Wednesday, 26 September 2007

၂၇ စက်တင်ဘလ ၂၀၀၇

လိုင်းကားတွေမှာ ဘုန်းဘုန်းတွေပါရင် လိုင်းကားပေါ်ကဆင်းခိုင်းနေပါတယ်။ ဒညင်းကုန်း မှတ်တိုင်၊ အင်းစိန်၊ သမိုင်း၊ လှည်းတန်း၊ မြေနီကုန်းမှတ်တိုင် တိွု့မှာ ဆင်းခိုင်းပါတယ်။ (စက်ရပ်သတင်းပါ။)

11:17

ဒီနေ့သတင်းစာမှာလည်း ဓါးမြဘုန်းကြီးတဲ့ စစ်အစီုးရ ရေးသားသတဲ့ . မိုက်ပုံက ကမ်းကုန် ဘာနဲ့မှနှိုင်းလို့မရတော့ဘူ ဒီအစွယ်ချိုးမှ ဖြစ်တော့မယ် ကမ္ဘာသိအောင်မိုက်နေတဲ့ ဒင်းတို့ မျိုးပြုတ်အောင်တိုက်ကြစို့

11:09

သာကေတဖက်ကနေ လူထုနဲ့ဘုန်းတော်ကြီးတွေ ရန်ကုန်ထဲကို စတင်ဝင်ရောက်လာနေကြပါပြီ

- ဆူးလေမှာ ပြည်သူအများကြီး ရှေ့ဆောင်ရုံရှေ့ဘက်မှာ လျှောက်နေတယ်.နောက်ကတော့ ပြည်သူတွေကို သတ်ဘို့မဟုတ်ဘူးဆိုတဲ့ဟစ်အော်သံတွေကို ကြားရတယ် ဆူးလေမီးပွိုင့် မှာ ..ဘုန်းကြီးတွေက လူတွေရဲ့အရှေ့ဘက်ကနေကာပြီး မတ်တပ်ရပ်နေတယ်.လူတွေက ဘုန်းကြီးတွေနောက်မှာ အများကြီးဘဲ

10:21

စစ်သားတစ်ယောက်မှတော့မရှိပါဘူး။ ရဲအဖွဲ့တစ်ဖွဲ့ကို အင်အား (၂၀)ရှိတယ်။အလံပြဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်မှာ တစ်ဖွဲ့ ဆူးလေအနီးက မဟာဗန္ဓုလလမ်းပေါ်မှာ တစ်ဖွဲ့ ဆူးလေးမြောက်ဘက်အပေါက်မှာ ရဲများ စောင့်ကြပ်နေပါတယ်။ ဆူးလေအပေါ်တက်တဲ့ အပေါက်ကို ပိတ်ထားပါတယ်။ မြို့တော်ခန်းမအတွင်းမှာ အရာရှိများစီးသည့်ကား (၁၀)စီးရှိတယ်။ အမျိုးအစားမတူပါဘူး ။

10:12

ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာ လွန်ခဲ့တဲ့ (၃၀)မိနစ်က ရိုက်နေပြီလို့ မျက်မြင်ကြုံတွေ့ခဲ့သူတစ်ဦးကို ပြောကြားပါတယ်။

10:08

ဆုလေပေါ်တက်တဲ့အပေါ်က်ကို ပိတ်ထားပါတယမြို့တော်ခန်းမအတွင်းမှာ အရာရှိများစီးသည့်ကား (၁၀)စီးရှိတယ်။်

10:07

နအဖမှ စွမ်းအားရှင်များအား ဘုန်းကြီးအယောင်ဆောင်ခိုင်းပြီး အစ္စလာမ်မော့စ် (Islamic Mosque) များအား ဖျက်ဆီးမည်ဟု သတင်းရထားပါသည်။

27 Sep 07, 10:06

စစ်သားတစ်ယောက်မှတော့မရှိပါဘူး။ရဲအဖွဲ့ တဖွဲ့ အင်အား ၂၀ နဲ့အလံပြဘုရားလမ်းနဲ့ အနော်ရထားလမ်းထောင့်မှာ တဖွဲ့

10:04

စစ်ကား truck ကား ၁၃ စီးရှိတယ်မြို့တော်ခန်းမရှေ့မှာ မီးသတ်ကား ရ စီးရှိတယ်

10:04

ဆူးလေဘုရားထဲလုံခြုံရေး ၈၀၊၁၀၀ လောက် ရှိတယ်။မြောက် ဘက် နဲ့ ပန်းဆိုးတန်းဖက်ကို အင်အား ၁၅ ယောက် စီလောက် ခွဲလွှတ်နေတယ်

09:59

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝန်ထမ်းများကို အရပ်ဝတ်နဲ့ ဆန္ဒပြသူများနှင့်အတူရော၍ လိုက်ခိုင်းထားကြောင်း ခိုင်လုံတဲ့သတင်းရပ်ကွက်မှ ပြောပါသည်။ သတိထားရန်လိုအပ်ပါသညိ

09:43

ယခု ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ရှိ မီးပွိုင့်အား အာဏာပိုင်များမှ ပိတ်ထားကြောင်း သိရှိရသည်။

09:33

ညက စစ်သားများဝင်စီးသော ဘုန်းကြီးကျောင်းများ ငွေကြာရံ(တောင်ဥက္ကလာ)၊ စစ်ကိုင်း (သုဝဏ္ဏ) ၊ မိုးကောင်း(တောင်ဥက္ကလာ)၊ သိပ္ပံ(ရွှေဂုံတိုင်) ၊ မဂ္ဂင်(သင်္ဃန်းကျွန်း)၊ သိမ်ဖြူဂုံးဆင်းက ကျောင်း ကံဘဲ့မိုးကောင်းကျောင်းနှင့် တောင်ဥက္ကလာငွေကြာရံကျောင်းတို့အား စစ်ကားအစီး(၃၀)ခန့်ဖြင့် ၀င်ရောက်စီးနင်း၍ သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြသည်။ ကံဘဲ့မိုးကောင်းကျောင်းတိုက်တွင် စစ်ကားများဖြင့် ကာရံထားသော ၀င်းတံခါးအား ၀င်ရောက်တိုက်ဖျက်၍ သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးခဲ့သည်။သံဃာများက တုံးမောင်းခေါက်၍၄င်း၊သံပုံးများတီး၍၄င်း ရပ်ကွက်အတွင်းအကူအညီတောင်းခံခဲ့သော်လည်း စစ်သားများက ထွက်လာသောလူအများအား သေနတ်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ကျောင်းထိုင်ဆရာတော် ဦးဝိလာသမှ ၀င်ရောက်ဖြန်ဖြေရာ စစ်သားများက ထိုကျောင်းထိုင်ဆရာတော် ဦးဝိလာသအား ကြိုးဖြင့်တုတ် တုတ်ဖြင့်ရိုက်နှက်ကာ ထားခဲ့ကြသည်။ ဒီကိစကိုင်တွယ်နေတာရဲချုပ်ခင်ရီဖြစ်ပါသည်။။ အားလုံးကြိုးတုတ်ခေါ်သွား ခံရကြသော့ပြည်သူ တွေလည်း မကျေမချမိးဖြစ်နေကြပါသည်။

အပြည့်အစုံသို့...

ကျဆုံးပျံလွန်တော်မူ..အာဇာနည်သံဃာစာရင်းထုတ်ပြန်ခြင်း

အစအဆုံး..ကြည့်ချင် ရင်…...

အပြည့်အစုံသို့...

26 Sep 07, 17:21

ဆူးလေ ..ဗိုလ်တထောင် ..ပုစွန်တောင် စိန်ပေါ ...မင်္ဂလာဈေး . သီတာ .. ကျောက်မြောင်း အတိုင်း ဆက်လက်ချီတက်ပြီး လုစုခွဲလိုက်ပါတယ်။ ဗိုလ်တထောင်ဘုရားမှာ ဘုန်းကြီး ၂ ပါး .. ကျောင်းသား ၁ ယောက်မှ မိန့်ခွန်းပြောပါတယ်။ တရားဟောနေတုန်းမှာ အပြင်ကနေ စစ်သားတွေ ၁၀၀ ယောက်ရောက်လာပြီး သေနတ် ၃ ချက် မိုးပေါ် ထောင်ပြစ်ကာ .. လူစုခွဲပါတယ်

အပြည့်အစုံသို့...

ဆူးလေတွင် လူထုနဲ့စစ်တပ် ထိပ်တိုက်တွေ့စဉ် (စက်တင်ဘာ ၂၆ ရက် ၂၀၀၇)





posted by TTT
0 comments

အပြည့်အစုံသို့...

26 Sep 07, 17:02ဆူးလေကနေ လေးဘက်လေးတန် လမ်းတွေ မြို့တော်ခန်းမရှေ့ လမ်းအပါအ၀င် တစ်ဘလော့ခ်မှာ စစ်သားတွေချထား။ ရဲဝတ်အပြာနဲ့သူတွေက ၁၀ ယောက်အတန်း ဒိုင်းတွေကာထားတယ်။ လမ်းပေါ်မှာလူတွေ ကြွတ်စီကြွတ်စီနဲ့ သွားရေးလာရေးခက်ခဲနေကြတယ်။ taxi တွေလဲ နေရာရွေးပြီးလိုက်ကြတယ်။ ဒိုင်နာတွေနဲ့ မြို့ပြင်လမ်းကြောတွေကို တစ်ယောက် ၁၀၀၀ နှုံး လုတက်ပြီး အိမ်ပြန်ကြရတယ်။

အပြည့်အစုံသို့...

26 Sep 07, 16:5 ရွှေတိဂုံ ပစ်ခတ်မှု... ဗိုလ်ချုပ် ကျော်ဆန်း (ပြန်ကြားရေး ဝန်ကြီး) ဗိုလ်မှူးကြီးတင့်ဆန်း၊ အမှတ် ၁၆ ခြေလျင် တပ်ရင်း ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ရဲဇော်ဇော် တို့ ပါဝင်သည်။

အပြည့်အစုံသို့...

Wednesday, September 26, 2007

အပြည့်အစုံသို့...

အရိုက်ခံရသည့် သံဃာပုံ (စက်တင်ဘာ ၂၆ ရက် ၂၀၀၇

mber 26, 2007

လတ်တလော အခြေအနေ

စြက်တင်ဘာ ၂၆ ရက် ၂၀၀၇
မြန်မာစံတော်ချိန် နေ့လည် ၃း၁၀ နာရီ

မို့တော်ခန်းမပတ်ပတ်လည် နဲ့ ဆူးလေ ပတ်ပတ်လည် မှာ လုံထိန်းတွေနဲ့ စစ်တပ်က နေရာယူထားပါတယ်၊

ဘားလမ်းလို့ခေါ်တဲ့ မဟာဗန္ဓုလပန်းခြံလမ်း မြို့တော်ခန်းမဘက်ထိပ်မှာ လက်နက်ကိုင်တွေတန်းစီပြီး နော်ရထာလမ်းဘက်ကိုလှည့်ကာ နေရာယူထားတာကိုတွေ့ရပါတယ်။

ဆူးလေမီးပွိုင့်မှာတော့ပိတ်နေဆဲပါ၊ ဆန္ဒပြသူတွေက အနော်ရထာလမ်းပေါ်မှာ ပွိုင့်ဘက်ကိုဦးတည်ပြေးလိုက် ပြန်ဆုတ်လာလိုက်လုပ်နေတာတွေ့ရပါတယ်။ အနော်ရထာလမ်းပေါ်မှာ ပြေးလွှားလှုပ်ရှားနေသူများကို ဘားလမ်းထဲကနေ လက်ခုတ်တီးအားပေးနေကြတာကိုလဲတွေ့ရပါတယ်ဟု မျက်မြင်တဦးပြောဆိုသည်။

ဆုံဆည်းရာ


photo by Jame

အပြည့်အစုံသို့...

ယနေ့ ဓာတ်ပုံများ (စက်တင်ဘာ ၂၆ ရက် ၂၀၀၇)




http://www.reuters.com (အပေါ်ပုံ)

အပြည့်အစုံသို့...

Wednesday, September 26, 2007


စက်တင်ဘာ ၂၆ ရက် ၂၀၀၇
မြန်မာစံတော်ချိန် နေ့လည် ၁း၂၀ နာရီ
အရိုက်ခံရတာ တစ်ပါးပြန်လွန်တော် မူ အခု nld ရှေ့ မှ လူနာများတင်သောကား များ ဖြတ်သွား ၃၀ ခန့် ထိခိုက်သည်။ ရွှေတိဂုံကို လမ်းတွေအားလုံးလိုက် ပိတ်နေတယ်။ ဘုန်းကြီတွေရော လူတွေရော မေတ္တာ ပို့ နေတာ ကို ၀င်ရိုက် တာ
တဲ့ .. အဲ ဒီက ပြန်လာ တဲ့ သူ ကပြောသည်။

အလားတူ ရွှေတိဂုံနားတွင် နေထိုင်သူတဦးမှ အပေါ်က ကြည့်တာ မီးခိုးတွေ မြင်ရတယ်.. ဗဟန်း (၃) လမ်းလောက်ပဲ ဖြစ်မယ် .. မီးခိုးတွေက မျက်ရည်ရိုဗုံးက ဖြစ်မယ်ထင်တယ်ဟု မျက်မြင်တဦးမှ ပြောသည်။

ဆုံဆည်းရာ

0 comments

အပြည့်အစုံသို့...

Tuesday, 25 September 2007

Niknayman: ယမန်နေ့ညတွင် ရဲအထူးသတင်းတပ်ဖွဲ့မှ ဒုရဲအုပ် ညိုဝင်း၊ (ရ၀တ)ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် အဖွဲ့ဝင် ၂၀ ခန့်က ကဗျာဆရာ ကိုငြိမ်းသစ်အား ၀င်ရောက်ဖမ်းဆီးခဲ့ရာ ကိုငြိမ်းသစ်အား မတွေ့သည့်အတွက် ဇနီးသည်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အပြည့်အစုံသို့...

၂၆ စက်တင်ဘာ ၂၀၀၇

ဗဟန်း အရှေ့ ဘက်မုခ်မှာရိုက်နေကြပြီ။ သံဃာတွေကော။မယ်သီလရှင်တွေကောလူတွေကော အရိုက်ခံနေရတယ်။ အကုန်ထွက်ပြေးနေကြရတယ်။ ဆူးလေမှာလည်း ရောက်နေကြတယ်။ ရွှေတိဂုံတွင်ကြံ့ဖွံ့များက ဘုန်းဘုန်း(၁၅)ပါးခန့်အားဝင်ရောက်ရိုက်နှက်နေကြပါတယ်

အပြည့်အစုံသို့...

၂၆စက်တင်ဘာ၂၀၀၇ 11:10

12:27
- အခု ဆူးလေးဘုရားနားမှာ ဘုန်းဘုန်းတွေနဲ့  ပြည်သူတွေ စတင်ရောက်နေပါပြီ။

- ပြည်တွင်းမှာ ဘုန်းကြီးကျောင်းတွေကို စစ်တပ်က ပိတ်ထားတဲ့အတွက် ဘုန်းကြီးတွေ ဆွမ်းအခက်အခဲ ဖြစ်နေတယ် ။ ရန်ကုန် ကြေးသွန်းကျောင်းနဲ့ ကြားတောရကျောင်းတွေမှာ ပြည်သူတွေက ဆွမ်းသွားကပ်ရင်ကောင်းမယ်။ နောက် ၀င်ခွင့်မရရင် ထိုင်သပိတ်ပုံစံမျိဲုး လုပ်သင့်တယ်ထင်ပါတယ်။
26 Sep 07, 11:09
ဒီနေ့ စစ်အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ နိုင်ငံတော်နာယကဆရာတော်တွေ ထုတ်ပြန်တယ်လို့ ကြေညာထားပါတယ်။ နိုင်ငံ့ သံဃာ အဖွဲအစည်းရဲ့ တံဆိပ်တုံးတွေမပါဘူး ဆရာတော်တွေရဲ့လက်မှတ်တွေလည်းမပါဘူးဖြစ်နေလို ၊့  သာသနာရေးဝန်ကြီးက ယမန်နေ့ က ဆရာတော်တွေကို သွားရောက်ပြောတာမရလို့  နအဖဟာ လိမ်ညာပြီး ထုတ်တာလို့  ပြည်သူတွေက ပြောနေပါတယ်။
26 Sep 07, 11:04
မြစ်ကြီးနားမှာ ကေအိုင်အေ ဗဟိုက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကား၁၀စီးနဲ့ သွားကြတယ်။

-သင်ကန်းကျွန်း မှာ ဘုန်းကြီးအယောက်ဆောင်က ရဲစခန်းကို ၀င်စီးပြီး သေနတ်ယူပြီး ဈေးထဲမှာ လမ်းလျှောက်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။

26 Sep 07, 10:54
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုကြီးမှ ဦးဆောင်ကိုယ်တော်သံတပါးဖြစ်သည့် အရှင်ခေမိန္ဒက “ဦးပဉ္ဇင်းတို့ကတော့ ငြိမ်းချမ်းတဲ့နည်းဆိုတဲ့လမ်းစဉ်ကလွဲလို့ တခြားနည်းလမ်း ဘာကိုမှကိုင်စွဲဖို့ ဆုံးဖြတ်မထားဘူး။ ဒီနည်းနဲ့ပဲ လှုပ်ရှားမှုကို ဦးဆောင်သွားမယ်” ဟု မိန့်တော်မူသည်။ ဘုရားရှင်တော်ခြေတော်ရင်းဖြစ်သည့် အောင်မြေအရပ်တွင် သစ္စာပြုကြရန် တိုင်းနှင့် ပြည်နယ်များရှိ သံဃာတော်များကို သံဃာ့တပ်ပေါင်းစုကြီးက နှိုးဆော်ထားကြောင်း ဦးခေမိန္ဒကပြောသည်။ ၎င်းသစ္စာအဓိဌာန်မှာ “သံဃာထုတရပ်လုံး၏ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုသည် ဗုဒ္ဓ၏ဓမ္မစက်အာဏာ အစစ်အမှန် ဖြစ်သည်။ ဒီကံကိုဆောင်ကြတဲ့ သံဃာထုသည်လည်း ဗုဒ္ဓ၏သားတော်များအစစ်အမှန်များ ဖြစ်ကြသည်။ ဤမှန်ကန်သော သစ္စာ စကားကြောင့် … ဗုဒ္ဓသားစစ်ဖြစ်တဲ့ သံဃာထုတရပ်လုံးနဲ့ ဗုဒ္ဓထားတော်မူခဲ့တဲ့ အာဏာနဲ့ သာသနာတော်ကို ဖျက်ဆီး စော်ကားနှိပ်စက်နေကြတဲ့ ဆန့်ကျင်မျက်ကွယ်ပြုသူများ အာဏာရှင်မာနတ် အားလုံးကို ဗုဒ္ဓရဲ့ဒဏ်၊ သာသနာတော်ရဲ့ဒဏ်၊ သံဃာ့ကံရဲ့ဒဏ်၊ ဓမ္မစက်ရဲ့ဒဏ်၊ ပြည်သူများရဲ့ဒဏ်၊ မေတ္တာတရားရဲ့ဒဏ်၊ သာသနာစောင့်နတ်အပေါင်းတို့ရဲ့ဒဏ် အပေါင်းကို လက်ငင်းမကြာ ချက်ချင်းခဏ ဒိဌဓမ္မ ရင်ဆိုင်ခံစားကြစေသောဝ်” ဟု ဦးခေမိန္ဒက ပြောသည်။

26 Sep 07, 10:38
ဒီနေ့က လပြည့်နေ့ဖြစ်တဲ့အတွက် ပုံမှန်ဘုရားလာတဲ့သူတွေကိုတောင် အတင်းအကျပ် စစ်ဆေးမှုတွေကြောင့် အရင် လပြည့်နေ့တွေရဲ့ တ၀က်လောက်တောင် လူအလာမရှိပါဘူး။ အရမ်း စစ်ဆေးမှုတွေ တင်းကျပ်တဲ့အတွက် အချို့လူတွေက ဘုရားပေါ်မတက်တော့ဘဲ ပြန်ကြတာ၊ အပြင် မုခ်စောင်းတန်းလှေခါးပေါ်မှာ ထိုင်နေပြီး ဘုရား ပေါ် မတက်တဲ့သူတွေ ကိုတောင်တွေ့ရပါတယ်။ ကောင်းမှုကုသိုလ်လာလုပ်တဲ့သူတွေကို လက်နက်ကိုင်ပြီး စစ်ဆေးတာ၊ ကုသိုလ်လိုချင်တဲ့သူကို အကုသိုလ်သမားက လိုက်စစ်တာမခံနိုင်လို့ ဘုရားမတက်တော့ဘူးလို့ ဘုရားပေါ်က ပြန်ဆင်းလာတဲ့ သူတယောက်က ပြောတာကြားလိုက်ပါတယ်။
26 Sep 07, 10:37
ကားအသွားအလာတွေကို နောက်ပြန်လှည့်မောင်းခိုင်းပြီး လမ်းပိတ်လိုက်တဲ့ ပုံစံဖြစ်နေပါတယ်။ ဘုန်းကြီးတချို့ကတော့ အဲဒီအနားမှာ ရစ်သီရစ်သီနဲ့နေနေပါတယ်။ တချို့ လာနေတဲ့ ဘုန်းကြီးတွေကိုလည်း တွေ့ရပါတယ်။ ပတ်ဝန်းကျင်က ထွက်ကြည့်နေတဲ့လူတွေကြောင့် ကြေးသွန်းဘုရား၊ ဗဟန်းဈေးနဲ့ ရွှေတိဂုံဘုရားအရှေ့ လမ်းစုံနေရာမှာ လူတွေ စုနေပါတယ်။ လမ်းတွေပိတ်ထားသလိုဖြစ်နေတဲ့အတွက် ကားတွေလမ်း ပိတ်လျက်ရှိပါတယ်။မြောက်ဘက်မုခ် ကိုလည်း လူတဦးဝင်စာပဲဖွင့်ထားပြီး လုံခြုံရေးများ ချထားပါတယ်။ အာဇာနည်ကုန်းနားမှာ စစ်ထရပ်ကား နှစ်စီး ရပ်ထားပါတယ်။ လင့်လမ်းရဲ့ အထွက်ဘက်မှာ သီလရှင်ကျောင်းနဲ့ အိမ်တွင်းမှုသိပ္ပံကျောင်းနံဘေးမှာ သေနတ်ကိုင် ရဲ ၄၀လောက်ကို တွေ့ရပါတယ်။
26 Sep 07, 10:36
ရွှေတိဂုံဘုရားတောင်ဘက် ကားအ၀င်မှာ လက်နက်ကိုင်စစ်သားတချို့ စောင့်နေပါတယ်။ အရှေ့ဘက်မုခ်မှာ စစ်လော်ရီတစီးရပ်ထားပြီး လူအတက်အဆင်း အလယ်ပစ္စယံ အတက်မုခ်ကို တယောက်စာသာ သံတခါးဖွင့်ထားပြီး အမ်၁၆ သေနတ်ကိုင် ရဲသားတဦး တံခါးကနေ ပိတ်စောင့်နေပါတယ်။ အတက်အဆင်းများကိုလည်း စစ်နေပါတယ်။ အနောက်မှာ ပစ္စည်းစစ်ဖို့ ဘုရားလုံခြုံရေးများလည်း စောင့်နေပါတယ်။ အရှေ့ဘက်မုခ်မှာ စစ်လော်ရီတစီးရပ်ထားပြီး လူအတက်အဆင်း အလယ်ပစ္စယံ အတက်မုခ်ကို တယောက်စာသာ သံတခါးဖွင့်ထားပြီး အမ်၁၆ သေနတ်ကိုင် ရဲသားတဦး တံခါးကနေ ပိတ်စောင့်နေပါတယ်။ အတက်အဆင်းများကိုလည်း စစ်နေပါတယ်။ အနောက်မှာ ပစ္စည်းစစ်ဖို့ ဘုရားလုံခြုံရေးများလည်း စောင့်နေပါတယ်။ကြေးသွန်းဘုရားရှေ့မှာ ဒိုင်နာကား သုံးစီး လမ်းကို ပိတ်လုနီးပါးရပ်ထားပြီး လက်နက်အပြည့်အစုံကိုင်ထားတဲ့ (police) လို့ ရင်ပတ်မှာ ရေးထားတဲ့ ရဲ တရာနီးပါး လမ်းကို ရင်ဘောင်တန်းပြီး ပိတ်ထားပါတယ်။ ရွှေတိဂုံဘုရား အရှေ့ဘက်အဆင်းကလွဲလို့ ကျန်သုံးဘက်လုံးကို ပိတ်ထားပါတယ်။ ရဲအရာရှိလုပ်တဲ့သူက အဲဒီအနားက လမ်းဘေး ဆိုင်တွေ အားလုံးကို "မင်းတို့ဆိုင်တွေချက်ချင်းပိတ်စမ်း" လို့ အော်ဟစ်ပြီး ပိတ်ခိုင်းနေပါတယ်။

26 Sep 07, 10:04
-တောင်ဥက္ကလာပ ငွေကြာရံကျောင်းတိုက်အပြင်ဘက်တွင် လုံထိန်းများလာရောက်ချထားရာ၊ ကျောင်းထိုင်ဆရာတော်က ထွက်ပြောသဖြင့် ကျောင်းတိုက်နှင့် ဝေးသောနေရာမှသာ စောင့်ကြည့်နေသည်ကို တွေ့ရပါသည်။

အပြည့်အစုံသို့...

၂၆ ရက် စက်တင်ဘာ၂၀၀၇

မြန်မာစံေ တ်ာချိန် ၁၀း၃၀ နာရီ


မနေ့ည ၁၁နာရီမှာ မိုးကုတ်မြို့မှ လူငယ်ခေါင်းဆောင်များ ဖြစ်ကြတဲ့ ကိုမင်းသူ နဲ့ မပွင့်ဖြူတို့ကို နေအိမ်မှာ ရဲတွေနဲ့ စစ်သားတွေက လာရောက်ခေါ်ဆောင်သွားပါတယ်။

ဒီနေ့မနက် ၈နာရီမှာ သူတို့၏ မိသားစုဝင်တွေက မိုးကုတ်ရဲစခန်းမှုးထံ သွားရောက်မေးမြန်းရာမှာ စခန်းမှုးက စစ်ဗျူဟာရုံးကိုသာ သွားရောက်စုံစမ်းဖို့ ပြောကြားပါတယ်။ ဗျူဟာရုံးက တာဝန်ကျ ရဲဘော်တွေက သူတို့ဘာမှ မသိကြောင်းပြန်ပြောပါတယ်။ သူတို့အနေနဲ့ ယခုလို ဖုံးကွယ်နေတာဟာ မြို့လူထုက လာရောက်ဝိုင်းမှာကို စိုးရိမ်တဲ့အတွက် ဖြစ်နိုင်ကြောင်း သိရပါတယ်။

မြန်မာစံတော်ချိန် ၉ နာရီ
ရန်ကုန် မိုးကောင်းဘုရားနား မိုးကောင်းဘုန်းကြီးကျောင်းရှေ့ စစ်ကား ၂စီး ရောက်ရှိ ၊ စစ်သားတွေ ၀ါးချွန်တွေ ၊ ဒိုင်းတွေ ကိုင်ထား ကြတယ် ။ ဘုန်းကြီးကျောင်းထဲ ၀င်ဖို့ကြိုးစားတာ ၊ ဘုန်းကြီးကျောင်းမှ ဂိတ်မဖွင့်ပေး ဟု ရန်ကုန်မြို့ခံတဦးမှ ပြောကြားသည်။

ဆုံဆည်းရာ

အပြည့်အစုံသို့...

၂၆ စက်တင်ဘာ ၂၀၀၇

-လမ်း (၅၀) က ဘုန်းကြီးကျောင်းကို လက်နက်ကိုင်ရဲ အယောက် (၂၀) ခန့် မှ ၀ိုင်းထားတယ်လို့ သိရပါတယ်။
-မြန်မာပြည်တွင် ကြေညာချက်ထုတ်ကာ လမ်းမများပေါ်တွင် လိုက်အော်နေသည်မှာ "မာရှယ်လော Martial Law" မဟုတ်ပါ။ "ညမထွက်ရ" သာ ဖြစ်ပါတယ်။

အပြည့်အစုံသို့...

၂၆ စက်တင်ဘာ ၂၀၀၇

သတိပေးချက် -
ဒီနေ့  တာမွေ မ၀တ ရုံးကို လုပ်ကြံပြီး မီးရှို့ မယ်။ အဲဒီ အချိန်မှာ စစ်တပ်က ၀င်ပစ်မယ်။ သူတို့  လူတွေကို ဘယ်လို နေရမယ်ဆိုတာလည်း မ၀တက မှာထားပါတယ်။ မ၀တ ရုံးက ပစ္စည်းတွေရွှေ့ ထားပါတယ်။

အပြည့်အစုံသို့...

မန္တလေး ညနေ (စက်တင်ဘာ ၂၅ ရက် ၂၀၀၇)

Tuesday, September 25, 2007




အပြည့်အစုံသို့...

ပိတ်ထားသောဝက်ဆိုက်စ်များကိုဤလိပ်စာမှတဆင့်ဖွင့်လို့ရမည်

http://proxyhide.net
http://proxify.co.uk
http://proxygun.net
http://myfreeproxy.com

အပြည့်အစုံသို့...

ပြည်သူ့ တပ်မတော်သားများ ပူးပေါင်းရန် အဆင့်သင့်ဖြစ်နေပြ




1 comments:

အပြည့်အစုံသို့...

၂၅ စက်တင်ဘာ ၂၀၀၇ ည

မြို့တော်ခန်းမရှေ့မှာ တင့်ကားတွေရောက်နေပြီး

အပြည့်အစုံသို့...

၂၅ စက်တင်ဘာ ၂၀၀၇




ဆုံဆည်းရာသို့ ယခုပုံများကို တိုက်ရိုက်ပေးပို့သော ကို MTS အား ကျေးဇူးအထူးပါဗျား...

အပြည့်အစုံသို့...

၂၅ စက်တင်ဘာ ၂၀၀၇ ညနေပိုင်း ရုပ်သံ

အပြည့်အစုံသို့...





အပြည့်အစုံသို့...





အပြည့်အစုံသို့...





အပြည့်အစုံသို့...

ဒုတိယနေ့မြောက် အထွေထွေသပိတ်တိုက်ပွဲ (စက်တင်ဘာ ၂၅ ရက် ၂၀၀၇)

Tuesday, September 25, 2007



အပြည့်အစုံသို့...

Tuesday, 25 September 2007



ယနေ့ ဆူးလေမှ ပုံ ဖြစ်ပါတယ်။


2:05 PM
ထောင်ပေါင်းများစွာသော ရန်ကုန် ဆန္ဒပြ သံဃာတော်များနှင့် လူပရိတ်သတ် အများအပြား ရွှေတိဂုံ ဘုရားမှသည် ဆူးလေဘုရားသို့ ချီတက်လျှက်ရှိရာ ယခုအချိန်တွင် အလံပြဘုရား လမ်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ပုဒ်မ ၁၂၇ ကို ထုတ်ပြီး နှိမ်နင်းဖို့အတွက် ၁၄၁ ကို ကျူးလွန်မှ ထုတ်ခွင့်ရှိပါတယ်။ ပုဒ်မ ၁၄၁ က ဆူပူအကြမ်းဖက် လိုသူများ လူစုလူဝေး ပြုလုပ်ခြင်းစတဲ့ အချက်ပေါင်း ၅ ချက် ရှိရပါ့မယ်
အခု မေတ္တာသုတ်ရွတ်ဖတ်ပြီး လမ်းလျှောက်နေသူများဟာ အင်အား ၁ သိန်း ၂ သိန်းပဲ ဖြစ်ပါစေ ။ အကြမ်းဖက်ဆူပူလိုခြင်းမရှိဘူးဆိုတာ သိသာတဲ့အတွက် ၁၂၇ ထုတ်ရန် အကျုံးမ၀င်ဘူး မလိုအပ်ဘူးဆိုတာ လူအများသိရှိရန် အသိပေးဖြန့် ဝေပေးကြပါ။


မြန်မာစံတော်ချိန် ၁၃း၃၀

ရွှေတိဂုံ ဘုရားဘက်တွင် မနေ့ကလိုပင် များပြားသော လူထုကြီးက စိတ်ဓါတ်တတ်ကြွဖွယ်ရာ စတင် ချီတတ်နေကြပါပြီ။ ပစ်ခတ်သည်ဆိုသော သတင်းများမှာ လုပ်ကြံသတင်းများသာ ဖြစ်ပါသည်။

အပြည့်အစုံသို့...

စက်တင်ဘာ ၂၅ ရက် ၂၀၀၇

ကျောက်ပန်းတောင်းမှာ ဆန္ဒပြဖို့ ပြင်နေ


မြန်မာစံတော်ချိန် ၁၁ နာရီခွဲ (သတင်းပေးပို့ချိန်)

မန္ဒလေးတိုင်း ကျောက်ပန်းတောင်း မြို့တွင် သံဃာလူထု မကြာမီ စုပေါင်း ဆန္ဒပြရန်အတွက် ယခုအခါ စီစဉ်နေကြောင်း ဒေသခံ တဦး၏ ပြောဆိုချက်အရ သိရသည်။

“ဒီနေ့ ၁၂ နာရီ စမယ်။ လူစုနေပြီ။ ဘုန်းကြီးတွေ သွားဖို့ ပြင်ဆင်နေတယ်။ မကြာတော့ပါဘူး လျှောက်ဖို့။ ဒီနေ့ ဘုန်းကြီးအပါး ၁၅ဝဝ လောက် ရှိတယ်။ လူထုတွေက ဘုန်းကြီးတွေရဲ့နောက်မှာ ၄ ယောက် တတန်း လျှောက်ဖို့ စီစဉ်နေတယ်။ စည်းကမ်းရှိဖို့လည်း ဘုန်းကြီးတွေ ပြောထားပါတယ်။ အခုချိန်ထိတော့ နှောင့်ယှက်တာတော့ မရှိသေးဘူး။ မဝတ ရုံးတောင် အပေါက် ပိတ်ထားတယ်။ ဘုန်းကြီးတွေ ဆွမ်းစားနေတယ်။ ပြီးရင် ဘုရားကို သွားမယ်။ အဲဒီမှာ လူထုတွေ ၁ဝဝဝ လောက် ရောက်နေပြီ။ ဘုန်ကြီးတွေ ရောက်တာနဲ့ စမယ်။ ကျောင်းသားတွေလည်း ပါဝင်တယ်။ လက်ရှိ ကောလိပ် တက်နေတဲ့ ကျောင်းသားတွေ ပါတယ်။ လူထုတွေ အားလုံးက အရမ်းကို တက်ကြွနေတယ်။ ဈေးသည်တွေလည်း ဆိုင်တွေပိတ်ပြီး ပါဝင်လာတယ်။ နောက် ၁ နာရီလောက်ဆို စမယ်”ဟု မြို့ခံတဦးမှပြောသည်။

ဆုံဆည်းရာ

အပြည့်အစုံသို့...

ယနေ့(၂၅-၉-၀၇)ကြေးသွန်းဘုရားကြီးတွင်

အပြည့်အစုံသို့...

၂၅ စက်တင်ဘာလ ၂၀၀၇ ကလေးမြို့အခြေအနေ

ကလေးမြို့မှာ လူ ၉ ဦးကို အာဏာပိုင်တွေ ဖမ်းဆီး (Source: Mizzima)

အပြည့်အစုံသို့...