Sunday, 2 December 2007
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ ၈၈နှစ်မြောက်မွေးနေ့ ပြည်သူသို့နှုတ်ခွန်းဆက်စကား(အသံ)
Posted by
HinLinPyin
at
19:46
0
comments
Labels: ဗွီဒီယို
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ ၈၈နှစ်မြောက်မွေးနေ့ ပြည်သူသို့နှုတ်ခွန်းဆက်စကား

ကျနော် ဒီကနေ့အသက် ၈၈နှစ် ပြည့်ပါပြီ။ ဒီနေ့မှာပဲ အမှတ်တရအနေနဲ့ ကျနော် ပြည်သူများကို စကားအနည်းငယ်ပြောကြားလိုပါတယ်။ ပထမဆုံးအနေနဲ့ ကျနော်ချစ်မြတ်နိုး လှတဲ့ ပြည်သူအပေါင်းကို အားပေးစကား၊ ထောက်ခံစကား ပြောကြားလိုပါတယ်။ ကျနော်တို့ ပြည်သူတွေ စွန့်လွှတ်မှုကြီးစွာ၊ သူရသတိကြီးမားစွာ၊ ဇွဲနပဲကြီးစွာနဲ့ မိမိတို့လိုလားတဲ့ ဒီမိုကရေစီ စနစ်တရပ်ရဖို့၊ မိမိတို့ဘ၀လွတ်မြောက်ဖို့၊ တဗိုလ်ကျ တဗိုလ်တက်စနစ်နဲ့ စဉ်ဆက်မပြတ်ကြိုးပန်းနေမှုအပေါ် ကျနော်သိပ်ဂုဏ်ယူပါတယ်။ ခင်ဗျားတို့တတွေ အားမ လျှော့ဘဲဆက်ကြိုးစားကြပါ။ ကျနော် အမြဲထာဝရ ခင်ဗျားတို့ကို ထောက်ခံအားပေးသွားပါ့ မယ်။ ခင်ဗျားတို့နောက်ဆုံး အောင်မြင်မှာပါ။ဒုတိယ တိုက်တွန်းပြောကြားလိုတာကတော့၊ အတိုက်အခံနိုင်ငံရေးအင်အားစုတွေ၊ လူမျိုးစုခေါင်းဆောင် တွေကိုပါ။ ခင်ဗျားတို့တကယ်ပဲ တိုင်းပြည်နဲ့ပြည်သူတွေကို ချစ်တယ်ဆို ရင် အတိတ်တွေအားလုံး၊ အမြင်မတူတာတွေအားလုံးဘေးဖယ်ပြီး အလွန်ကြီးမားကျယ်ပြန့်တဲ့ တပ်ပေါင်းစုကြီးတရပ် ပေါ်လာ အောင် ကြိုးစားကြပါ။ အခုချိန်ဟာ ဒီမိုကရေစီလှုပ်ရှားမှု အတွက် နိုင်ငံတကာက ထောက်ခံမှုကို မရစဖူး အကြီးအကျယ်ရနေချိန်၊ ပြည်သူတွေရဲ့ နိုင်ငံ ရေးစိတ်ဓါတ်အရှိန် မြင့်နေချိန်၊ ဒီအခွင့်ကောင်း ကိုဆုပ်ကိုင်ပြီး သဘောထားကြီးကြီးထားပြီး စည်းလုံးညီညွတ်ရေးရအောင် ကြိုးစားကြပါလို့ တိုက်တွန်း ပါရစေ။
တတိယကတော့ ကျနော်ကိုယ်တိုင် ပါဝင်တည်ဆောက်ခဲ့တဲ့ ဗမာ့တပ်မတော်ကြီးက ဗိုလ်ချုပ်ကြီးများကစလို့ အောက်ခြေတပ်မှူးတပ်သားအားလုံးကို သတိပေးစကား ပြောလိုပါ တယ်။ ကျနော်လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ် ၁၉၇၆ ခုနှစ်က တိုင်းပြည်သို့ တိုင်းပြည်သို့တင်ပြ ချက်ဆိုတဲ့ မိန့်ခွန်းတရပ် အသံလွှင့်ပြောဖူး ပါတယ်။ အဲဒီတုန်းက ခင်ဗျားတို့တပ်မတော်သား များကို ခင်ဗျားတို့ ဒီအတိုင်းသွားရင်တော့ အတော မသတ်တဲ့ ပြည်သူ့သတ်ပွဲတွေ လုပ်သွားရ လိမ့်မယ်။ ခင်ဗျားတို့ နောင်သားစဉ်မြေးဆက် ခေါင်းဖော် ရဲမှာမဟုတ်ဘဲ သမိုင်းအမှိုက်ပုံးထဲ ပြည်သူတွေကစွန့်ပစ်ကြလိမ့်မယ်လို့ ထောက်ပြပြောဆိုခဲ့ဖူးပါတယ်၊ အခု ခင်ဗျားတို့ဘ၀ကိုပြန် ကြည့်ပါ ခင်ဗျားတို့တတွေ ကျေးလက်တောရွာ ဒေသတွေမှာ လူမျိုးစုဒေသ တွေမှာ ထောင်တွေအချုပ်ခန်းတွေထဲမှာ သတ်ခဲ့၊ ဖြတ်ခဲ့၊ အနိုင်ကျင့်ခဲ့တာတွေ နည်းသလား။ ရန်ကုန်မြို့အပါအ၀င် မြို့တကာကလမ်းတွေပေါ်မှာရော ပြဿနာပေါ်တိုင်း သွေးချောင်းစီး သတ်ဖြတ်ခဲ့ တာရော နည်းသလား။ လူအများအပြားကို ဖမ်းဆီးနှိပ်ဆက်၊ ပုဒ်မအမျိုးမျိုးတပ်ပြီး နစ်ရှည်ထောင်ဒဏ် တွေချနေတာရော နည်းသလား။ အခုနောက်ဆုံး စက်တင်ဘာ သံဃာ့အရေးတော်ပုံမှာ ရန်ကုန်မြို့လယ် ခေါင် ရွှေတိဂုံဘုရားခြေတော်ရင်း၊ ဆူးလေဘုရား ခြေတော်ရင်းတွေမှာ ဘုရား သားတော်သံဃာ တော်များကို ရိုက်ရ၊ နှက်ရ၊ သတ်ဖြတ်ရလုပ်နေ ရပြန်ပါပြီ။ ခင်ဗျားတို့တတွေ ဒီလိုအတောမသတ် သွေးချောင်စီးသတ်ဖြတ်ပြီး ဖိနှိပ်လိုက်လို့ ပြဿနာတွေ ပြေလည်သွားသလား။ လူထုက ကာလတခုပဲ ငြိမ်သွားပြီး။ ပြန်ထကြွတာပဲ မဟုတ်လား။ ခင်ဗျားတို့ပဲ ဂုဏ်သိက္ခာတွေကျပြီးရင်းကျရင်းနဲ့ ကမ္ဘာ့အလယ် တံတွေးခွက် ပက်လက်မြောရပြီး၊ လူတောမတိုးရဲတဲ့ဘ၀ ရောက်ရပြီးမဟုတ်လား။ ပြည်သူတွေရဲ့ မုန်းတီးရွံ ရှာနာကျည်းမှုကတော့ ပြောစရာမရှိတော့ဘူး။ ဒါ့ကြောင့် ခင်ဗျားတို့အနေနဲ့ ထစ်ကနဲ့ရှိတိုင်း လက်နက်သုံးအကြမ်းဖက် ဖြေရှင်းတဲ့နည်းကို စွန့်လွှတ်လိုက်ပါတော့။ နောက်ဖြေရှင်းနည်းတခု ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းကို စမ်းသပ်လုပ်ဆောင်ကြည့်ပါလို့ အကြံပေးပါရစေ။ ခင်ဗျားတို့တ ကယ်ပဲ ပြည်သူတွေကိုချစ်ရင်၊ ပြည်သူတွေပေါ်မှာ သဘောထားမှန်ရင်၊ အခု ကုလသမဂ္ဂက ၀င်ရောက်ဖြန်ဖြေလုပ်ဆောင်ပေးနေတဲ့ လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ၀င်ရောက်လုပ် ဆောင်ကြည့် ပါလို့ တိုက်တွန်းပါရစေ။ ကဲဒီလောက်ပါဘဲဗျာ
နေ့စွဲ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၃ ရက်
Posted by
HinLinPyin
at
07:29
0
comments
Labels: အိပ်ဖွင့်ပေးစာ
Tuesday, 27 November 2007
၉၂ ပြည့်မွေးသမိခင်သို့ ပေးစာတစောင်

အဲဒီညကလေ၊ အမေ။
မိုးလေးတွေက တဖွဲဖွဲကျလို့
မသဲလှပေမဲ့ အသဲကတော့ ကျင်နေတယ်
မခွဲချင်တာကတော့ အမှန်ပါ
အရင်ဆုံးဖြတ်တာက တံခွန်တိုင်
နောက် - အရာတော်
တောင်မြင့်
မှောင်နဲ့ မည်းမည်းထဲမှာ
တနေရာပြီးတနေရာကျန်ရစ်ခဲ့တယ်
စားချင်စိတ်လည်းမရှိ
အိပ်ချင်စိတ်လည်းမရှိ
စဉ်းစားချင်တာပဲရှိပေမဲ့
ဘာမှစဉ်းစားလို့လည်းမပေါ်
သြော်၊ မြစ်ငယ်တောင်ကျော်သွားပါပေါ့လား။
အဖေနဲ့အမေကို
ကန်တော့ခဲ့ပါတယ်
ညီနဲ့ အမ နှမ
ငါ့ကိုခွင့်လွှတ်ကြနော်
တကိုယ်ကောင်းဆန်တာမဟုတ်
သူရဲကောင်းဖြစ်ချင်တာလည်းမဟုတ်
အခြေအနေက တွန်းပို့တော့
ဒို့မှာ ရွေးစရာမရှိလို့သာ။
နားလည်ကြပါကွာ
အဖေနဲ့အမေကို
ဂရုစိုက်ကြပါကွာလို့။
အဲဒီနောက်တော့ အမေရယ်
တောင်တွေ၊ တောတွေ
ချောင်းတွေ၊ အင်းတွေ
လွှားကနဲ လွှားကနဲ၊ တသွားထဲသွား၊
နယ်စွန်နယ်ဖျားထိ
ကဗျာတပုဒ်တောင်ရေးမိသေးတယ်
အမေမှတ်မိမယ်ထင်ပါတယ် …
‘အနောက်ကိုတချက်ငဲ့ကြည့်လို့
အရှေ့ကိုတဲ့ ထွက်ခဲ့တယ်’ ဆိုတာလေ။
ပြက္ခဒိန်စာမျက်နှာတွေ
သစ်ရွက်ခြောက်တွေလို
တဝေေ၀လွင့်ကျ
နီသူတွေဖြူ၊ ဖြူသူတွေနီ
ဘ၀တွေ၊ ချစ်ခင်ရင်းနှီးသူတွေ
သွေကွဲရော၊ ရှင်ကွဲရော
ခွဲခွာကုန်ကြ
အသစ်တွေနဲ့လည်း
တင်းတင်းကြပ်ကြပ်ပဲ
လက်ဆွဲနှုတ်ဆက်ကြ
ဘာသာစကားတောင်
အတော်စုံအောင်တတ်ခဲ့
နှစ်ပေါင်းသုံးဆယ်ဆိုတာ
နည်းသမို့လားအမေရယ်။
အပါးမှာအဖေလည်းမရှိ
ကျနော်တို့လည်းမရှိ
အမေချည့်တယောက်ထဲ
မဟုတ်ဘူး၊ လှေခွက်ချည်းမဟုတ်ဘူး
ပြည်သူတွေနဲ့လက်တွဲလို့
သားမြေးသစ်တွေနဲ့လက်တွဲလို့
အမယ်အို့ခြေလှမ်းမို့
သူတို့လောက်မသွက်လည်း
၁၉၃၆ တုန်းကလိုပဲ
ချီဆဲတက်ဆဲ
အခုလည်းလက်တွန်းလှည်းနဲ့
ရဲရဲကြီးချီတက်နေတဲ့
အမေ့ရဲ့သားမှာ ၁၃၀၀ ရတီ*
အမေအိုဆိုတဲ့စိန်နားကပ်ကြောင့်
ပါးအပြောင်ကြီးပြောင်ခဲ့ရပါတယ်။
အမေလဲလှမ်း
ကျနော်လည်းလှမ်း
ဒီလမ်းကြီးတလျှောက်မှာ
မောတယ်တခွန်းမပြောပါဘူး
၉၀ ကျော်ကြီးနှုတ်က
တခွန်းပဲထွက်ရှာတယ်
ဘာအဓိပ္ပာယ်လဲ
ကဗျာဖတ်သူတွေတွေးကြည့်ပါ
“ငါ့သားကျန်းမာအောင်နေ
အမေလည်းကျန်းမာအောင်နေတယ်” တဲ့။ ။
ဖိုးသံ (လူထု)
* ၁၃၀၀ ပြည့်မျိုးဆက်ကိုညွှန်းတာပါ။
Posted by
HinLinPyin
at
05:23
0
comments
Labels: ကဗျာ
Saturday, 24 November 2007
Friday, 23 November 2007
ကောင်းထက်အတွက် မင်းရဲ့ ဦးမြင့်ဇေ ရေးတဲ့ ကဗျာ
မြစ်ဟာစီးဖို့ဘဲ..
စီးတော့….။
မင်းသယ်မယ့်လမ်းဟာ
မင်းထမ်းထားသလို
မင်းပုခုံးပေါ်မှာ
သူ စောင့်ကြည့်နေတယ်
Antique ကြီးတွေလား ပေါ့..
ဒီမှာ…..။
အံမ၀င်တဲ့ လောကထဲ
အံဝင်အောင် များများ မလိုဘူး
အမှန်တရားကိုချစ်
သစ္စာတရားကို ချစ်
တချို့ အဖြစ်တွေကို
ဥပက္ခော ထား…
တချို့
လောကပါလတရားမှာ
မင်းလည်း ပါရမှာပဲ။
ကြယ်တစင်းကြွေရင်
ကောင်းကင်ငိုတယ်
မင်းပါမယ့် ကောင်းကင်အတွက်
ဂုဏ်ယူလိုမှုတွေနဲ့
မင်းအဖေ စောင့်မျှော်နေခဲ့။ ။
မြင့်ဇေ
ကောင်းထက် ၁၆နှစ်မြောက်မွေးနေ့အတွက် ဆုံဆည်းရာ မှ ကမာပုလဲကဗျာအား ဖတ်ရေးသည်။
21/11/2007
Posted by
HinLinPyin
at
06:31
0
comments
Labels: ကဗျာ
Monday, 19 November 2007
အတ္ထုပ္ပတ္တိအကျဉ်း
ကလေးတယောက်က ငေးကြည့်နေရင်း
သူမြစ်တစင်းဖြစ်သွား။
သူဖြစ်နေတဲ့ --- မြစ်တစင်း။
သူငိုတယ်
ကမ္ဘာလောကကို အရွဲ့ တိုက်တယ်
ဖြစ်ရိုးဖြစ်စဉ်တွေကိုသရော်တယ်
ပြီးတော့ ------
သူငိုတယ် ------ ။
အဲဒီညက
ကြယ်တွေကြွေလိုက်တာ။
ကမာပုလဲ
၁၈၊၁၁၊၀၇
(သားလေးကောင်းထက်
၁၆ နှစ်ပြည့်အမှတ်တရ)
Posted by
HinLinPyin
at
22:21
0
comments
Labels: ကဗျာ
Thursday, 15 November 2007
Tuesday, 13 November 2007
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သို့အိတ်ဖွင့်ပေးစာ
Posted by
HinLinPyin
at
23:32
0
comments
Labels: အိတ်ဖွင့်ပေးစာ
Thursday, 8 November 2007
8 Nov 2007 ဒေါ်အောင်ဆန်းစုကြည်နှင့် ဂန်ဘာရီ တွေ့ဆုံဆွေးနွေး ရုပ်သံ
Posted by
HinLinPyin
at
20:14
0
comments
Labels: ဗွီဒီယို
08/11/2007
ဒေါ်အောင်ဆန်းစုကြည် သူမ၏ ပါတီဝင်များနှင့် တွေ့ဆုံမည်
မနက်ဖြန်ခါ သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ပါတီဝင်များနှင့် တွေ့ဆုံဖို့ နအဖဘက်မှ ခွင့်ပြုလိုက်ပါတယ်။ ဒါဟာ သုံးနှစ်အတွင်းမှာ ပထမဦဆုံအကြိမ်ဖြစ်ပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ မြန်မာပြည်ကနေ ပြန်သွားပြီးနောက် နာရီပိုင်းအတွင်း နအဖပိုင် သတင်းမီဒီယာများကနေ ကြေညာခဲ့ပါတယ်။ နအဖနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား မစ္စတာ ဂန်ဘာရီ အနေနဲ့ တိုးတက်ဖြစ်ထွန်းမှုတွေရရှိအောင်လုပ်ဆောင်သွားခဲ့ကြောင်းကိုလဲ ဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့အကြားဆက်သွယ်ပေးနေတဲ့ ဆက်ဆံရေးဝန်ကြီး အောင်ကြည်အနေနဲ့လဲ သူမနဲ့ ပထမဦးဆုံးအကြိမ် အစည်းအဝေးပြုလုပ်နိုင်ဖို့အတွက် တွေ့ဆုံမှာဖြစ်ကြောင်း နအဖပိုင် သတင်းမီဒီယာများပြောဆိုနေပါတယ်
Summary
Rest of your post
Posted by
HinLinPyin
at
07:39
0
comments
Labels: သတင်း
Wednesday, 7 November 2007
(၇-၁၁-၂၀၀၇)
တောင်ဥက္ကလာပတွင် ဒီကနေ့မနက် (၆)နာရီ၌ Spray Campaign လုပ်ဆောင်
ပေးပို့သူ - မဆုမွန်
Summary
Rest of your post
Posted by
HinLinPyin
at
19:00
0
comments
Labels: ဓါတ်ပုံ
Friday, 2 November 2007
2 Nov 2007
သတင်း-အာရ်အက်ဖ်အေ (၁-၁၁-၂၀၀၇)
Summary
Rest of your post
Posted by
HinLinPyin
at
01:49
0
comments
Labels: သတင်း
Wednesday, 31 October 2007
31 Oct 2007
သတင်း - ဧရာဝတီ (၃၁-၁၀-၀၇)
အဆိုပါ သံဃာတော်များသည် မဟာဝိဇယာရာမ (အရှေ့တိုက်) ဘက်မှ ဗိုလ်ချုပ်လမ်းအတိုင်း မြို့ကိုပတ်၍ ၁ နာရီခန့်ကြာ သည်အထိ မေတ္တာသုတ်ရွတ်ဆို၍ ငြိမ်းချမ်းစွာ လမ်းလျှောက်ခဲ့သည်ဟု ပခုက္ကူမြို့မှ သံဃာတော်တပါးက ဧရာဝတီသို့ ပြောသည်။
“ပေါက်လမ်းကနေ အနောက်ဘက်မှာရှိတဲ့ သီဟို၌ ရှင်ဘုရားကို သွားပြီးဝတ်ပြုဆုတောင်းပြီးတော့ ကိုယ့်ကျောင်း ကိုယ်ပြန် သွားကြတယ်၊ အဓိကက ကံဆောင်တာပဲ”ဟု အထက်ပါ သံဃာတော်က ပြောသည်။
မြို့လူထုက မေတ္တာသုတ်ရွတ်ဆို ကြွချီလာသော ယင်းသံဃာတော်များကို လမ်းဘေးဝဲယာမှ နေ၍ ထိုင်ကန်တော့ခြင်း၊ ကြည်ညိုအားပေးခြင်းများ ပြုလုပ်ကြသည်ဟု ပခုက္ကူမြို့မှ မျက်မြင်တဦးကလည်း ပြောပြသည်။
သံဃာတော်များ ကြွချီရာလမ်းတလျှောက်တွင် ယူနီဖောင်းဝတ် စစ်သားများ၊ ရဲများကို မမြင်တွေ့ရဘဲ၊ အရပ်ဝတ်ရဲဟု ထင်ရသူများနှင့် ကြံ့ဖွံ့တချို့ကိုသာ တွေ့မြင်ရပြီး အေးချမ်းစွာပြီးဆုံးခဲ့သည်ဟု ဆိုသည်။
လတ်တလောတွင် အဖမ်းအဆီးများမရှိသော်လည်း ပါဝင်ဆန္ဒပြသည့် ကျောင်းတိုက်များကို အာဏာပိုင်များက လိုက်လံ စုံစမ်းနေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ်က ပခုက္ကူမြို့ရှိ သံဃာအပါး ၅၀၀ ခန့် မေတ္တာပို့ ရွတ်ဆိုရင်း လမ်းလျှောက် ဆန္ဒပြကြရာ စစ်တပ်က သေနတ် ၁၀ ချက်ခန့်ပစ်ဖောက်ပြီး အာဏာပိုင်များနှင့် ကြံ့ဖွံ့၊ စွမ်းအားရှင်များက ယင်း ဆန္ဒပြ သံဃာများအား ရိုက်နှက်ဖမ်းဆီးခဲ့သည်။ ထိုသို့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုကြောင့် သံဃာ ၁၀ ပါးခန့် ဖမ်းဆီးခံရပြီး သံဃာတချို့ ပြင်းထန်စွာ ဒဏ်ရာရကာ သံဃာတော် တပါး ရိုက်နှက်ခံရသည့် ဒဏ်ရာဖြင့် ဆေးရုံ တင်ခဲ့ရသည်။
တနိုင်ငံလုံးအနှံ့ သံဃာတော်များနှင့် လူထု ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့စေသော ပခုက္ကူမြို့တွင် ယနေ့တွင် ဘုန်းတော်ကြီးကျောင်းတိုက် ၃ တိုက်မှ သံဃာတော် ၇၃ ပါးက မေတ္တာပို့ ချီတက် ဆန္ဒပြမှု ပြုလုပ်လိုက်ပြန်သည်။
မထင်မှတ်ဘဲ တလကျော် ကာလအတွင်း ပထမဆုံး ဆန္ဒပြပွဲ ပြန်လည် ဖြစ်ပွားခြင်း ဖြစ်ပြီး စစ်အစိုးရ ဦးစီးသော ကြံ့ခိုင်ဖွံ့ဖြိုးရေးများ၏ ဟန်ပြညီလာခံ ထောက်ခံပွဲများကို တန်ပြန်ဆန့်ကျင် လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။
“အတိအကျ ပြောရရင် ၇၃ ပါးတိတိ၊ ၈ နာရီခွဲလောက်မှာ လမ်းမှာတွေ့တယ်။ တချို့ ကိုယ်တော်တွေက ဆွမ်းခံကြွနေလို့ မသိလိုက်ဘူး။ အနောက်တိုက်ကနေ စလာတယ်။ ဗောဓိမဏ္ဍိုင်တိုက်ကျောင်းရယ်၊ မြတိုက်ကျောင်းရယ် ကပေါ့နော်” ဟု ပခုက္ကူ ဒေသခံက ဆိုသည်။
Posted by
HinLinPyin
at
05:45
0
comments
Labels: သတင်း
Tuesday, 30 October 2007
30 Oct 2007
သတင်း- ကိုသက်(ဧရာဝတီ)(၃၀-၁၀-၀၇)
လူရွှင်တော် ဇာဂနာကို အာဏာပိုင်တို့က ယမန်နေ့ညနေပိုင်းတွင် မေးမြန်းစစ်ဆေးရန်ဟုဆိုကာ နေအိမ်မှ ခေါ်ဆောင် သွားကာ ယနေ့နံနက်ပိုင်း၌ ပြန်လွှတ်ပေးခဲ့သည်ဟု ဇာဂနာ၏ လုပ်ဖော်ကိုင်ဖက်တဦးက ဧရာဝတီကိုပြောသည်။လူရွှင်တော် ဇာဂနာသည် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် စစ်အစိုးရအား ဝေဖန် ရှုတ်ချမှုများ တောက်လျှောက်ပြုလုပ်နေသောကြောင့် အာဏာပိုင်တို့က ခေါ်ယူသတိပေးခံရခြင်းဖြစ်သည် ဟုလည်း ဇာဂနာ၏ လုပ်ဖော်ကိုင်ဖက်က ပြောသည်။
“လေများလို့တဲ့ … ဟဲဟဲ လေလေးနည်းနည်းလျှော့ဖို့ ခေါ်ပြောတာ။ လျှော့ မလျှော့တော့ မသိဘူးလေ … ဒါကသူ့စိတ်နဲ့ သူကိုး” ဟု ဇာဂနာ၏ လုပ်ဖော် ကိုင်ဖက်က ပြောသည်
လူရွှင်တော် ဇာဂနာသည် စက်တင်ဘာလအတွင်းပြုလုပ်ခဲ့သည့် သံဃာတော် များ၏ ပတ္ထနိက္ကုဇ္ဇနကံဆောင်ပွဲများ၊ ချီတက်ဆန္ဒပြပွဲများကို အားပေးထောက်ခံ ခဲ့သောကြောင့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် အဖမ်းခံရပြီး ယခုလ ၁၇ ရက် နေ့တွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
ထောင်မှပြန်လွတ်လာချိန်၌ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ထောင်တွင်း အတွေ့အကြုံများကို အင်တာနက်ဘလော့ခ် တွင် ရေးသားခြင်းများ ပြုလုပ်ခဲ့သည်။ ဇာဂနာ ထောင်မှလွတ်ပြီးနောက်တနေ့ ဧရာဝတီမှ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းချိန်က “ပြည်သူ့အရေး လက်မနှေးကြနဲ့” ဟူသည့် ဆောင်ပုဒ်နှင့် အညီ ပြည်သူလူထုအကျိုးကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။
ထောင်မှလွတ်လာချိန် ဇာဂနာ၏ ထင်ရှားသည့် နိုင်ငံရေးပျက်လုံးတခုမှာ “သံဃံသရဏံ ဂန်းစာမိ” ဟူသည့် သပိတ်မှောက် သံဃာတော်များအား စစ်တပ်က သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းသည့်အပေါ် သရော်ထားသော ပျက်လုံးဖြစ်သည်။
ဇာဂနာသည် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၁၉၈၈ မှ ၁၉၈၉ အထိ၊ ၁၉၉၀ မှ ၁၉၉၄ အထိ နှစ်ကြိမ် ထောင်ကျခဲ့ဖူးပြီး ထောင်ကျနေသည့် ၁၉၉၁ ခုနှစ်တွင် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဆုတဆုကို ရရှိခဲ့သည်။
ဇာဂနာသည် ၁၉၈၀ ခုလွန်ကာလကတည်းက လူရွှင်တော်ဘ၀ဖြင့် ပြည်သူလူထု၏ ချစ်ခင်အားပေးခြင်းကို ခံခဲ့ရသူဖြစ်ပြီး အုပ်ချုပ်သူအစိုးရအား လှောင်ပြောင်သရော်သော ဟာသပျက်လုံးများကြောင့် အထူးရေးပန်းစား ခဲ့သူဖြစ်သည်။
လွန်ခဲ့သည့်နှစ်အတွင်းက ကိုဇာဂနာအား ဘီဘီစီ (မြန်မာပိုင်း) အသံလွှင့် ဌာနနှင့် အင်တာဗျူးတွင် အစိုးရအား ထိခိုက် စေသည့်စကားလုံးများပြောဆိုသည်ဟူသည့် စွပ်စွဲချက်ဖြင့် အနုပညာလုပ်ငန်းအားလုံးကို စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဌာနက အချိန်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်။ ၁၉၉၆ ခုနှစ်ကလည်း ကိုဇာဂနာ၏ အနုပညာလုပ်ငန်းများ တကြိမ် အပိတ်ခံရဖူးသည်။
Summary
Rest of your post
Posted by
HinLinPyin
at
04:56
0
comments
Labels: သတင်း
30 Oct 2007
ဖိုးဖြူရဲ့တလွဲများ - ၁
zarganar | 21 September, 2007 13:11
မှတ်မှတ်ရရ တတိယနှစ် မြန်မာစာ ကျောင်းသားဘ၀ပေါ့။ကျောင်းအတွက် အငြိမ့်တွေ ကလဲ တဂျိမ်းဂျိမ်း ကနေရတော့ ကျောင်းခေါ်ချိန် က မပြည့်ဖူး၊ဒီတော့ ဆရာမကြီးဒေါ်စီစီဝင်း က သူ့အခန်းကိုခေါ်တယ်၊
ဟောဒီ ကွက်လပ် အခု ၁၀၀ ဖြည့်။ပြီးရင် ပြန်တော့ တဲ့၊ကဲ အဲဒီတုန်းက ဆရာမကြီးတွေ ရဲ့စေတနာ။ခုများတော့ မသိပါဖူး၊ကိုယ်က ကျောင်းအတွက် ကပေးနေရတာလေ။တစ်လ ကို သုံးပွဲလောက် ကနေ ရတော့ ဇာတ်တိုက်တာ နဲ့အစမ်းကတာနဲ့ အစဉ် က တာနဲ့ ဘယ်အချိန် ကျောင်းသွားတက်မှာလဲ၊ဆရာမကြီးက အနုပညာအသင်းရဲ့ဥက္ကဌ။ပြီးတော့ မြန်မာစာ ပါမောက္ခ၊ အဲဒီမှာ ကွက်လပ် အခု ၁၀၀ ဖြည့်ခိုင်းပြီး ၄၀ မှန်ရင် ကျွန်တော့ကိုအအောင် ပေးမှာ။
ကျွန်တော် သိတယ်၊ကျွန်တော် ဆိုတဲ့ကောင်ကလဲ ဒီ ကွက်လပ်လေး ၄၀ တောင်နပ်မှန် အောင်အဖြေမသိဖူး၊အချိန်ပေးထားတာက ၃နာရီ။ချွေးပြန်နေပြီ။တစ်ရာဘေးဖယ်ထား လေး ဆယ်ကို မပြည့်သေးဖူး၊ဟော ၁၅ မိနစ် ပဲ လိုတော့တယ်၊မဖြစ်မနေပေါ့။အပုဒ် ၄၀ ပြည့်အောင် စွတ်ဖြေချလိုက်တာ၊၃၉ပုဒ် နဲ့ တစ် နေပါလေရော။
ဒါနဲ့ဖြေနိုင်မယ် ထင်တဲ့ဟာ ဖြဲကားရှာလိုက်တာ လားလား တစ်ပုဒ်တွေ့ပါလေရော။ ဥက္ကဌကြီး ဦးနေ၀င်း ရဲ့ သခင်နံမယ် မှာ -------- ဖြစ်သည်တဲ့။သိပါတယ် နေပါဦး။ရှု တော့ပါ ပါတယ်။ဘာ ရှု ဆိုပါလိမ့်။သိပြီ သခင်ယေရှု ဆိုပြီး ဖြည့်လိုက်တာပေါ့။ ဒေါင် ကနဲ ပဲ။ ခေါင်းလောင်းထိုးသံတော့မဟုတ်ဖူး။
ဆရာမကြီးတီးထဲ့လိုက်တာလေ
Summary
Rest of your post
Posted by
HinLinPyin
at
04:49
0
comments
Labels: အက်ဆေး/၀တ္ထုတို
Saturday, 27 October 2007
အင်းစိန်ထောင်သို့ရောက်ရှိခြင်း - ဇာဂနာ ဒိုင်ယာရီ (၄)
zarganar | 22 October, 2007 07:42
အင်းစိန်ထောင်ဘူးဝကရုံးခန်းထဲလဲရောက်ရော အာပါးပါးလို့တောင် တ လိုက်မိပါရဲ့။တယ်စည်ကားနေသကိုး။
NLD က ဦးလှဖေ ဦးမြင့်သိန်း CRPP က ဦးကျင်ရှင်းထန် ဦးထောင်ခိုထန်း အမျိုးသားရေးဦးဝင်းနိုင် နဲ့ကို စိုးမြင့်ထိန်။ပဲခူးက သက်တော် ၇၆ နှစ်ရှိတဲ့ဆရာတော် ဦးတေဇောဘာသ။ငွေကြာရံက စာချဆရာတော် ဦးကုမာရ။HIV(ဖြူဖြူသင်းတို့အဖွဲ့)ဝေဒနာသည်တွေကိုထောက်ပံ့ပေးနေတဲ့ကိုသန်းထိုက်အောင်(မဂ္ဂင်ကျောင်း)။သာကေတ NLD က ကိုသန်းဌေး ကိုအောင်ထွန်း ကိုခင်ထွန်း။NLD ရုံးချုပ်က လုံခြုံရေး ကိုအောင်သန်း နဲ့အမည်မသိ အမျိုးသမီးတစ်ယောက်တို့ကို ထိုင်ရက်ကော ထ ရက်ကောတွေ့လိုက်ရပါတယ်။
ဇာဂနာကိုစောင့်နေကြတယ် ဆိုပဲ။စောင့်ရင်းနဲ့ထောင်ကဧည့်ခံတဲ့ ဘဲဥ နဲ့မန်ကျည်းရည်ဟင်းများတောင်လွေးလို့
ကိုင်း လူစုံပြီထောင်ထဲကြွမယ်စည်တော်ဆိုတာနဲ့ရှေ့နောက်တန်းစီပြီးထောင်ဝင်းကြီးထဲချီတက်လာခဲ့ကြပါတယ်။
Posted by
HinLinPyin
at
19:03
0
comments
ဇာဂနာ
စိတ်ကူးယဉ်တဲ့ အလုပ်ကလွဲလို့ ဘာမှ လုပ်စရာမရှိတဲ့ နေရာပါဗျာ။ မိုးလင်းကနေ မိုးချုပ် ငုတ်တုတ် ထိုင်နေရုံကလွဲလို့ ဘာမှ လုပ်စရာမရှိ။ စကားပြောဖော် မရှိ။ မိခင်ဘာသာစကားတောင်မေ့သွားမှာစိုးလို့ စမ်းပြီးပြောပြော ကြည့်နေရတာ။ အီအီးပါလို့ကလည်း မဖြောင့် ရှူးရှူးပန်းလို့ကလည်း အဆင်မပြေ။ ဒန်ပန်းကန်ပြားသာသာ မိလ္လာခွက်ထဲ အီအီးရော ရှူရှူးရော ပါလည်းပါ
ပန်းလည်းပန်း လုပ်ရတာကိုး။ အီးနှစ်တုံးလောက်ဆို ပေါက်ပြီးသား ရှူရှူးတွေက ဖင်ပြန် စင်နေပြီ။ ကိုယ့်ရှူရှူ ကိုယ်ရွံနေလို့ မဖြစ်ပါဖူးလေ လို့သာ သဘောပိုက်ရပါတော့တယ်။ ပါလိုက်ဦးဟ ပန်းလိုက်ဦးဟ။
အီအီးနဲ့ ဆန့်ကျင်ဖက် မန်မန်ကျတော့လည်း တော်တော် အဆင်ပြေသား ခမျ။ စာထဲပေထဲမှာတော့
ရောင်စုံသူပုန်ပဲ ကြားဖူးတာ၊ ခုတော့ ရောင်စုံထမင်း ဆိုတာ တွေ့နေပါပြီ။ အမယ် ဒါတောင် စိတ်မဆိုးနဲ့နော် စိတ်ဆိုးလို့များ ထမင်းလုံးနဲ့ ကောက်ပေါက်လိုက်ရင် နဖူးကွဲသွားမှာ ဘာမှတ်နေလဲ။ ကိုယ့်မှာက စားစရာဆိုလို့ ပါးစပ်တစ်ခုပဲ ပါတာဆိုတော့ ထောင်ကကျွေးတဲ့ ဟင်းပဲ အကောင်းအကန်း လုပ်စားရတာပ။
မနက် ပဲဟင်းတဲ့။ ကိုယ်ပျောက်ပဲ။ လူကြီး အငိုတိတ်အောင် အရိပ်အရောင် မမြင်ရတဲ့ ပဲ ဆိုမှ ပဲဟင်းပါ ခမျ။
ညနေကျတော့ တာလပေါ ဟင်း။ ထောင်စည်းရိုးနားမှာ သန့်ရှင်းရေး ကောင်းနေပုံရတယ်။ ဘာပင် ဘာရွက်မှန် မသိတဲ့ အလေ့ကျတွေလည်း ဖြစ်နိုင်ပါရဲ့။ တွေ့ရာအရွက် ထည့်လို့သာ ချက်ထားတဲ့ တာလပေါနဲ့ မကြာမျှောပြီးရင်ပဲ လာပကောလို့သာ ရေရွတ်လိုက်ပါတော့။ ဂွီဂွီဂွမ်ဂွမ် အသံတွေပေးလို့ လုပ်သားမောင် ၀မ်းနှုတ်ဆေး အမလေး အဘလေး တ သွားလောက်ပါရဲ့။ အိုဘယ့် တာလပေါ။ ကိုယ့်မှာသာ အစားခက် အပေါက်ခက် အပါခက် အနေခက်နေတာ အောင်မာ ထောင်ကျတွေကတော့ ပျော်လို့ဗျား။ ဇာဂနာ တည်းခိုနေရာ စစ်ခွေး နံဘေးက ကွက်လပ်ထဲမှာ မိန်းမ ဘော်လီဘောပြိုင်ပွဲနဲ့ ယောင်္ကျားဘောပွဲ လာလို့များတောင် ကျင်းပနေသေးရဲ့။ တရွှီးရွှီး တဖြောင်းဖြောင်းနဲ့ အာဆီယံမှာ အလံမလွှင့်နိုင်တဲ့ မြန်မာအသင်းတောင် မျက်ရည်ဘူးသီးလောက် ကျသွားလောက်ပါရဲ့။ မှောင်တဲ့အထိ ကန်နေလိုက်ကြတာ။
အော် သူတို့တွေ ခမျာလည်း ဒီလိုမှမနေရင် ဘယ်လိုနေကြမလဲ ထိုင်ငိုနေလို့မှ ထောင်က လွတ်မှာ မဟုတ်ပဲ လို့ တွေးပြီး မြန်မာ့အသံကလွှင့်တဲ့ ဘောပွဲလို အသံသာ နားထောင်ပြီး တနေကုန် လိုက်ရပါတော့တယ်။ ကိုင်း … နေ၀င်ပြီဆိုတာနဲ့ တပ်ထောင်ထာ ခြင်ထု အင်အားစုလို့ လာပြန်တော့ တို့တာဝန်အရေးရယ်ကြောင့် ခြင်နှိမ်နှင်းရေး လုပ်ငန်း စလိုက်ရပါတော့တယ်။ လိုက်သတ်တာတော့ မဟုတ်ပါ။ ပုဆိုးနဲ့ ခါထုတ်ရတာပေါ့။ မရိုသေ့စကား အဲဒီအချိန်မှာတော့ ဇာဂနာ ဖင်တုန်းလုံးလေးနဲ့ ခမျ။ ဟီဟိ ချစ်စရာလေး။ ဒီလို ခါထုတ်မှ မကိုက်ရတဲ့ ခြင်တွေခမျာ တဖြေးဖြေး တပ်ကွဲသွားပြီး ည ၁၁ နာရီလောက်မှာ ပျောက်ဆုံးသွားပါလေရော။ ဒီလိုနဲ့ပဲ ဇာဂနာ့ တစ်နေတာဟာ ပြီးဆုံးခဲ့ရပါတယ်။ သူများတကာ အိပ်ချိန်ရောက်ပြန်လဲ မအိပ်နိုင် နံရံမှီပြီး လုပ်စရာမရှိ ရေပဲသောက်လို့ ခြင်တပ်ကြီး မပျောက်မချင်း ထိုင်လို့သာ စောင့်နေရပါတော့တယ်။
ဘုရားရိုက်မည့် နွားငမိုက်များသို့ …
ဇာဂနာ
အမှန်အကန်အဖန်ဖန် သစ္စာရှိကြဖို့
သံဃံသရဏံ ဂစ္ဆာမိကြပါတော့
အနှစ်ဗလာ အခါခါ မိုက်ကြဆဲဟာမို့
ပလာတာ မကြိုက်တဲ့
နွားငမိုက်တွေမှာတော့
ဘုရားရိုက်တာသာ ခံကြပေရော့လို့
မလျော့မပို
အသော့ ဆိုလိုက်ပါရဲ့။ ။
Summary
Rest of your post
Posted by
HinLinPyin
at
01:28
0
comments
Labels: အက်ဆေး/၀တ္ထုတို
Friday, 26 October 2007
27 Oct 2007
ထိန်းသိမ်းခံရာမှ ပြန်လွတ်လာတဲ့ သက်တော်(၇၆)နှစ်ရှိ ဆရာတော် ဦးတေဇော ဘာသကို ကိုဇာဂနာ ဖူးတွေ့နေပုံ
Rest of your post
Posted by
HinLinPyin
at
21:38
0
comments
Labels: ဓါတ်ပုံ
Posted by
HinLinPyin
at
17:49
0
comments
Thursday, 25 October 2007
Sunday, 21 October 2007
နအဖတို့ မြန်မာ့မြေပေါ်မှ ဘာသာသာသနာကို အမြစ်ဖြတ်ဘို့ကြံစည်
ရဟန်းသံဃာတော်များဦးဆောင်သည့်ဆန္ဒပြပွဲတွင် သံဃာကိုယ်စားလှယ်များအဖွဲ့ ဥက္ကဋ္ဌအဖြစ်ဦး ဆောင်ခဲ့သူ ဦးကောဝိဒကို အာဏာပိုင်တွေက ဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။ ဖမ်းဆီးမရတဲ့အတွက် အောက်တိုဘာလ(၁၂)ရက်နေ့ညအချိန်တွင် ရဟန်းဒါယိကာမ ဒေါ်သင်းသင်းခိုင်နှင့် ကားမောင်းသူနှင့်အတူ အာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ပါတယ်။
ရဟန်းသံဃာ ဆန္ဒပြပြီးတဲ့အခါမှာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် နန်းဦး ကျောင်းမှ ရဟန်းသံဃာတော်အပါး (၅၀) ကိုလည်း မတရားရိုက်နှက် ဖမ်းဆီးးခေါ်ဆောင် သွားပါတယ်။ နန်းဦးကျောင်းမှာ ကျောင်းထိုင်ဆရာတော်နဲ့ နာယကဆရာတော် (၂)ပါး သာကျန်ပြီး တပ်စွဲထားပါတယ်။ စစ်တပ်စွဲထားတဲ့အတောအတွင်းမှာ ဒါယိကာနှင့် ဒါယိကာမ များကိုလည်း ဖမ်းဆီးစစ်ဆေးတယ် ပုံစံတွေထိုင်ခိုင်းတာတွေ ပြုလုပ်ပါတယ်။
ဦးကောဝိဒကို မေးမြန်းတဲ့အခါမှာ “ ဦဇင်းတို့ဆန္ဒပြရတာ ပခုက္ကူမှာ သံဃာတော် တွေကို ကြိုးချည်ပြီး မတရားရိုက်နှက်တာတွေ ပြည်သူလူထုတွေ ဆင်းရဲငတ်မွတ်နေတာတွေ လည်း မခံမရနိုင်တဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ သတင်းစာတွေမှာ ရေးသားဖေါ်ပြထားသလို ဦးဇင်းက စစ်ကိုင်း တိုင်း ချောင်းဦးမြို့နယ် အိမ်တအိမ်မှာ အမေရိကန်ထုတ် ဖောက်ခွဲရေးပစ္စည်းတွေ လက်နက် တွေပိုင်ဆိုင်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ဦးဇင်းနေလို့မရအောင် အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးတာကြောင့် ထိုင်းမြန်မာနယ်စပ်မှာ လာရခြင်းဖြစ်ပါတယ်”။
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် နန်းဦးကျောင်းမှ သံဃာတော်ဦးကောဝိဒ သက်တော် ၂၄ နှစ် ၀ါတော် ၄ ၀ါ အသက် ၁၂ နှစ်အရွယ်တွင် ရှင်ဖြစ်လာခဲ့ပါတယ်။
Summary
Rest of your post
Posted by
HinLinPyin
at
00:09
0
comments
Labels: သတင်း
Saturday, 20 October 2007
ရန်ကုန်တွင် ညမထွက်ရအမိန့် ရုတ်သိမ်း
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယနေ့ညနေပိုင်းအချိန်က ရယက၊ မယက များဦးဆောင်၍ ကားများပေါ်မှ အသံချဲ့စက်ဖြင့် ညမထွက်ရ အုပ်ချုပ်ရေးအား ပြန်လည် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း လိုက်လံကြေညာသည်။ လိုက်လံကြေညာသည့် ရန်ကုန်မြို့တွင်း မြို့နယ်များမှာ ဗိုလ်တထောင်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ပန်းပဲတန်း မြို့နယ် များတွင်ဖြစ်ပြီး အခြားမြို့နယ်များတွင်လည်း ဤသို့ကားများဖြင့် ရယကများမှ လိုက်လံ ကြေညာကြောင်းသိရပြီး နယ်မြို့များတွင်မူ ညမထွက်ရအမိန့်အား ရုတ်သိမ်းခြင်း၊ မရုတ် သေးခြင်းမသိရသေးချေ ။Summary
Rest of your post
Posted by
HinLinPyin
at
23:10
0
comments
Wednesday, 17 October 2007
Sunday, 7 October 2007
အမေ ........ သို့
ဘယ်လိုခေတ်ကြီးလဲ
ကိုယ့်ရင်သွေးကို ရင်ထဲထည့်ဝှက်တာတောင်
မလုံခြုံနိုင်တဲ့အဖြစ်......။
အမေ့ကိုလွမ်းလွန်းလို့
ကဗျာတပုဒ် ရေးကြည့်တယ်
စာရွက်ပေါ်မှာမင်တွေက မပြာဘဲ
သံဃာတော်တွေရဲ့ သွေးတွေသာနီရဲလို့ ......။
ကျနော်ပြန်အလာကို မစောင့်နိုင်တဲ့အမေ
ဒီကြေကွဲမှုတွေနဲ့ ဒီနိုင်ငံမှာ
အမေအကြွေစောပေမယ့်
မနှမြောတော့ဘူး......။
ကမာပုလဲ
၀၇.၁၀.၀၇
Posted by
HinLinPyin
at
19:14
0
comments
Labels: ကဗျာ
Wednesday, 3 October 2007
၎အောက်တိုဘာ၂၀၀၇
ဝတ်ပြုဆုတောင်းပွဲများကျင်းပ၍ လှုပ်ရှားမှုများ ပြန်လည်စတင်ရန် သံဃာတော်များနှင့် ကျောင်းသားများ စုပေါင်းကြေညာ
NEJ/ ၃ အောက်တိုဘာ ၂၀၀၇
စစ်အာရှင်များ၏ အကြမ်းဖက်မှုကြောင့် သာသနာတော်ထွန်းကားရေးနှင့် တမျိုးသားလုံး လွတ်မြောက်ရေးအတွက် အသက်ပေးလှူသွားကြသည့် ရဟန်းသံဃာတော်များနှင့် ကျောင်းသားများ အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ၀တ်ပြု ဆုတောင်းပွဲများကို တနိုင်ငံလုံး ကျင်းပသွားမည်ဟု လူထုလှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီမှ ယနေ့ကြေညာချက် ထုတ်ပြန်သည်။
လူမျိုးအသီးသီးမှ သက်ဆိုင်ရာဘာသာများအလိုက် တန်ခိုးကြီးဘုရားများ၊ ဘုရားရှိခိုးကျောင်းများ၊ ဗလီကျောင်းများ၊ ဘုံကျောင်းများတွင် အောက်တိုဘာ (၅) ရက်မှ (၇) ရက်အထိ (၃) ရက်တိတိ ဖယောင်းတိုင်များ ထွန်းညှိပူဇော်၍ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဆုတောင်းသစ္စာပြုခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။
အဆိုပါနေ့များမှစ၍ နေအိမ်ရှိ ဘုရားကျောင်းဆောင်များတွင် သာသနာ့အလံတော်များ စိုက်ထူရန်လည်း ကြေညာချက်တွင် နှိုးဆော်ထားသည်။
၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်သည့် ကိုစိုးထွန်းက “ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ အာဇာနည် အပေါင်းအတွက် ကျနော်တို့ဟာ ဒီလိုဝတ်ပြုဆုတောင်းပွဲတွေကို နိုင်ငံတ၀န်းလုံးမှာရှိတဲ့ ဒေသ အလိုက် ဘုရားတွေမှာ ဖယောင်းတိုင် ထွန်းညှိပူဇော်ပြီး မေတ္တာပို့ဆုတောင်းကြဖို့ လိုပါတယ်။ သက်ဆိုင်ရာလူမျိုးအသီးသီးကလည်း ဘာသာအသီးသီးအလိုက် ၀ိုင်းဝန်း ဆုတောင်ပေးကြဖို့ ပန်ကြားလိုပါတယ်” ဟု ပြောသည်။
မင်းဆိုးမင်းညစ်အောက်မှ အမြန်လွတ်မြောက်၍ တိုင်းပြည်ငြိမ်းချမ်းသာယာပါစေကြောင်း၊ မတရားဖမ်းဆီးချုပ်နှောင် နှိပ်စက်ညှဉ်းပန်းခံနေရသော သံဃာတော်များ၊ ကျောင်းသားလူငယ် များနှင့် ပြည်သူများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ပါစေကြောင်းနှင့် လွတ်မြောက်ရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေးတို့အတွက် သွေးစည်းညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖယ်ရှားသွားမည်ဖြစ်ကြောင်း လေးလေးနက်နက်ဆုတောင်း သစ္စာပြုသွားကြမည်ဟု ကြေညာချက်တွင် ပါရှိသည်။
တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ပြောခွင့်ရသူ ကိုတင်ထူးအောင်က “ကျနော်တို့အနေနဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦတွေမှာ လူစုလူဝေးလုပ်ခွင့်မရရင် အိမ်တွေမှာ အတတ်နိုင်ဆုံးလုပ်မယ်ဗျာ။ တဦးချင်းအနေနဲ့သော်လည်းကောင်း၊ အစုအဖွဲ့အနေနဲ့ သော်လည်းကောင်း ရအောင်လုပ်သွားဖို့ ကြေညာချက်ကို ထုတ်ပြန်တာပါ” ဟုပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လှုပ်ရှားမှုများ ယာယီအားဖြင့် ငြိမ်သက်သွားသောကြောင့် ယခု ကြေညာချက်ကို လှုပ်ရှားမှုများ ပြန်လည်စတင်ရန် ရည်ရွယ်၍ ထုတ်လိုက်ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုလှမျိုးနောင်က ပြောသည်။
“အခု ကျနော်တို့လှုပ်ရှားနေတာဟာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ဖို့အတွက် လှုပ်ရှားနေတာ ဖြစ်တယ်။ အခုလှုပ်ရှားမှုတွေကနေ စပြီးတော့ ကျနော်တို့ လူထုအုံကြွမှုကြီးတခုဆီကို ဦးတည်ပြီးသွားမယ်။ လှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်သွားမယ်” ဟု ၎င်းက ပြောသည်။
ပြည်သူများ၏ ဒုက္ခဆင်းရဲအတွက် သံဃာတော်များက ရှေ့မှရပ်တည်ပြောဆိုလှုပ်ရှားနေခြင်း ဖြစ်သည့်အတွက် ပြည်သူများက ပူးပေါင်းပါဝင်ကြစေလိုကြောင်းလည်း ကိုလှမျိုးနောင်က တိုက်တွန်းသည်။
“လူထုအများစုအနေနဲ့ သဘောပေါက်ဖို့က စစ်တပ်ကလိုက်လံဖမ်းဆီး ရိုက်နှက်ပစ်ခတ်နေတာ တွေကို အန္တရာယ်လို့ယူဆရင် ဒီစစ်အာဏာရှင်စနစ်ကို ဆက်ပြီး သက်ဆိုးရှည်ခွင့်ပေးလိုက်တာ ပိုပြီးအန္တရာယ်ကြီးလိမ့်မယ်” ဟု ၎င်းကပြောသည်။
လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မတီကို စက်တင်ဘာ (၂၇) တွင် ဖွဲ့စည်းခဲ့သည်။
ယင်းကော်မတီတွင် ရဟန်းသံဃာများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသားလူငယ်များ၊ ကဗျာဆရာများ၊ တေးရေးဆရာများ၊ ရှေ့နေများနှင့် ၈၈ မျိုးဆက်သစ် သတင်းစာဆရာများက ပါဝင်ဖွဲ့စည်းခြင်းဖြစ်သည်။
Posted by
HinLinPyin
at
20:07
0
comments
လူကိုလူလိုအုပ်ချုပ်ရေး ဗမာပြည်မှာမရှိ.........
Posted by
HinLinPyin
at
06:08
0
comments
Labels: ဗွီဒီယို
Monday, 1 October 2007
၁အောက်တိုဘာလ၂၀၀၇
| ညောင်ဦးမြို နဲ့  ကျောက်ပန်းတောင်းမြို့ တို့ မှာလည်း ဆန္ဒပြမှုတွေဖြစ်ပွားနေတယ်လို့  သိရပါတယ်။ ဈေးဆိုင်တွေ ပိတ်ထားတယ်လို့ လည်း ကြားရပါတယ်။ |
1 Oct 07, 13:55 အခု ထိုင်းစံတော်ချိန် နေ့လည် 1:45 pm မှာ ထိုင်းသံဃာ ၁၁ ပါး နဲ့ ထိုင်း လူမျိုး ၄၅ ဦး ဘန်ကောက်ရှိ မြန်မာသံရုံကို လာလောက်ဆန္ဒပြနေပါတယ်၊ |
1 Oct 07, 13:30 အခု နေ့ လည် ၁ နာရီခွဲ မှာ အင်းစိန်ဖက်မှာ သမိုင်းလမ်းဆုံသို့  လည်း ၂၀၀၀ ခန့် ချီတက်လာနေကြောင်း သတင်းရ( ရန်ကုန်ဖုန်းသတင်း ) |
Posted by
HinLinPyin
at
01:51
0
comments







.jpg)
.jpg)
.jpg)
.jpg)



