို ချဉ်းကပ်ရေးပင် ဖြစ်သည်။ သို့သော် တဖက်ကလည်း အမေရိကန် အနေနှင့်လဲ ဖွံဖြိုးဆဲ နိုင်ငံများနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီပေးရေး ဆိုင်ရာမှာ မရှိမဖြစ်သော ပြဌာန်းချက်နှင့် စည်းကမ်းချက်များကလဲ ရှိနေသေးပေသည်။ မြန်မာ အနေနှင့် ကလည်းပဲ တခြား ရရှိနေသော စီးပွားရေးဆိုင်ရာ အထောက်အကူများ ကလဲ ရရှိ နေပေသေးသည် ဥပမာ အားဖြင့် တရုတ် ထံမှဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာက အခြေအနေအရ ဖြစ်လာသော အမေရိကန်၏ ပြောင်းလဲမှု အကူအညီကို လက်ခံလိမ့်မည် မဟုတ်ပေ။ တဖန် အမေရိကန်အနေနှင့်ကလည်းပဲ မြန်မာအပေါ် နိုင်ငံရေးမပါသော စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမျိုး ဆိုတာကလဲ မဖြစ်နိုင် သကဲ့သို့ ၎င်း၏ မြန်မာနိုင်ငံအပေါ် မူဝါဒရေး ပြောင်းလဲမှု၏ ရည်ရွယ်ချက်နှင့်လဲ ကိုက်ညီမှု မရှိလှပေ။ US Deputy Secretary of State James Steinberg ကလဲပဲ မြန်မာနိုင်ငံအပေါ် အမေရိကန်မူဝါ၏ အဓိက ဦးတည်ချက်က ပြောင်းလဲမည် မဟုတ်ဟု ဖော်ပြခဲ့ပေသည်။ သို့ပေမယ့်လဲ အမေရိကန် အနေနှင့် မြန်မာအပေါ် ပိုမို ပွင့်လင်းမှုနှင့် လူ့အခွင့်အရေးကို လေးစား လိုက်နာပြီး ကမ္ဘာ လုံးဆိုင်ရာ စီးပွားရေးကဏ္ဍမှာ ၎င်းကိုယ်တိုင် ပါဝင် ဆောင်ရွက်မှုကို မျှော်လင့်နေပေသည်။

အမေရိကန်ဟာ မြန်မာနှင့် သဘောတူညီမှုရရန်မှာ ခက်ခဲကြောင်းကို မကြာခင်မှာပဲ သိမြင်လာမှာ ဖြစ်ပါတယ်။ ထို့ကြောင့်ပင် တရုတ် အနေနှင့် အမေရိကန်၏ အရှေ့တောင်အာရှ ဒေသအတွင်းသို့ အမြင်အားဖြင့် လျင်မြန်စွာ ထိုးဖောက်ဝင်ရောက် လာမှုကို စိုးရိမ်မှု မရှိပေ။ ဖြစ်ကောင်း ဖြစ်လာနိုင်ပေမယ့် ပထ၀ီနိုင်ငံရေး ပြိုင်ဆိုင်မှုဟာ ဖြစ်အံ့ဆဲဆဲ အခြေအနေမျိုးတော့ မဟုတ်ပါ။ တရုတ် အနေနှင့် လဲပဲ ၎င်း၏ မဟာဗျူဟာ ပိုင်းဆိုင်ရာ ကိစ္စများအပြင် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ နိုင်ငံရေး မူဝါဒပိုင်းဆိုင်ရာ နှုတ်တိုက်ပုံတူကူးချရန် တိုက်တွန်း မှုနှင့် သြဇာလွှမ်းမိုးမှုအတွက် မည်သည့် သဘောတူညီမှုမျိုးကိုမှ လက်ခံမည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ဤကိစ္စရပ်များသည် မြန်မာနိုင်ငံ၏ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သော နိုင်ငံတွင်း ဆူပူအုံကြွမှုများကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပေသည်။

သို့သော် တရုတ်အနေ နှင့် အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် စီးပွားရေးနှင့် ကုန်သွယ်မှု ပိုင်းဆိုင်ရာ သဘောတူညီမှု များကိုတော့ ကြိုဆို သွားမည်ဖြစ်သည်။ လူမှုရေး တည်ငြိမ်မှုရှိပြီး ဥစ္စာဓန ပေါကြွယ်ဝသော မြန်မာနိုင်ငံ ကဲ့သို့သော နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (ASEAN) ၀င် နိုင်ငံများဟာ တရုတ်၏ စိတ်ဝင်စားမှုနှင့် ကိုက်ညီလျက် ရှိသည်။ အမေရိကန် အနေနှင့် မြန်မာနိုင်ငံ အပေါ် စီးပွားရေး ဆိုင်ရာ အောင်မြင် ဖြစ်ထွန်းမှုကို အကူအညီပေးမှုဟာ ASEAN အတွင်း စည်းလုံးမှုကို အထောက်အကူ ဖြစ်စေနိုင်ပါသည်။ ASEAN ၏ စည်းလုံးမှုနှင့် အကျိုး သက်ရောက်မှုရှိခြင်းဟာ ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ပြီး၊ တရုတ် အနေနှင့်လဲ ဤအချက် ကို အမြဲ ကြိုဆိုနေမည် ဖြစ်သည်။


အတုန့်အပြန် အားဖြင့်လဲ အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် ပြည်တွင်းရေး စွက်ဖက်မှုပိုင်း ဆိုင်ရာ နည်းဗျူဟာများဟာ အပြုသဘော ဆောင်နေခဲ့လျှင်တောင် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေနိုင်ပါက တရုတ် အနေနှင့် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သွားမည် ဖြစ် သည်။ ထို့ပြင် အမေရိကန်သည် မြန်မာနှင့် သဘောတူညီမှု ရယူရန် ကြိုးပမ်းမည် ဆိုလျှင်လဲ အရှေ့တောင်အာရှ ဒေသတွင် တရုတ်ဟာ အဓိက အရေးကြီးသော ဇာတ်ဆောင် ဖြစ်သည် ဆိုတာကို အသိအမှတ် ပြုရမည် ဖြစ်ပြီး၊ နိုင်ငံရေးမူဝါဒအသစ်ဖြင့် မြန်မာကို တရုတ် နိုင်ငံနှင့် ဖယ်ကြဉ်စေရန် ဆောင်ရွက်မည် ဆိုပါက အလွန့်အလွန် ကြီးမားသော ခက်ခဲမှုမျိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။

အမေရိကန် အနေနှင့် မြန်မာနိုင်ငံနှင့် သဘောတူညီမှု ရယူရန် ကြိုးပမ်းမှုတွင် မြောက်ကိုရီးယား ကဲ့သို့ ခြောက်နိုင်ငံ ဆွေးနွေးရေး ကိစ္စလိုမျိုး အသွင်ဖြင့် မကြိုးပမ်း သင့်ပေ။ US Deputy Secretary of State James Steinberg က လွန်ခဲ့သော ရက်အနည်းငယ် အတွင်းတွင် ထုတ်ဖော်ပြောကြား ခဲ့သော်လည်း တရုတ်၊ မြန်မာ နှင့် ASEAN တို့က ဤကဲ့သို့သော အကြံပြုချက်မျိုးကို လက်ခံလိမ့်မည် မဟုတ်ပေ။ မြန်မာဟာ မြောက်ကိုရီးယား ကဲ့သို့ အခြားနိုင်ငံများကို ခြိမ်းခြောက်နေသော နိုင်ငံ မဟုတ်ပါ။ မြန်မာ့ အရေးဟာ နိုင်ငံတကာ လုံးဆိုင်ရာ ၀င်ရောက်ဆွေးနွေးရန် အရေးကိစ္စ မဟုတ်ပါ၊ ထို့ကြောင့် မြန်မာ့ အရေးနှင့် ပတ်သက်လာလျှင် ဘက်ပေါင်းစုံ ပါဝင်သော ဆွေးနွေး သုံးသပ်မှု ပုံစံမျိုးဖြင့် ပြုလုပ်ရန် မလိုအပ်ပါ။

မြန်မာနှင့် အောင်မြင်စွာ သဘောတူညီမှုရယူရန် အမေရိကန်၏ ကြိုးပမ်းမှုတွင် ယခင် ဘုရှ် လက်ထက်က အသုံးပြုခဲ့သော အသုံးမ၀င် တော့ဘဲ ခေတ်နောက်ကျနေပြီ ဖြစ်သော ချဉ်းကပ်မှုမျိုးကို နောက်တကြိမ် ထပ်သုံးဦးမည်ဆိုလျှင် အမေရိကန်အတွက် လွယ်ကူလိမ့် မည် မဟုတ်ပေ။ တရုတ် အနေနှင့်လဲ ၎င်းကိစ္စ မျိုးကို ဘယ်တော့မှ လက်ခံမည် မဟုတ်ပေ။ သို့သော် အမေရိကန် အနေနှင့် မြန်မာနိုင်ငံ အပေါ် သန့်ရှင်းသော စီးပွားရေး လုပ်ဖော်ကိုင်ဖက်သဘောမျိုး ရရှိရန်အတွက် ကြိုးပမ်းခဲ့မည် ဆိုလျှင်တော့ ဘေဂျင်း(Beijing) အနေနှင့် ၀မ်းသာစွာ ကြိုဆိုနေမည် ဖြစ်သည်။ အခြေခံအားဖြင့် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ချဉ်းကပ်မှု အောင်မလား ရှုံးမလား ဆိုတာ ကတော့ တခြားနိုင်ငံတွေရဲ့ ၎င်း ချဉ်းကပ်မှု နည်းလမ်းအပေါ် ထင်မြင်ယူဆချက်ထက် အမေရိကန် ကိုယ်တိုင် အသုံးပြုသော နည်းလမ်း က ပို၍ အရေးပါ ပေလိမ့်မည်။

မူရင်း ဆောင်းပါးကို ဖတ်ချင်လျင် http://www.atimes.com/atimes/China/KD17Ad01.html ၌ ဖတ်ရှုနိုင်ပါသည်။
Copyright 2009 Asia Times Online:
စာရေးသူ၏ ဖြည့်စွက် သုံးသပ်ချက်။ ။ လက်ရှိ ဆောင်းပါးဟာ ရှန်ဟိုင်း နိုင်ငံတကာ လေ့လာရေးတက္ကသိုလ် လက်ထောက် ပါမောက္ခ Dr Jian Junbo ၏ အာဘော်ကို တိုက်ရိုက်ဘာသာပြန်ထားခြင်းဖြစ်သည်။ Dr Jian Junbo က အမေရိကန် မြန်မာ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာမှုဟာ တရုတ်၏ ဒေသတွင်းပထ၀ီနိုင်ငံရေး အတွက် အရေးကြီးပုံ၊ ပြောင်းလဲလာသော အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာနှင့် ပတ်သက်ပြီး တရုတ်၏ ပတ်သက်ဆက်စပ်နေပုံနှင့် တရုတ်၏ တုန့်ပြန်သုံးသပ်ပုံတို့ကို မျက်မှောက်ခေတ်နှင့်အညီ သုံး သပ်တင်ပြထားသည်။

တရုတ်က အမေရိကန်ဟာ မြန်မာကို ကူညီလျှင်တောင် ကိုယ်ကျိုးမဖက်ဘဲ သီးခြားကူညီဖို့ ခက်တယ်ဆိုတာကို မြန်မာကို ပြောချင်ပုံရ သည်။ ထို့ပြင် တရုတ်သာ မြန်မာ၏ အဓိက မိတ်ဆွေဖြစ်ပြီး အမေရိကန်ဟာ အခြေအနေအရ ဖန်တီးလာသော ညှိနှိုင်း ဆောင်ရွက်မှုသာ ဖြစ်သည်ဟု သတိပေးချင်ဟန် ရှိပေသည်၊ ၎င်းကိုယ်တိုင်ကလဲပဲ အမေရိကန် မြန်မာကြား သဘောတူညီမှု တခုခုကို ဦးတည်သွားမှာ ကိုလည်း စိုးရိမ်နေပုံ ရသည်။ ASEAN အပေါ်တွင်လဲ ၎င်းကပင် သြဇာ လွှမ်းမိုးပြီး အဓိက key player အနေနှင့် ရှိနေချင်ဟန် ရှိသည်။

သို့သော် အမေရိကန်၏ မြန်မာအပေါ် ချဉ်းကပ်မှုပိုင်းဆိုင်ရာကို ဖော်ပြရာ၌ နည်းလမ်းသုံးသွယ်ဖြင့် ဖော်ပြထားပြီး ဒုတိယနည်းလမ်းမှာ နှစ်ပေါင်းများစွာတိုင်အောင် ကျင်သုံးပြီးဖြစ်သော်လည်း မအောင်မြင်သည်မှာ ထင်ရှားပြီးဖြစ်သည်။ သို့သော် ပထမ နှင့် တတိယနည်း တို့မှာမူ အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်နှင့် ဆက်စပ်မှု ရှိနေပြီး အကောင်အထည် ပေါ်လာကောင်း ပေါ်လာနိုင်ပေသည်။ သို့သော် Dr Jian Junbo ကမူ ၎င်း ပထမ နှင့် ဒုတိယ အချက်တို့ကိုလည်း သိပ်မဖြစ်နိုင်ဟု ဖော်ပြသွားခဲ့ပေသည်။ တကယ်တမ်းကျ တော့ သိပ်မဖြစ်နိုင် ဆိုတာထက် ၎င်းနည်းလမ်းများအတိုင်း ဖြစ်လာမှာကို တရုတ်က အလွန်စိုးရိမ်လျက်ရှိသည်ဟု စာရေးသူ ယုံကြည်မိသည်။ ဖြစ်လာခဲ့ လျှင်တောင် တရုတ် အနေနှင့် ပထ၀ီ နိုင်ငံရေးနှင့် ပတ်သက်လျှင် မည်သည့် ချဉ်းကပ်မှုမျိုး ကိုမဆို ကန့်ကွက်မည့်ပုံ ရှိပေသည်။ ဤချဉ်းကပ်မှု နည်းလမ်းများဖြင့် ချဉ်းကပ်လာခဲ့လျှင် အမေရိကန် အနေနှင့် အခက်အခဲ များနှင့် ရင်ဆိုင် ရမည်ဟု တရုတ်က ပြောနေသော်လည်း၊ ချဉ်းကပ်မှု နည်းလမ်းများ မအောင်မြင်ခဲ့လျှင်တော့ ဟုတ်သည်ပေါ့၊ သို့သော် အမေရိကန်၏ ချဉ်းကပ်မှုများ အောင်မြင်ခဲ့ လျှင်မူကား တရုတ်ပြောခဲ့သော အခက်အခဲများဟာ အမေရိကန်အတွက် မဟုတ်ဘဲ ၎င်း တရုတ်နိုင်ငံ အတွက်သာ ဖြစ်ပေ လိမ့်မည်ဟု စာရေးသူ ယူဆမိသည်။

ထို့ပြင်လည်းပဲ တရုတ်ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းခြေမှာ အခြေဆိုက် ဆိပ်ကမ်း တခုကို ထားပြီး အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများနှင့် ကုန်သွယ်မှု အတွက် မြန်မာနိုင်ငံ၏ ကုန်းတွင်း လမ်းကြောင်းကို မြန်မာနှင့် အကျိုးတူ အသုံးပြု လိုပေသေးသည်။ ထို့အတွက်လဲ မြန်မာအပေါ် သြဇာ လွှမ်းမိုးမှုကို အမေရိကန် ကိုမှမဟုတ် မည်သူ့ မည်သူကိုမျှ ခွဲဝေပေး လိုလိမ့်မည် မဟုတ်ပေ။ ၎င်းလမ်းကြောင်းသည် တရုတ်အတွက် စီးပွားရေးအရ အလွန် တွက်ခြေကိုက်ပြီး လုံးခြုံ စိတ်ချရသော လမ်းကြောင်း ဖြစ်ပေသည်။ ဤကဲ့သို့သော အရေးကိစ္စများသည် စစ်အေးခေတ် နှောင်းပိုင်း လက်ရှိ မျက်မှောက်ရေးရာ ကမ္ဘာ့ ချိန်ခွင်ကို ပြောင်းလဲနိုင်သော အာရှ အခန်းကဏ္ဍတွင် စာရေးသူတို့ နိုင်ငံ၏ ပထ၀ီ နိုင်ငံရေး အရ လွှမ်းမိုးနိုင်မှုနှင့် အရေးပါမှု တို့ပင် ဖြစ်ပေသည်။

၎င်းအပြင် စာရေးသူ အနေနှင့် မြန်မာဟာ ဒေသတွင်း ASEAN နိုင်ငံများ အပေါ်လဲ လွှမ်းမိုးမှုနှင့် အားသာချက်များ ရှိနေပေကြောင်း ကိုလဲ ပြောချင်သေးသည်။ မြန်မာနိုင်ငံ တည်နေရာအရ မြန်မာဟာ အာဖရိက၊ အရှေ့အလယ်ပိုင်း နိုင်ငံတို့နှင့် ကမ္ဘာ့အရှေ့ပိုင်း နိုင်ငံများ (တရုတ် ကဲ့သို့သော) ၏ ကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် တည်ရှိနေသည်။ သို့သော် ပင်လယ်ကူးသင်္ဘောများသည် အိန္ဒိယ သမုဒ္ဒရာ၊ ကပ္ပလီပင်လယ် မှတဆင့် မလက္ကာ ရေလက်ကြားကို ဖြတ်ပြီး စင်္ကာပူမှပတ်ကာ ထိုင်းပယ်လယ်ကွေ့နှင့် အရှေ့ပိုင်း နိုင်ငံများသို့ ဦးတည် လျက် ရှိပေသည်။ အကယ်၍သာ ထိုင်းက ၎င်းနိုင်ငံကို ဖြတ်ပြီး စူးအက်တူးမြောင်းကဲ့သို့ တူးမြောင်းမျိုး ကိုသာ ဖောက်ခဲ့မည် ဆိုလျှင် ၎င်းကို အမှီပြု၍ မြန်မာ၏ ကူးသန်း ရောင်းဝယ်မှုနှင့် စီးပွားရေးအရ အချက်အခြာ ကျမှုတို့ဟာ ပို၍ အရေးပါလာပေလိမ့်မည်၊ သို့သော် ပွဲစား သဘောမျိုးဖြင့် အသက်မွေးနေသော စင်္ကာပူကိုမူကား ထိုင်း၏ တူးမြောင်းက အခက်တွေ့ကောင်း တွေ့စေနိုင်ပေသည်၊ လက်ရှိ မျက်မှောက် အခြေအနေမှာပင် နည်းပညာပိုင်းဆိုင်ရာ မြင့်မားလာမှုကြောင့် အချို့သော ပင်လယ်ကူးသင်္ဘောများနှင့် လေယာဉ်များဟာ စင်္ကာပူမှ တထောက် ရပ်နားခြင်းမျိုး မရှိဘဲ တိုက်ရိုက်ပျံသန်းသွားလာ နေတဲ့အတွက် စင်္ကာပူရဲ့လက်ရှိ ရပ်တည်မှုဟာ စိတ်ချရလောက် တဲ့ အနေအထားမှာ မရှိပေ၊ အချိန်မရွေး ပြောင်းလဲသွား နိုင်ပေသည်။

ထိုင်းကသာ တူးမြောင်း တူးဖော်မှုကို အကောင်အထည်ဖော်ခဲ့လျှင် ပို၍ဆိုးပေဦးမည်။ သို့သော် ထိုင်း၏ တူးမြောင်းသည် ကုန်သွယ်မှု လမ်းကြောင်းကို မြန်မာနှင့် ပို၍ နီးကပ်လာစေမည်ဖြစ်တဲ့အ တွက်ကျယ်ပြန့်သော ကမ်းရိုးတမ်းအရှည်နှင့် သဘာဝသယံဇာတ အပါအ ၀င် မြိတ်ကျွန်းစုကို ပိုင်ဆိုင်သော မြန်မာဟာ ပို၍အရေးပါ လာပေလိမ့်ဦးမယ်။ ထိုင်း အနေနှင့်လဲ စင်္ကာပူ၏ သင်ခန်းစာကိုယူပြီး အ ကောက်အခွန်နှင့် အကျိုးအမြတ်ကို လိုချင်ကောင်း လိုချင်သောကြောင့် ဖြစ်ပေမည်။ ထို့ထက် ပိုအရေးကြီးသော အချက်မှာကား ထိုင်း အနေနှင့် မြန်မာနှင့်သာ စစ်ဖြစ်ခဲ့လျှင် သို့တည်းမဟုတ် အခြားအကြောင်းတခုခုကြောင့်ဖြစ်စေ ၎င်း၏ စစ်သင်္ဘောများကို ဘင်္ဂလားပင် လယ်အော်သို့ ရောက်ဖို့အတွက် မလက္ကာရေလက်ကြားမှတဆင့် စင်္ကာပူကိုပတ်ကာ လာနေရပေသည်။ ဤအချက်သည် ထိုင်းရေတပ် အတွက် အလွန့်အလွန် ကြီးမားပြီး ခရီးဖင့်နေရသော အခက်အခဲ ဖြစ်ပေသည်။ ထိုင်းအနေနှင့် ၎င်းအခက်အခဲကိုလဲ ဖြေရှင်းရင်း စီးပွားရေးအရလဲ တွက်ခြေကိုက်အောင် စီစဉ်လျက် တချက်ခုတ်နှစ်ချက်ပြတ် စီမံကိန်းကို စဉ်းစားဟန် တူပေသည်။ (ဤဖော်ပြချက်ကို ထိုင်းက တူးမြောင်း တူးမည်ဟူသော သတင်းများကြောင့် ထည့်သွင်း ဖော်ပြခြင်း ဖြစ်ပေသည်။ သတင်း အတိအကျနှင့် သတင်း source ကိုတော့ မမှတ်မိတော့ပါ။)

စာရေးသူ အနေနှင့် လက်ရှိ သုံးသပ်ချက်တွင် မြန်မာနိုင်ငံ၏ သယံဇာတ အရင်းအမြစ် ပေါကြွယ်ဝမှု အပြင် ပထ၀ီ နိုင်ငံရေးနှင့် စီးပွားရေး အချက်အခြာ ကျမှုတို့ကို အရင်းခံပြီး မိမိနိုင်ငံ၏ တန်ဖိုးကို ဖော်ထုတ်လိုသောကြောင့်သာ ဤကဲ့သို့သော ဖော်ပြချက်များဖြင့် သုံးသပ် တင်ပြခြင်း ဖြစ်ပေသည်။ လက်ရှိ အစိုးရကို သော်လည်းကောင်း၊ အတိုက်အခံများကို သော်လည်းကောင်း ထည့်သွင်းစဉ်းစားခြင်းမပြု လိုပါ။ မိမိနိုင်ငံ၏ တန်ဖိုးကိုသိပြီး တန်ဖိုးထား ထိန်းသိမ်းသင့်သော၊ သွေးစည်း ညီညွတ်သင့်သော အမြင်၊ အမျိုးသား နိုင်ငံရေး အမြင် ဖြင့် တင်ပြလိုက်ပါသည်။ ထို့ကြောင့် မည်သို့သောအခက်အခဲ မည်သို့သော အခြေအနေ များတွင်ဖြစ်စေ မြန်မာဟာ အမြဲ ရွှေမြန်မာ ပင် ဖြစ်နေရပေမည်၊ တိုင်းရင်းသားအားလုံး သွေးစည်း ညီညွတ်စွာဖြင့် ရင်းရင်းနှီးနှီး အတူတကွ နေထိုင်ရင်း ရွှေမြန်မာ၏ တည်တံ့မှုနှင့် ခန့်ထည် တည်ကြည်မှု၊ မြင့်မြတ်သော ဘာသာရေး ဖြစ်ထွန်းတည်ရှိမှု တို့ကို ကမ္ဘာတည်သရွေ့ မြန်မာအားလုံး (တိုင်းရင်းသား အားလုံး ကို ဆိုလိုသည်) က နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ စစ်ရေးအမြင် တို့ဖြင့် ထိန်းသိမ်းသွားသင့်ပေသည်ဟု တင်ပြလိုက်ရပေသည်။


ထိုင်းတူးမြောင်းသာ အကောင်အထည် ပေါ်လာခဲ့လျှင် ဖြစ်လာနိုင်သော လမ်းကြောင်းနှင့် မြေပုံကို အောက်တွင် ဖော်ပြထားပါသည်။

အပြည့်အစုံသို့...

Saturday, 4 April 2009

အကျိုးမျှော်ကာ နှိုးဆော်လိုက်ပါကြောင်း

ကိုရင်ဒေါင်း

မြန်မာနိုင်ငံမှာ ပြည်သူလူထုကြီးတရပ်လုံးရဲ့ တပြည်လုံးလက္ခဏာဆောင်တဲ့ ပြဿနာကြီး ၃-ရပ် တည်ရှိနေတယ်။ အဲဒါတွေကတော့ ၁- ဒီမိုကရေစီရေး ၂- ပြည်တွင်းငြိမ်းချမ်းရေး ၃- လူ မျိုးတိုင်း တန်းတူသွေးစည်းရေးတို့ဖြစ်သည်။ ဒီပြဿနာကြီး ၃ ရပ်ဟာ လွတ်လပ်ရေးခေတ်ဦး အာဏာရ ဖဆပလ အစိုးရရဲ့ ၎င်းတို့အာဏာ သက်ဆိုးရှည်ရေး ရပ်တည်ချက်အခြေခံပေါ်က ချမှတ်ကျင့်သုံးတဲ့ အထွေထွေပေါ်လစီများအရ သန္ဓေတည်ပေါက်ဖွားလာတာလည်းဖြစ်တယ်။

ဖဆပလဟာ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်ဆိုပေမယ့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေအပေါ် ဒီမိုကရေစီစနစ် မကျင့်သုံးဘဲ နှိပ်ကွပ်ရေးပေါ်လစီကိုသာ ကျင့်သုံးခဲ့ တယ်။ လူမျိုးတိုင်း တန်းတူသွေးစည်းရေးကိုအာမခံတဲ့ ပြည်ထောင်စုစနစ်ကို မကျင့်သုံးဘဲ တ ပြည်ထောင်စနစ်ကိုသာ ကျင့်သုံးပြီး လူမျိုးစုတွေရဲ့ ရပိုင်ခွင့်ကို လျစ်လျူရှုခဲ့တယ်။ အဲဒီ၂ချက် ကို အာမခံဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ပြည်တွင်းစစ်ဆိုတဲ့ ဖြေရှင်းရ အလွန်ခက်ခဲတဲ့ ပြဿနာ သစ်တရပ် ထပ်တိုးလာခဲ့တယ်။ ပြဿနာ ၃-ရပ် တပေါင်းတစည်းတည်းဖြစ်မှုရဲ့ အကျိုးဆက် အဖြစ် ဖဆပလ အစိုးရဟာလည်း တည်မြဲ၊ သန့်ရှင်းအဖြစ် နှစ်ခြမ်းကွဲသွားခဲ့တယ်။ ဖဆပလ နှစ်ခြင်းဟာ ၎င်းတို့အာဏာမြဲရေးအတွက် စစ်တပ်ကို အပြိုင်ချော့မြှူခဲ့ကြတယ်။ ဒီနည်းနဲ့ စစ် တပ်ဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်ရလာရုံမက နိုင်ငံရေးပါတီတွေအပေါ် သြဇာပေးနိုင် တဲ့ အခြေအနေထိဖြစ်လာခဲ့တယ်။ ၅၈ ခုနှစ်မှာ စစ်တပ်ဟာ အိမ်စောင့်အစိုးရအမည်နဲ့ သူရဲ့ အခန်းဝင်မှုကို ပြသလာခဲ့တယ်။ ၁၉၆ဝ-ခုနှစ်မှာ တက်လာတဲ့ ပထစ အစိုးရဟာလည်း စစ် တပ်အပေါ် မလွန်ဆန်နိုင်ခဲ့ဘူး။ ၁၉၆၂ ခုနှစ်မှာတော့ ဗိုလ်နေဝင်း စစ်အုပ်စုက အပြီးအပိုင် အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာပြည်မှာ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရက် ယန္တရား တစုံလုံး ဖြစ်တည်လာခဲ့တယ်။ ဖဆပလ အစိုးရနဲ့အတူ မပီမသ ပါတီစုံ ဒီမိုကရေစီ စနစ်ဟာလည်း ဇီဝိန်ချုပ်သွားရတော့တယ်။

အခြေခံပြသနာကြီး ၃-ရပ် တပေါင်းတစည်းတည်းဖြစ်လာပြီး သက်တန်းရှည်ကြာလာတဲ့အခါ တိုင်းပြည်ဟာ ဘက်ပေါင်းစုံ အကြပ်အတည်းဆီကို ဦးတည်လာခဲ့တယ်။ ဒီမိုကရေစီမရှိရင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူမျိုးတိုင်း တန်းတူသွေးစည်းရေးလည်း မရှိနိုင်တဲ့အတွက် စစ်အာ ဏာရှင်စနစ်ဖျက်သိမ်းရေး၊ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေးဟာ အဓိကတိုက်ပွဲ ဦး တည်ချက်ဖြစ်လာခဲ့တယ်။ ၈၈ အရေးတော်ပုံကြီးဟာ မြန်မာပြည်သူတွေရဲ့ ကမ္ဘာကျော် ဒီမိုက ရေစီအရေးတော်ပုံကြီးဖြစ်တယ်။ ၈၈ နောက်ပိုင်းဖြစ်လာသမျှ လူထုတိုက်ပွဲမှန်သမျှဟာ ရှစ် လေးလုံးအရေးတော်ပုံကြီးရဲ့ အဆက်တွေပဲဖြစ်တယ်။

နိုင်ငံရေးပါတီ အဟောင်းအသစ်အများအပြားဟာ ၎င်းတို့ ကိုယ်စားပြုရာ လူတန်းစား၊ လူ့အ လွှာ၊ လူမျိုးများကို ရှေ့ဆောင်ပြီး စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အဆက်မပြတ် တိုက်ပွဲဝင်ခဲ့ကြတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ ဥပ ဒေတွင်း လူထုတိုက်ပွဲ နှစ်ရပ်ကို အပြန်အလှန် ပေါင်းစပ်နိုင်အောင်လည်း ကြိုးပမ်းခဲ့ကြတယ်။

ဒီမိုကရေစီရေး တိုက်ပွဲစဉ်တလျောက်မှာ လူမျိုးစုံပြည်သူတရပ်လုံးဟာ သူတို့ရဲ့ ရှေ့ဆောင် ပါတီတွေနဲ့အတူ နှစ်ရှည်လများ အဆက်မပြတ် တက်တက်ကြွကြွပါဝင်ခဲ့ကြတယ်။ အသက်၊ သွေး၊ ချွေး၊ ဘဝတွေကိုပါ စတေးစွန့်လှူ (လုံးဝ)တာဝန်ကြေခဲ့တယ်လို့ ပြောရမှာဖြစ်တယ်။

လူထုကြီးဘက်က တာဝန်ကြေခဲ့ပေမယ့် ရှေ့ဆောင်နေတဲ့ နိုင်ငံရေးအင်အားစုများ ဘက်က တော့ လူထုကြီးရဲ့ မျှော်မှန်းချက် ဆန္ဒတွေကို အကောင်အထည်ဖေါ်ပေးနိုင်စွမ်း မရှိကြဘူး။ လက်နက်ကိုင်တိုက်ပွဲဒီရေဟာ အနိမ့်ဆုံးအထိ ကျဆင်းလာခဲ့ရတယ်။ ဒီလိုလက်နက်ကိုင် တိုက်ပွဲဒီရေ ကျဆင်းသွားရမှုမှာ နိုင်ငံတကာအခြေအနေတို့ အရေးပါတဲ့အကြောင်းအချက် တ ခုအဖြစ် ထည့်တွက်ရမှာဖြစ်ပေမယ့် အဓိကကတော့ အတွင်းပိုင်းအကြောင်းအချက်ဖြစ်တဲ့ နိုင် ငံရေးအင်အားစုများရဲ့ အမြော်အမြင်နည်းမှုဟာ အဓိကဖြစ်တယ်၊ ဒီရေနိမ့်နဲ့အတူ လက်နက် ကိုင်တော်လှန်ရေး အင်အားစုအများအပြားဟာ နအဖ စစ်အစိုးရရဲ့ အပစ်ရပ် ထောင်ခြောက် အတွင်းမှာ မလူးသာမလွန့်သာဘဝ ကျရောက်သွားခဲ့ရတယ်။ တစိတ်တပိုင်းလက္ခဏာဆောင် တဲ့ လူထုရဲ့ စီးပွားရေးတိုက်ပွဲများဟာလည်း နိုင်ငံရေးတိုက်ပွဲအထိ မတိုးမြင့်နိုင်ဘဲ စစ်အစိုးရ ရဲ့ အကြမ်းဖက်ဖြိုခွဲမှုကို ခံခဲ့ကြရ၊ ခံနေကြရတယ်။ တချိန်တည်းမှာ နအဖ စစ်အစိုးရဟာ သူ အာဏာတည်မြဲရေးအတွက် လမ်းပြမြေပုံ ၇ ဆင့်ဆိုတာကို တဆင့်ပြီးတဆင့် အဓမ္မ အကောင် အထည်ဖေါ်လာနိုင်ခဲ့တယ်။ ဒီနည်းနဲ့ မြန်မာနဲ့ကမ္ဘာ့အတိုင်းအတာအရ အသိအမှတ်ပြုခံခဲ့ရတဲ့ ၉ဝ ပြည့်ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းပြီး ၂ဝ၁ဝ-ရွေးကောက်ပွဲသစ်ဆိုတာကို ကျင်းပနိုင် ဖို့ လုံးပမ်းလာတယ်။

အားမနာတမ်းပြောရရင် ဒီမိုကရေစီအင်အားစုတွေဟာ လက်ရှိ ရင်ဆိုင်နေရတဲ့ အကြပ်အ တည်းက လွတ်မြောက်အောင် လူထုကြီးကို ဘယ်လို ညီညီညွတ်ညွတ် ခေါင်းဆောင်မှုပေးမ လဲဆိုတာနဲ့ ပတ်သက်လို့ခုထိ အဆင်သင့်မဖြစ်နိုင်ကြသေးဘူး။

တကယ်တော့ ဒီအားနည်းချက်ကို နိုင်ငံရေးအင်အားစုတွေ သင်္ခန်းစာမယူနိုင်ကြတာ၊ မပြင်နိုင် တာ ခုမှ မဟုတ်ဘူး၊ တလျောက်လုံးလိုလို ဖြစ်တယ်။

တကယ့် ပကတိဘဝမှာ စစ်အာဏာရှင်စနစ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုဟာ တတိုင်းပြည်လုံး လက္ခ ဏာအရဖြစ်တယ်။ ဒါကြောင့် စစ်အုပ်စုကို ဆန့်ကျင်တိုက်ဖျက်ရာမှာလည်း တပြည်လုံးအတိုင်း အတာဆောင်ဖို့လိုတယ်။ ရှစ်လေးလုံး လူထုအုံကြွမှုကြီးကလွဲပြီး လှုပ်ရှားမှု (လက်နက်ကိုင်၊ လက်နက်မကိုင်) အများစုဟာ ဒေသန္တရလက္ခဏာ၊ တစိတ်တပိုင်းလက္ခဏာ ဘောင်အတွင်း မှာသာရှိနေတယ်။ ရှစ်လေးလုံး လူထုအုံကြွမှုကြီးမှာတောင် နိုင်ငံရေးအင်အားစုများဟာ တပါ တီချင်း လက္ခဏာက ရုန်းထွက်ပြီး တပြည်လုံးလက္ခဏာ လိုအပ်ချက်အရ ညီညွတ်ရေး မတည် ဆောက်နိုင်ခဲ့ကြဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီး လမ်းတဝက်မှာ အရေးနိမ့်သွားရတာဟာ အဓိကအားဖြင့် အဲဒီအကြောင်းကြောင့်ဖြစ်တယ်။

လူမျိုးစုံတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေဟာလည်း ဒေသန္တရ လက္ခဏာဥခွံကို ဖေါက်မ ထွက်နိုင်ခဲ့ကြဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီးကို ဗမာ ဗမာတွေချင်းချတဲ့ ပွဲအဖြစ်တောင် လက်ခုပ်တီးကြ၊ အားရဝမ်းသာဖြစ်ကြတာတွေ ရှိခဲ့တယ်။ လူမျိုးစုအရေးနဲ့ ဒီမိုကရေစီအရေး ကို ထဲထဲဝင်ဝင် ပေါင်းစပ်ဖို့ ပျက်ကွက်ခဲ့ကြတယ်။ ဗမာအုပ်စိုးသူ ဆန့်ကျင်ရေးဆိုတဲ့ တိမ်း စောင်းတဲ့အမြင်အရ လူမျိုးစု၊ အင်အားစုများအချင်းချင်း သွေးစည်းသယောင်ထင်ရပေမယ့် တ ကယ်တန်းညီညွတ်နိုင်ကြတာတော့ မဟုတ်ဘူး။ အချင်းချင်း လက်နက်ကိုင်တိုက်တာတွေ၊ တဖွဲ့ချင်းအတွင်းမှာပဲ ဂိုဏ်းအုပ်စုတိုက်ပွဲတွေနဲ့ ကွဲပြဲနေကြတယ်။

ဖေါ်ပြပါ အခြေအနေတွေကြောင့် စစ်အာဏာရှင်စနစ်ကို ခါးသီးရွံမုန်းနေတဲ့ လူထုကြီးဟာ ပွဲ ကြည့်ပရိတ်သတ် အသွင်ဆောင်လာခဲ့ရတယ်။ သူတို့ကို ဦးဆောင်နေတဲ့ တကွဲတပြား၊ မညီမ ညွတ်နိုင်ငံရေးအင်အားစုများအပေါ် သို့လော၊ သို့လော အကဲခတ်လာကြတယ်။ သူတို့ အကျိုး စီးပွားအတွက် အမှန်တကယ် အောင်ပွဲအရောက် ရှေ့ဆောင်မှုပေးနိုင်မယ့် နိုင်ငံရေးစုဖွဲ့မှု အ သစ်တခုကို လိုလားတောင့်တလာကြတယ်။

နိုင်ငံရေးအင်အားစုများဟာ ပကတိအခြေအနေနဲ့ ပြည်သူလူထုကြီးတရပ်လုံးက တောင်းဆိုနေ တဲ့ ရှေ့ဆောင်နိုင်ငံရေး စုဖွဲမှုအသစ်တခုကို စုဖွဲ့တည်ဆောက်ဖို့ ခုထိ အသင့်မဖြစ်ကြသေး ဘူး။ ဝဲ၊ ယာ လက်နက်ကိုင်၊ လက်နက်မကိုင် အင်အားစုအားလုံး (စစ်အာဏာရှင်စနစ် ဆန့် ကျင်ရေး တသီးပုဂ္ဂလများအပါအဝင်) အများစုကြီးလက်ခံနိုင်တဲ့ အနိမ့်ဆုံးဘုံလုပ်ငန်းစဉ်တခု ချမှတ်ရေးဟာ လူထုကြီးလိုလားတောင့်တနေတဲ့ ရှေ့ဆောင်နိုင်ငံရေး စုဖွဲ့မှုအသစ်ဆိုတာ သေ ချာတယ်။ လူထုကြီးလိုလားတောင့်တနေတဲ့ ဖေါ်ပြပါ နိုင်ငံရေးစုဖွဲ့မှု အသစ်နဲ့သာ တပြည်လုံး အတိုင်းအတာနဲ့ လူမျိုးစုံပြည်သူကြီးတရပ်လုံးကို စုစည်းသိမ်းသွင်းနိုင်မှာဖြစ်တယ်။ တပြည်လုံး အတိုင်းအတာ ဆောင်တဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအရေးတော်ပုံကြီးကို ရှေ့ဆောင် အကောင်အထည်ဖေါ်နိုင်မှာဖြစ်တယ်။ တပြည်လုံးလက္ခဏာအရ မစုစည်း၊ မပြင်ဆင်နိုင်ရင် ဖြစ်ပေါ်လာတဲ့ တခုချင်းလှုပ်ရှားမှုလေးတွေဟာ စစ်အစိုးရရဲ့ အကြမ်းဖက်ဖြိုခွဲမှုကို ခံကြရမှာ သာဖြစ်တယ်။ တပြည်လုံးလက္ခဏာဆောင်တဲ့ လူထုအုံကြွမှုကြီးကသာ နိုင်ငံတကာ အကူအ ညီကို အရေးပါအရာရောက်စေမှာဖြစ်တယ်။ ကုလသမဂ္ဂအတွင်းမှာ မြန်မာ့အရေး သေးသိမ် အောင်လုပ်နေတဲ့ ဗီတိုအာဏာရှင်တွေကိုယ်တိုင် ခန့်ညားလေးစာလာမှာ ဖြစ်တယ်။

လက်ရှိအနေအထားအတိုင်း မညီမညွတ်၊ တကွဲတပြား ခေါင်းဆောင်မှုပေးနေလို့ကတော့ လူ ထုကြီးအနေနဲ့ တတိုင်းပြည်လုံးအတိုင်းအတာအရ ပါဝင်လာနိုင်စရာ အကြောင်းမဖြစ်ဘူး။ နိုင် ငံတကာအကူအညီဆိုတာကလဲ အရာရောက်လာစရာမရှိဘူး။ ကုလသမ္ဂအတွင်းမှာလည်း ဗီ တိုအာဏာဗိုက်လက်သီးကို ရှောင်နိုင်မှာမဟုတ်ဘူး။

ဒီတော့ နိုင်ငံရေးအင်အားစုများအနေနဲ့ တာဝန်ကြေစေဖို့ ဝဲ၊ ယာ စစ်အာဏာရှင်စနစ် တိုက် ဖျက်ရေး (တသီးပုဂ္ဂလများအပါအဝင်) အင်အားစုများကို စုစည်းညီညွတ်စေနိုင်မယ့်၊ အခိုင်အ မာတိုက်ပွဲဝင်ရာမှာလည်း ခြေလှမ်းညီစေမယ့် ဘုံလုပ်ငန်းစဉ်တခု အမြန်ချမှတ်နိုင်ရေး၊ လက် တွေ့အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့ အကျိုးမျှော်ကာ နှိုးဆော်လိုက်ရ ပါကြောင်း။ ။

ကိုရင်ဒေါင်း
၁၅၊ ၁၂၊ ဝ၈
ဒေါင်းအိုးဝေ အတွဲ(၁)၊ အမှတ်(၈)၊ မတ်လ ၂၀၀၉ မှ

အပြည့်အစုံသို့...

Friday, 3 April 2009

"ရပ်နေရင်း လွတ်ကျသွားခြင်းကိစ္စ"





မြင်ကွင်းအားလုံးမှာ
သတင်းတခုရှိနေရဲ့
ဆာလောင်မှုပြည့်နှက်နေတဲ့
အကြည့်တချက်ထဲက
အဆင်းအတက်
ပန်းစိုက်အိုးများသဖွယ်
အတွင်းလိန် အပြင်ကွေ့ အရွေ့ဆန်းကြယ်
အိမ်မြောင်တစ်ကောင်လို ၀တ်စားဆင်ယင်မှုဟာ
အရပ်ထွားတယ်။








လှေကားခုနှစ်ထပ် ကျော်ဆင်းပြီး
လူပျိုစစ်စစ်လို့ ညာသံပေးချင်ကြတဲ့
စကားလုံးထွားထွား လူရိပ်သူရိပ်ဟာ
နောက်ဆက်တွဲအမှောင်
အရောင်စိုစို ၀တ်ရုံနက်ကြီးလွှမ်းခြုံထားတဲ့
ကုန်းပေါ် ငါးမျှားထွက်သူများကလည်း
တဖျတ်ဖျတ်လူး
တိုက်ကြိုတိုက်ကြား
အုံနဲ့ကျင်းနဲ့ လမ်းတိုလမ်းရှည်
ကိုယ့်တံတွေးနဲ့ကိုယ့်လျှာ
မျက်ဝန်းအပြာနဲ့ စကားအ၀ါ
ရိတ်သိမ်းပြီးသားအတိုင်းပဲ ။

စိတ်ပြေလက်ပျောက် ကိုယ်လက်လေ့ကျင့်ခန်းများ
အစကနေ ပြန်ကျော့လို့
တအုံနွေးနွေး ၀ါးထုတ်ပစ်လိုက်သမျှ
အဓိပ္ပါယ်ကောက်ယူမှုများ
ဖြစ်ရိုးဖြစ်စဉ်အတိုင်းသာ
ငါ့နံဘေးပတ်ပတ်လည်
ကိုယ့်အိတ်ထောင်ကိုယ်ကြည့်သူများ
သာသာထိုးထိုးကြိတ်ကြိတ်တိုး
နေမှုထိုင်မှုမှာ ဖျင်ခြင်း သင်ခြင်းမကွဲ
အကွာအဝေးကိုယ်စီနဲ့
သူ့နေရာ ကိုယ်နေရာ
ဖျတ်ခနဲ အတွေးဝင်မိ
ကိုယ့်စိတ်ကိုယ်ပြန်ချဖို့
ငါကိုယ်တိုင် လက်တွန့်နေခဲ့တော့တယ်။ ။

သျှင်မင်း



http://www.naytthit.com မှ ...

အပြည့်အစုံသို့...

Tuesday, 24 March 2009

မောင်အောင်ပွင့် ၏ " ဘ ၀ မာ တိ ကာ " ကဗျာစုစည်းမှု စာအုပ်ထွက်ပြီ




တော ဘောလုံးကွင်း


ဘောလုံးသမားအားလုံး
တအား ကြုံးကြုံးကန်ကြ
ဘောလုံးထက် ရှေ့ကို
လူတွေ လွန်လွန်သွား
ဘောလုံး တခြား လူတခြား
လွဲလွဲသွား
တဂိုးမှ မသွင်းနိုင်ကြသေးဘူး
အခုထိ ။ ။

(၁၂-၅-၁၉၉၅)





စာအုပ်မှာယူလိုပါက ...
- naytthitmedia@gmail.com
- nyeinchan@luukku.com
- swammyaing@yahoo.com

အပြည့်အစုံသို့...

Friday, 13 March 2009

Monday, 23 February 2009

ဖက်ဆစ်တော်လှန်ရေး အမှတ်တရ


---------------------------
တော်လှန်ရေး မစမီ
---------------------------

٭ ရဲဘော်သိန်းတန် ... တဲ့
တော်လှန်တဲ့ သူရဲကောင်းဟာ
ခေါင်းတခြား ကိုယ်တခြား
ဖက်ဆစ်များရဲ့ ဓါးချက်အောက်
မတွန့် မဖေါက် စတေးခံ
အမိနိုင်ငံအပေါ် သစ္စာရှိ
စစ်ကိုင်းတံတားကြီး သိပါတယ်
ဧရာဝတီ ငိုခဲ့ရတဲ့ အဲဒီနေ့ 
ဘယ်တော့မှ မမေ့ကြဖို့  မှတ်တမ်းတင်ထားပါ ၊၊

٭ လက်ပံတန်း ဦးဘတင် ကနေ
သခင် သခင်မ
အာရှ လူငယ်များ အပါအဝင်
ရဟန်းရှင်လူ အမြောက်အများ
ကင်ပေတိုင်များရဲ့ လက်ချက်အောက်
အသက်ပျောက်ခဲ့ရတာတွေလဲ မနည်းလှ
ရင်နာစရာ ကောင်းလှတယ် ၊၊

ဝင်းတင့်ထွန်း အပြည့်အစုံသို့

အပြည့်အစုံသို့...

Wednesday, 11 February 2009

အောင်ဆန်း



အမေ့ အိပ်ရာဝင်ပုံပြင်ထဲက
ကျနော့ရဲ့ရော်ဘင်ဟု
အမှန်တရားအားလုံးရဲ့သေနာပတိ
ရုပ်တုထုကိုးကွယ်ရမယ့်
ငါတို့နိုင်ငံရဲ့တဆူသောဘုရား
ဝိမုတ္တိတရားဦးကိုဟောဖို့
ဥရုဝေလတောကို သူလာခဲ့တယ်။ ။

သစ်ကောင်းအိမ်
(၁၁.ဖေဖော်ဝါရီ. ၂၀၀၉)

အပြည့်အစုံသို့...

Thursday, 8 January 2009

မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်း အကျဉ်း



ကိုလိုနီခေတ် ကျောင်းသားလှုပ်ရှားမှု

မြန်မာနိုင်ငံတဝှမ်းလုံးအား ကိုလိုနီနယ်ချဲ့သမားက သိမ်းပိုက်လိုက်ပြီးနောက် ကြွင်းကျန်သော ပဒေသရာဇ်မင်းများနှင့် ပြည်သူလူထုများ သည် သူတလူငါတမင်းဖြင့် အဆက်အစပ်မရှိဘဲ ပဒေသရာဇ်အယူအဆများဖြင့် နယ်ချဲ့သမားများအား ခုခံတော်လှန်တိုက်ပွဲ ဝင်ခဲ့ကြ သည်။

အောင်စောဦး (NLD – LA) မှိုင်းရာပြည့်
ဒေါင်းအိုးဝေ - အတွဲ (၃)၊ အမှတ် (၁၁)၊ ဖေဖော်ဝါရီ၊ မတ်၊ ၁၉၉၃။ (စာမျက်နှာ ၃၁ မှ ၃၄ ပါ ဆောင်းပါး)
အပြည့်အစုံသို့

အပြည့်အစုံသို့...

Tuesday, 16 December 2008

ကမ္ဘာကျော်မြန်မာဒေါင်း

ပျံလိုက်ပါ့လေ
ဗွေအာကာ ဝေဟင်နန်း
လှမ်းနှင်၍ချီ။

ဆန်လိုက်ပါ့လေ
ရံရွေဘော် ပျော်သီချင်းနဲ့
ဖော်ကွင်းခဲ့ပြီ။ .... အပြည့်အစုံသို့

အပြည့်အစုံသို့...

Monday, 15 December 2008

နအဖကို ကာကွယ်ပေးမနေစမ်းပါနဲ့

(ဂါမဏိ ဘာသာပြန်သည်)

မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် အရက်စက်အကြမ်းကြုတ်ဆုံး စစ်အစိုးရတခုက အုပ်ချုပ်ထားသည်။ ၎င်းအစိုးရသည် ဒီမိုကရေစီ ကို ချိုးနှိမ်ထားရုံသာမကဘဲ ကမ္ဘာ့အဆိုးဝါးဆုံး လူသားချင်းစာနာရေးအကျပ်အတည်းကို ဖန်တီးပေါ်ပေါက်စေသည့် ပြစ်မှုပါ ကျူးလွန်ထားသည်။ ဤဖြစ်ရပ်ကိုတုံ့ပြန်ရာ၌ အိုင်စီဂျီသည် မူလနောက်ခံဇာတ်ကြောင်းကို မေ့လျော့သွေဖီသွားခဲ့လေသည်။ အပြည့်အစုံသို့

အပြည့်အစုံသို့...

Friday, 12 December 2008

ငါတို့ရဲ့ တော်လှန်ရေး

သွေးတစက်ကျ
ကျတဲ့ သွေးစက်
မြေပြင်ထက်
ကွက်အက် မီးလောင်သွားစေမည်။

တသက်သေရင်
သေတဲ့အသက်
ကောင်းကင်ထက်
မိုးသက် မုန်တိုင်းထန်စေမည်။

မြေအက် မီးလောင်
မိုးမှောင် မုန်တိုင်း
ရပ်ဆိုင်းတဲ့အခါ
ဤ ကမ္ဘာမှာ
ပန်းပွင့်များစွာ ဝေစေမည်
လေညှင်းသုန်သုန်ပြေစေမည်
ငြိမ်းချမ်းသာယာ နေစေမည်။

(တောကျောင်းသား)
ဒေါင်းအိုးဝေ အတွဲ(၂)အမှတ်(၉) မေလ ၁၉၉၁
http://naytthit.com အမှတ်တရ ဒေါင်းအိုးဝေ ...မှ....

အပြည့်အစုံသို့...

Friday, 21 November 2008

ကျကျန်ခဲ့တဲ့ အိပ်မက်တွေ

အိပ်မက်တွေ
ကျဆုံးရစ်ခဲ့တာ
ဒီလို တိုးရင်း တိုက်ရင်း
ကညင်ဆီတောင် မထွန်းပနိုင်တဲ့
ညနေ ရိုင်းမှာ
သူ ကဆုန်စိုင်းသွားပြီ ….။

အရစ်ရစ် အပတ်ပတ်
သံယောဇဉ် အထပ်ထပ်တွေကို
ပင်စည်က ရိုက်ချိုးခံလိုက်ရ
ဝါးပိုးမျှစ်နဲ့ ချစ်ခြင်းတွေ ၀ဲပျံလာကြ
ခု … ည နှင်းဆီရိုင်းတွေကို လှိုင်းခတ်တယ်။ ။

ချိုစိမ့်
(ရဲဘော် ဂုရု သို့…)
၂၀-၁၁-၂၀၀၈)

အပြည့်အစုံသို့...

Thursday, 20 November 2008

အကြွေစောတဲ့ ပွင့်သစ်သို့



ပန်းကြွေတိုင်း
မုန်တိုင်းကြောင့်ချည်း မဟုတ်ပေမဲ့ -

မုန်တိုင်းအောက်မှာ
ပန်းကြွေတာ
မုန်တိုင်းကိုပါ မြင်ရမယ် …

ပွင့်ဦးတွေ …
ကြွေသွားကြ
ရင်နာခဲ့ရသလို -

ပွင့်သစ်ရေ …
မင်းကြွေ ရ
နှမျော တသ မိပါတယ် ။ ။

( ၀င်းတင့်ထွန်း )
၂၀-၁၁-၂၀၀၈
( ၁၉-၁၁-၀၈ နေ့က ဆုံးပါးသွားရရှာတဲ့- ပွင့်သစ်(ကရိန်ကန်) သို့ … )

အပြည့်အစုံသို့...

Monday, 17 November 2008

ဒီနေ့စီးပွားရေးအကြပ်အတည်းနဲ့ အမေရိကန်အင်ပါယာ

(ရဲဘော်ဖိုးသံချောင်း)

အမေရိကန်ဒေါ်လာ ကျဆင်းနေပါတယ်။ ဘာကျဆင်းတာလဲဆိုရင် သူ့ရဲ့တန်ဘိုး၊ သူ့ရဲ့အ ရေးပါမှု၊ သူ့ရဲ့အဆင့်နေရာ၊ အဖက်ဖက်က ကျဆင်းနေတာပါလို့ ပြောရပါမယ်။ မကြာခင်ကမှ အမေရိကန် အစိုးရဘဏ်ဥက္ကဋ္ဌအဖြစ်က အနားယူသွားတဲ့ အယ်လင်ဂရင်းစပင် (Alan Greenspan) က အသုံးပြုလိုက် တဲ့ နိမိတ်ပုံကတော့ အခုအမေရိကန်နိုင်ငံကြုံတွေ့နေရတဲ့ စီးပွားရေးကပ်ဟာ ရာစုနှစ်တခုမှာ တခါလောက် သာကြုံရတဲ့ ငွေရေးကြေးရေးဆူနာမီကြီးဖြစ်ပါသတဲ့။ အပြည့်အစုံသို့

အပြည့်အစုံသို့...

Friday, 31 October 2008

ကျောင်းသားတပ်မတော် အမှတ်(၈)တပ်ရင်းတွင် ကျင်းပသော အနှစ်(၂၀)ပြည့် မကဒတ ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား



၁- နိုဝင်ဘာလ၊ ၂၀၀၈။
ယနေ့နံနက် မြန်မာ စံတော်ချိန် ၈ နာရီတွင် မကဒတ ကျောင်းသားတပ်မတော် အနှစ် (၂၀)ပြည့် အခမ်းအနား အား ကျောင်းသားတပ်မတော် အမှတ်(၈)တပ်ရင်း အခြေစိုက် စခန်းတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မကဒတ တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်အား အလေးပြုခြင်းနှင့် သစ္စာအဓိဌာန်ရွတ်ဆိုခြင်းများကို ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကေအန်ယူ တပ်မဟာ(၇) ရုံးထိုင်မှူး စောအဲ့ဆဲဆဲ ၊ ကေအန်ယူ တပ်မဟာ(၇) ဆေးတာဝန်ခံ ဆရာစောအဲ့မှီနှင့် ကျောင်းသားတပ်မတော် တပ်ရင်း(၈)မှ ရဲဘော်များကိုယ်စား ရဲဘော် မြင့်ဘုန်းနိုင် တို့မှ အမှာစကားများပြောခဲ့သည်။

ထိုသို့အမှာစကားပြောကြားရာ၌ ကေအန်ယူ တပ်မဟာ(၇) ရုံးထိုင်မှူး စောအဲ့ဆဲဆဲမှ
“ကျောင်းသားတပ်မတော် အနှစ်(၂၀)တိုင် ရပ်တည်နိုင်ခဲ့တာ ဇွဲနှင့်ကြံ့ခိုင်မှုကောင်းလို့ဖြစ် တယ်။ အနှစ်(၂၀)ဆိုတဲ့ အရွယ်တိုင်ခဲ့ပြီ။ အတွေ့အကြုံတွေ များခဲ့ပြီ။ ယခုလို ရှိတဲ့အင်အားနဲ့ ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းနေထိုင်ပြီး အောင်ပွဲရသည့်တိုင်အောင် အတူတကွလက်တွဲပြီး ဘုံရန်သူ စစ်အုပ်စုကို တိုက်ခိုက်သွားမယ်” ဟု ပြောကြားသွားခဲ့ပြီး ….

ကျောင်းသားတပ်မတော် အမှတ်(၈)တပ်ရင်းမှ တပ်ရင်းရဲဘော်များ ကိုယ်စား ရဲဘော်မြင့်ဖုန်းနိုင်မှ “ကျနော်တို့ ကျောင်းသားတပ်မတော် ယနေ့အချိန်ထိ အနှစ်(၂၀)တိုင်တိုင် ရပ်တည်နိုင်ခဲ့တယ်ဆိုတာက နိုင်ငံရေးလမ်းစဉ်မှန်ခဲ့လို့ ရပ်တည်နိုင်ခဲ့တာဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ မကဒတရဲ့ ပထမဦးဆုံး ထုတ်ပြန်ကြေညာချက်ဖြစ်တဲ့ အမှတ်(၁)ထုပ်ပြန်ချက်ထဲမှာ ပါဝင်ပြီး ဖြစ်ပါတယ်။ ကျနော်တို့ ကျောင်းသား တပ်မတော်ဟာ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ ရှေ့တန်းကပါဝင်ခဲ့တဲ့ အစဉ်အလာကြီးမားတဲ့ ဗကသကို အခြေခံခဲ့ပါတယ်။ ကျောင်းသားထုကို ကိုယ်စားပြုပြီး ကျောင်းသားလှုပ်ရှားမှု ကျောင်းသာအဖွဲ့အစည်းအားလုံးရဲ့ လက်နက်ကိုင်တော်လှန်ရေး စစ်ကြောင်းအဖြစ်ရပ်တည်ခဲ့တာပါ။ နောက်ပြီးတော့ ၁၉၂၀ ကတည်းက ကျနော်တို့ ကျောင်းသားထု ကိုင်ဆွဲခဲ့တဲ့ အမျိုးသားနိုင်ငံရေးကို ကျနော်တို့ရဲ့ နိုင်ငံရေးလမ်းစဉ်အဖြစ် ပြဌာန်းပြီး ဗမာပြည်ကျောင်းသားထုကိုယ်စား တိုက်ပွဲဝင်နေတဲ့ကျောင်းသားထုဖြစ်ပါတယ်” စသည်ဖြင့် အသီးသီးပြောကြားသွားခဲ့ကြသည်။
အခမ်းအနားသို့ မဟာမိတ် KNU မှ ခေါင်းဆောင်တပ်မှူးများနှင့် ရဲဘော်များ၊ ABSDF အမှတ်(၈) တပ်ရင်းမှ တာဝန်ခံ တပ်မှူးများနှင့် ရဲဘော်များ တက်ရောက်ခဲ့ကြပြီး နံနက် (၁၀)နာရီတွင် “ကမ္ဘာ မကြေဘူး” သီချင်းကို သံပြိုင်သီဆိုပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်း ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ပေးပို့သူ … မူချိမ့်

အပြည့်အစုံသို့...