Saturday 29 September 2007

ဘာသာသာသနာနဲ့ လူမျိုးကို ရမ်းကားယုတ်မာနေတဲ့  နအဖကို သင်တို့  လက်တွေ့  မြင်နေကြတယ်။ တနင်္လာနေ့ မှာ အထွေထွေအလုပ်သမားသပိတ်စမယ်။ ပြည်သူ့  သစ္စာကိုစောင့်သိတဲ့ ပြည်သူဝန်ထမ်းဖြစ်ပါစေ။ နအဖရဲ့  စက်ယန္တယားမှန်သမျှကို ရပ်တန့် ဖို့  အလုပ်ရုံး စက်ရုံအလုပ်ရုံတွေကို မသွားကြဖို့ ။

29 Sep 07, 15:48

အခု ရန်ကုန်၊ ဘုန်းကြီးလမ်း ဆန္ဒ္ဒပြပွဲတွင်လူအင်အား () သောင်းခန့်ရှိ ပြီး၊ များသောအားဖြင့် အထက်တန်းကျောင်းသားအရွယ်တွေများကြောင်း သိရှိရပါသည်။

29 Sep 07, 15:47

ကုလကိုယ်စားလှယ် အီဘရာဟင် ဂန်ဘာရီ မြန်မာစံတော်ချိန် (၁၂) နာရီမှာရောက်ရှိ. ညနေ ()နာရီတွင် နအဖထိပ်ပိုင်းမှ တွေ့ဆုံဖို့စီမံထားကြောင်း သိရှိရသည်။

29 Sep 07, 15:35

ဒီမှာက လိပ်စာပါ - ကုလကိုယ်စားလှယ်ကြီး ပြန်သွားလို့  မဟုတ်တာတွေ ပြောခဲ့ရင် - Professor Ibrahim Gambari . Undersecretary General for Political Affairs . United Nations . S-3770A New York . NY 10017 USA . Tel: +1 212 963 5055/ 0739 , Fax: +1 212 963 5065/ 6940 (ATTN: UNDER SECRETARY GENERAL POLITICAL AFFAIRS) E-mail: gambari@un.org

29 Sep 07, 15:22

တရုတ်တန်းမှာတော့ မိုးပေါ်ဘဲ ထောင်ပြစ်ပြနေတာပါတဲ့။ သေချာစွာ သတင်းပို့ လာပါတယ်။

29 Sep 07, 15:13

ခိုင်လုံသော သတင်းပေးပို့ ချက်အရ - ဒီနေ့ တွင် ကုလကိုယ်စားလှယ်ရှိနေသောကြောင့် စစ်တပ်မှ အပေါ်ကို ခြောက်လှန့် ထောင်ဖောက်ခြင်းမှ လွဲပြီး ပြစ်ခတ်သတ်ဖြတ်မှုမလုပ်ရန် အထက်မှအမိန့် ပေးထားကြောင်းသိရပါတယ်။ ပြည်သူလူထုနဲ့ အတူ ပူးပေါင်းပါဝင်ကြဖို့ မိမိတို့ နီးစပ်ရာကို အကြောင်းကြားပေးပါ။

29 Sep 07, 14:48

လူထုဆန္ဒပျြမှု ဆက်ရှိနေပါတယ်။ ဒီနေ့ လူထုတွေဟာ စည်းကမ်းရှိစွာနဲ့ လုပ်နေကြပါတယ်။ အားလုံက ၀ိုင်းထိန်းနေကြပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြတာပါ။ ကုလကိုယ်စားလှယ်ရောက်နေတာကြောင့်ရယ်၊ စစ်တပ်အတွင်း မှာ အကွဲအပြဲရှိတယ်လို့ ကြားရတဲ့အတွက်ရယ် ဒီနေ့  စစ်တပ်က ပြစ်မှာမဟုတ်ဖူးလို့  သုံးသပ်ကြပါတယ်။ ပြည်သူတွေ ပိုမိုပူးပေါင်း လာကြဖို့ ဖိတ်ခေါ်နေပါတယ်။ မနေ့ တနေ့ ကလို ပြစ်မှာမျိုး မရှိနိုင်တဲ့အတွက် စိုးရိမ်စိတ်တွေ မထားဘဲ ကုလကိုယ်စားလှယ်ရောက်တုန်း အခွင့်အရေးကို အပြည့် အ၀အသုံးချပြီး လူထုဆန္ဒပြမှုတွေကို ဆက်လက်တောင့်ခံထားဖို့ ၊ နောက်နေ့ တွေမှာလည်း ဆက်လက်လုပ်ဆောင်ကြဖို့  ဆော်သြော်နေကြပါတယ်။

29 Sep 07, 14:25

: ညဘက်များတွင် စစ်သားများ ကြံ့ ဖွတ်များနှင့် ရဲ့များမှ ၀င်ရောက်စီးနင်းဖမ်းဆီးမှုများကြောင့် - မန္တလေးမြို့ တွင် ဘုန်းဘုန်းများမှ ဘုန်းကြီးကျောင်းတိုက်များနှင့် ရပ်ကွက်သူရပ်ကွက်သားများအား အထူးမှာကြားထားပါတယ်။ မိမိတို့ လုံခြုံရေးကို မိမိတို့ ယူရန်နှင့် အလှည့်ကျကင်းစောင့်ကာ စစ်သားများ၊ ရဲများ၊ လူစိမ်းများ ၀င်လာပါက ဘုန်းကြီးကျောင်းတိုင်း တုံးခေါက်ရန်နှင့် တစ်ရပ်ကွက်လုံး အချက်ပြအသံများဝိုင်းတီးကြရန် မှာကြားထားပါတယ်။ ဒီဟာမျိုး ရန်ကုန်ရော မြို့ အသီးသီးမှာ လုပ်သင့်ပါတယ်။

29 Sep 07, 14:09

အထူးအသိပေးချက် - နအဖအစိုးရ၏ ရက်စက်ရမ်းကားမှုများကို သိနေတွေ့ နေ မြင်နေ ကြားနေကြရသော အလုပ်သမားဝန်ထမ်းအပေါင်းတို့  - လာမည့်  တနင်္လာနေ့ တွင် အထွေထွေအလုပ်သမားသပိတ် စတင်ရန်အတွက်၊ အလုပ်များ ရုံးများ ကုမ္မဏီများမှအစ မည်သည့် စက်ရုံအလုပ်ရုံမကျန် လုံးဝ လုံးဝ မသွားကြရန်နှင့် ရဟန်းရှင်လူများ ဦးဆောင်လျက်ရှိသောလူထုတိုက်ပွဲကြီးနှင့်အတူ အထွေထွေအလုပ်သမားသပိတ်ကြီး စတင်ကြပါရန် အထူး၊နှိုးဆော်အပ်ပါသည်။ ပြည်သူ့ ဝန်ထမ်းဆိုသည်မှာ ပြည်သူအပေါ်သစ္စာစောင့်သိရန် ဖြစ်ပါသည်။ ဘာသာသာသနာနှင့်လူမျိုးကို ဖျက်ဆီးနေသော နအဖအား စောင့်သိရန်မဟုတ်။ နအဖရဲ့  လည်ပတ်နေတဲ့ စက်ယန္တယားမှန်သမျှ ရန်တန့် ရန် အစွမ်းကုန် ပြည်သူ့ ဝန်ထမ်းအားကို ပြကြပါစို့ ။ ခံစားနေကြရသော ပြည်သူအား ငဲ့ညှာစွာဖြင့် လက်တွဲကြပါစို့ ။

29 Sep 07, 13:56

ယမန်နေ့ ညနေပိုင်းမှ စတင်ခဲ့သော မန္တလေး ဘုရားကြီးတ၀ိုက် ၄၂ နှင့် ၄၅ လမ်းတ၀ိုက် ရဟတ်ယဉ်ဖြင့် စတင်ကင်းလှည့်မှု ၊ ယနေ့ အထိ ဆက်လက်ရှိနေ ၊ မြေပြင်သို့ လွန်စွာနိမ့်ဆင်းပြီး လမ်းများတလျှောက် မောင်းနှင်နေ ၊ ကျောင်းများ ဆက်လက်ပိတ်ထားပြီး ၊ ဆရာ/ မ များကို နားနေခန်း နှင် ရုံးခန်းများတွင် အကျယ်ချုပ်သဖွယ် ခေါ်ယူထိန်းချုပ်ထား ...

29 Sep 07, 13:48

ကိုဇာဂနာရဲ့  ဖေါ်ပြချက် - ၀တ်ပြထားတာ အပေါ်မှာ shrit အကောင်းစားနဲ့  ရွှေဆွဲကြိုး ၅ ကုံး လက်တွေမှာ လက်စွပ်အပြည့်ဝတ်ပြီးတော့ အောက်မှာတော့ ဘောင်းဘီက စုတ်ပြတ်ပြီး ဖင်ကလဲပေါက်နေသေးတယ်။ အပေါ်ပိုင်းကတော့ ချမ်းသာပါရဲ့ အောက်ပိုင်းကတော့ စုတ်ပြတ်နေတာဘဲဆိုပြီး နအဖတွေ ချမ်းသာနေပြီး ပြည်သူတွေဆင်းရဲနေတာကို သရုပ်ဖေါ်ပြလိုက်ပါတယ်။

ရန်ကုန်မှာကြားနေရတာကတော့ဂမ်ဘာရီကို Trader Hotelမှာထားပြီးနယ်ကကြံဖွတ်အင်းအားကောင်းတဲ့မြို့တွေခေါ်သွားပြီး.သူတို့ကြံ့ဖွတ်တွေကို ဆန္ဒပြခိုင်းမယ်လို့ သတင်းရပါတယ်.

29 Sep 07, 12:55

ရန်ကုန်မဂိုလမ်း(ရွှေဘိုသာလမ်း)တွင်လည်း ပြည်သူ့ဆန္ဒပြပွဲ စတင်ပြီ

29 Sep 07, 12:54

ရေနံချောင်း၊ တောင်ကုတ်၊ စစ်တွေ တွင်ပြည်သူ့ဆန္ဒပြပွဲ စတင်ပြီ

29 Sep 07, 12:19

စင်ကာပူလူမျိုးတစ်ယောက် ရန် ကုန်မှာ ဒဏ်ရာရလို့  ဆေးရုံ တက်နေရပါတယ်။ ရိုက်ပုတ်ခံရပြီး သေနတ်နဲ့ ပြစ်ခံရလို့ ပါ။ စင်ကာပူသံရုံးမှ သွားရောက်ကြည့်ရှုနေပါတယ်။

29 Sep 07, 12:14

: မနေ့က ဆင်မလိုက်နားက အစိုးရ သစ်စက်က အလုပ်သမားက စစ်တပ်ကို ဓာတ်ဆီပုလင်းနဲ့ လှမ်းပစ်လို့ စက်သေနတ်နဲ့ ရမ်းရာ လူ၂ယောက် ကျည်ထိသေဆုံး၊ ထိုတပ်နဲ့ အဆက်အသွယ်ရှိသူက အချိုသတ် စုံစမ်းလို့ ယခု သတင်းရရှိ

29 Sep 07, 12:06

ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂန်ဘာရီ နာရီပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို ရောက်ပါတော့မယ်။

29 Sep 07, 11:56

ကြားသိသောသတင်း - ဒီနေ့စစ်တပ်က ဘယ်နေရာကလူထွက်ထွက် ခေါင်းဆောင်လို့ ထင်ရသူကို စနိုက်ပါနဲ့ ပစ်မယ်လို့ သတင်းရပါတယ် တပ်ထဲက ထွက်လာတဲ့ သေချာတဲ့သတင်းပါစနိုက်ပါက နေရာတိုင်းကို ညှပ်ပြီး ချိန်ပြီးပြီလို့ ပြောပါတယ်ပြီးတော့ လူထုကို ၂ဖက်ညှပ် ၀င်ရိုက်မယ် ဒီနေ့ ဆန္ဒပြပွဲကို အပြီးသတ်ချေမှုန်းမယ်လို့ ပြောပါတယ်

29 Sep 07, 08:54

ဒီနေ့  ကုလသမဂ္ဂကိုယ်စားလှယ်ကို လှည့်ဖြားဖို့  မြန်မာပြည်အနှံ့ မှာ ပြည်သူထူထုဆန္ဒပြပွဲကို ဆန့် ကျင်တဲ့ အတုအယောင် ကန့် ကွက်ဆန္ဒပြပွဲတွေကို နအဖက ကြံ့ ဖွတ်တွေကို ဦးဆောင်ခိုင်းပြီး လူတွေကို အတင်းအဓမ္မခေါ်ထုတ်ပြီး လုပ်လိမ့်မယ်။ ပြည်သူလူထုအနေနဲ့  ပြည်သူလူထုရဲ့ စစ်မှန်သော ဆန္ဒပြမှုများမှာသာ ပါဝင်ကြဖို့  အထူးသတိပေးအပ်ပါတယ်။ နီးစပ်ရာအမြန်သတိပေးပေးကြပါ။

29.sep.2007

No comments: