Thursday 8 November 2007

08/11/2007

ဒေါ်အောင်ဆန်းစုကြည် သူမ၏ ပါတီဝင်များနှင့် တွေ့ဆုံမည်

မနက်ဖြန်ခါ သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ပါတီဝင်များနှင့် တွေ့ဆုံဖို့ နအဖဘက်မှ ခွင့်ပြုလိုက်ပါတယ်။ ဒါဟာ သုံးနှစ်အတွင်းမှာ ပထမဦဆုံအကြိမ်ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ မြန်မာပြည်ကနေ ပြန်သွားပြီးနောက် နာရီပိုင်းအတွင်း နအဖပိုင် သတင်းမီဒီယာများကနေ ကြေညာခဲ့ပါတယ်။ နအဖနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား မစ္စတာ ဂန်ဘာရီ အနေနဲ့ တိုးတက်ဖြစ်ထွန်းမှုတွေရရှိအောင်လုပ်ဆောင်သွားခဲ့ကြောင်းကိုလဲ ဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့အကြားဆက်သွယ်ပေးနေတဲ့ ဆက်ဆံရေးဝန်ကြီး အောင်ကြည်အနေနဲ့လဲ သူမနဲ့ ပထမဦးဆုံးအကြိမ် အစည်းအဝေးပြုလုပ်နိုင်ဖို့အတွက် တွေ့ဆုံမှာဖြစ်ကြောင်း နအဖပိုင် သတင်းမီဒီယာများပြောဆိုနေပါတယ်
Summary

Rest of your post

No comments: