Saturday 29 September 2007

29.sep.2007
အထူးတိုက်တွန်းချက်။ ။ ဘာသာသာသနာနဲ့ လူမျိုးကို ရမ်းကားယုတ်မာနေတဲ့  နအဖကို သင်တို့  လက်တွေ့  မြင်နေကြတယ်။ တနင်္လာနေ့ မှာ အထွေထွေအလုပ်သမားသပိတ်စမယ်။ ပြည်သူ့  သစ္စာကိုစောင့်သိတဲ့ ပြည်သူဝန်ထမ်းဖြစ်ပါစေ။ နအဖရဲ့  စက်ယန္တယားမှန်သမျှကို ရပ်တန့် ဖို့  အလုပ်ရုံး စက်ရုံအလုပ်ရုံတွေကို မသွားကြဖို့ ။ စက်တင်ဘာမှာ ဘုန်းဘုန်းတို့ က ဦးဆောင်ပြီး စခဲ့တယ်၊ အခု ပြည်သူတွေ ပါလာကြတယ်။ ဒီတော့ ပြည်သူ့  ၀န်ထမ်းတွေ အားလုံး - အောက်တိုဘာ အထွေထွေအလုပ်သမားသပိတ် - စမယ်ဗျို့ ။

29 Sep 07, 16:40
သတင်းများအရ - ယခုအခါ သန်းရွှေနှင့် မောင်အေးတို့  အားပြိုင်နေပြီး၊ စစ်တပ်တွင် နှစ်အုပ်စု သေချာစွာ ကွဲနေပြီဖြစ်ကြောင်း၊ သန်းရွှေဘက်တွင် အောင်သောင်း၊ မောင်သောင်း၊ ကျော်ဆန်း၊ မောင်ဦးနှင့် သိန်းဇော်တို့ ပါဝင်သွားကြောင်း။ စစ်ဗိုလိများမှ သန်းရွှေအမိန့် နာခံလိုသူနှင့် မောင်အေးအမိန့် နာခံလိုသူ ကွဲလာနေပြီဖြစ်ကြောင်း၊ ဗိုလ်မျူးချုပ်တစ်ဦးအဆိုအရ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းမှအပ လုံးဝပြစ်ခတ်မှုမလုပ်ရန် မောင်အေးမှ အမိန့် ပေးထားကြောင်း၊ ဒါကို သန်းရွှေအမိန့် ကိုနာခံသောအုပ်စုမှ လုံးဝမကျေနပ်ကြောင်း စသဖြင့် သိရှိရပါသည်။ ထို့ ကြောင့် ဆန္ဒပြသူများအနေဖြင့် စစ်တပ်အား သိမ်းကြုံးပြီးဆဲဆိုတာမျိုး လုံးဝမလုပ်ဘဲ၊ မကျေနပ်လျှင် သန်းရွှေနှင့် နောက်ပါ ၀န်ကြီးများကိုသာ ခွဲခြားပြောဆိုသင့်ကြောင်း အဆိုပါ ဗိုလ်မှူးချုပ်မှာ ပြောငြာားကြောင်း သိရပါသည်။

No comments: