(စိုးနေလင်း)
တိုက်ဆိုင်တာကလည်း အတော်လေးတိုက်ဆိုင်တယ်လို့ ဆိုရပါ မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချုပ်နှောင် ထားတဲ့ ဥပဒေပုဒ်မက တရားဝင်ခွင့်ပြုထားတဲ့ ကာလကလည်း ပြည့်လုဆဲဆဲဖြစ်နေပြီဆိုတာ အားလုံးအသိဖြစ်ပါတယ်။ စပြီးဖမ်း ဆီးချုပ်နှောင်ထားတဲ့ အချိန်တုံးကလည်း ဥပဒေနဲ့ညီညွတ်ခဲ့တာ တော့မဟုတ်ပါဘူး။ ဒါပေမယ့် လက်နက်နဲ့အာဏာကိုချုပ်ကိုင်ပြီး ဥပဒေအရလုပ်တာပါလို့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို ဇွတ်လိမ် လည်ထားတဲ့အတွက် အဲဒီသူတို့သုံးထားတဲ့ ဥပဒေဆိုတာအရပဲ တရားဥပဒေကို လေးစားလိုက်နာတတ်ကြတဲ့ ပြည်သူလထုနဲ့ နိုင်ငံတကာက ကန့်ကွက်တောင်းဆိုနေခဲ့ကြ တာလည်း ကာလကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် တနှစ်ပြီးတနှစ်သက်တမ်းတိုးလာခဲ့တာ ခုသက်တမ်းထပ်တိုးဖို့ ဥပဒေအရကိုပဲ လုပ်လို့မရတော့တဲ့အခြေအနေ ရောက်လာခဲ့ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေ ပညာရှင်တွေနဲ့ နိုင်ငံတကာကလည်း ဥပဒေနဲ့အညီ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆို ဖိအားပေးနေခဲ့ပါပြီ။ အဲဒီအချိန်နဲ့ကွက်တိ တိုက်ဆိုင်နေတာတွေ့ရပါတယ်။ ...
Sunday, 17 May 2009
စစ်အာဏာရှင်အစိုးရဲ့သက်ကယ်ဆေးလား သက်ပျောက်ဆေးလား
Posted by
HinLinPyin
at
00:52
Subscribe to:
Post Comments (Atom)
No comments:
Post a Comment