12:27 - အခု ဆူးလေးဘုရားနားမှာ ဘုန်းဘုန်းတွေနဲ့  ပြည်သူတွေ စတင်ရောက်နေပါပြီ။- ပြည်တွင်းမှာ ဘုန်းကြီးကျောင်းတွေကို စစ်တပ်က ပိတ်ထားတဲ့အတွက် ဘုန်းကြီးတွေ ဆွမ်းအခက်အခဲ ဖြစ်နေတယ် ။ ရန်ကုန် ကြေးသွန်းကျောင်းနဲ့ ကြားတောရကျောင်းတွေမှာ ပြည်သူတွေက ဆွမ်းသွားကပ်ရင်ကောင်းမယ်။ နောက် ၀င်ခွင့်မရရင် ထိုင်သပိတ်ပုံစံမျိဲုး လုပ်သင့်တယ်ထင်ပါတယ်။ |
26 Sep 07, 11:09 ဒီနေ့ စစ်အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ နိုင်ငံတော်နာယကဆရာတော်တွေ ထုတ်ပြန်တယ်လို့ ကြေညာထားပါတယ်။ နိုင်ငံ့ သံဃာ အဖွဲအစည်းရဲ့ တံဆိပ်တုံးတွေမပါဘူး ဆရာတော်တွေရဲ့လက်မှတ်တွေလည်းမပါဘူးဖြစ်နေလို ၊့  သာသနာရေးဝန်ကြီးက ယမန်နေ့ က ဆရာတော်တွေကို သွားရောက်ပြောတာမရလို့  နအဖဟာ လိမ်ညာပြီး ထုတ်တာလို့  ပြည်သူတွေက ပြောနေပါတယ်။ |
26 Sep 07, 11:04 မြစ်ကြီးနားမှာ ကေအိုင်အေ ဗဟိုက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကား၁၀စီးနဲ့ သွားကြတယ်။-သင်ကန်းကျွန်း မှာ ဘုန်းကြီးအယောက်ဆောင်က ရဲစခန်းကို ၀င်စီးပြီး သေနတ်ယူပြီး ဈေးထဲမှာ လမ်းလျှောက်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ |
26 Sep 07, 10:54 မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုကြီးမှ ဦးဆောင်ကိုယ်တော်သံတပါးဖြစ်သည့် အရှင်ခေမိန္ဒက “ဦးပဉ္ဇင်းတို့ကတော့ ငြိမ်းချမ်းတဲ့နည်းဆိုတဲ့လမ်းစဉ်ကလွဲလို့ တခြားနည်းလမ်း ဘာကိုမှကိုင်စွဲဖို့ ဆုံးဖြတ်မထားဘူး။ ဒီနည်းနဲ့ပဲ လှုပ်ရှားမှုကို ဦးဆောင်သွားမယ်” ဟု မိန့်တော်မူသည်။ ဘုရားရှင်တော်ခြေတော်ရင်းဖြစ်သည့် အောင်မြေအရပ်တွင် သစ္စာပြုကြရန် တိုင်းနှင့် ပြည်နယ်များရှိ သံဃာတော်များကို သံဃာ့တပ်ပေါင်းစုကြီးက နှိုးဆော်ထားကြောင်း ဦးခေမိန္ဒကပြောသည်။ ၎င်းသစ္စာအဓိဌာန်မှာ “သံဃာထုတရပ်လုံး၏ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုသည် ဗုဒ္ဓ၏ဓမ္မစက်အာဏာ အစစ်အမှန် ဖြစ်သည်။ ဒီကံကိုဆောင်ကြတဲ့ သံဃာထုသည်လည်း ဗုဒ္ဓ၏သားတော်များအစစ်အမှန်များ ဖြစ်ကြသည်။ ဤမှန်ကန်သော သစ္စာ စကားကြောင့် … ဗုဒ္ဓသားစစ်ဖြစ်တဲ့ သံဃာထုတရပ်လုံးနဲ့ ဗုဒ္ဓထားတော်မူခဲ့တဲ့ အာဏာနဲ့ သာသနာတော်ကို ဖျက်ဆီး စော်ကားနှိပ်စက်နေကြတဲ့ ဆန့်ကျင်မျက်ကွယ်ပြုသူများ အာဏာရှင်မာနတ် အားလုံးကို ဗုဒ္ဓရဲ့ဒဏ်၊ သာသနာတော်ရဲ့ဒဏ်၊ သံဃာ့ကံရဲ့ဒဏ်၊ ဓမ္မစက်ရဲ့ဒဏ်၊ ပြည်သူများရဲ့ဒဏ်၊ မေတ္တာတရားရဲ့ဒဏ်၊ သာသနာစောင့်နတ်အပေါင်းတို့ရဲ့ဒဏ် အပေါင်းကို လက်ငင်းမကြာ ချက်ချင်းခဏ ဒိဌဓမ္မ ရင်ဆိုင်ခံစားကြစေသောဝ်” ဟု ဦးခေမိန္ဒက ပြောသည်။ |
26 Sep 07, 10:38 ဒီနေ့က လပြည့်နေ့ဖြစ်တဲ့အတွက် ပုံမှန်ဘုရားလာတဲ့သူတွေကိုတောင် အတင်းအကျပ် စစ်ဆေးမှုတွေကြောင့် အရင် လပြည့်နေ့တွေရဲ့ တ၀က်လောက်တောင် လူအလာမရှိပါဘူး။ အရမ်း စစ်ဆေးမှုတွေ တင်းကျပ်တဲ့အတွက် အချို့လူတွေက ဘုရားပေါ်မတက်တော့ဘဲ ပြန်ကြတာ၊ အပြင် မုခ်စောင်းတန်းလှေခါးပေါ်မှာ ထိုင်နေပြီး ဘုရား ပေါ် မတက်တဲ့သူတွေ ကိုတောင်တွေ့ရပါတယ်။ ကောင်းမှုကုသိုလ်လာလုပ်တဲ့သူတွေကို လက်နက်ကိုင်ပြီး စစ်ဆေးတာ၊ ကုသိုလ်လိုချင်တဲ့သူကို အကုသိုလ်သမားက လိုက်စစ်တာမခံနိုင်လို့ ဘုရားမတက်တော့ဘူးလို့ ဘုရားပေါ်က ပြန်ဆင်းလာတဲ့ သူတယောက်က ပြောတာကြားလိုက်ပါတယ်။ |
26 Sep 07, 10:37 ကားအသွားအလာတွေကို နောက်ပြန်လှည့်မောင်းခိုင်းပြီး လမ်းပိတ်လိုက်တဲ့ ပုံစံဖြစ်နေပါတယ်။ ဘုန်းကြီးတချို့ကတော့ အဲဒီအနားမှာ ရစ်သီရစ်သီနဲ့နေနေပါတယ်။ တချို့ လာနေတဲ့ ဘုန်းကြီးတွေကိုလည်း တွေ့ရပါတယ်။ ပတ်ဝန်းကျင်က ထွက်ကြည့်နေတဲ့လူတွေကြောင့် ကြေးသွန်းဘုရား၊ ဗဟန်းဈေးနဲ့ ရွှေတိဂုံဘုရားအရှေ့ လမ်းစုံနေရာမှာ လူတွေ စုနေပါတယ်။ လမ်းတွေပိတ်ထားသလိုဖြစ်နေတဲ့အတွက် ကားတွေလမ်း ပိတ်လျက်ရှိပါတယ်။မြောက်ဘက်မုခ် ကိုလည်း လူတဦးဝင်စာပဲဖွင့်ထားပြီး လုံခြုံရေးများ ချထားပါတယ်။ အာဇာနည်ကုန်းနားမှာ စစ်ထရပ်ကား နှစ်စီး ရပ်ထားပါတယ်။ လင့်လမ်းရဲ့ အထွက်ဘက်မှာ သီလရှင်ကျောင်းနဲ့ အိမ်တွင်းမှုသိပ္ပံကျောင်းနံဘေးမှာ သေနတ်ကိုင် ရဲ ၄၀လောက်ကို တွေ့ရပါတယ်။ |
26 Sep 07, 10:36 ရွှေတိဂုံဘုရားတောင်ဘက် ကားအ၀င်မှာ လက်နက်ကိုင်စစ်သားတချို့ စောင့်နေပါတယ်။ အရှေ့ဘက်မုခ်မှာ စစ်လော်ရီတစီးရပ်ထားပြီး လူအတက်အဆင်း အလယ်ပစ္စယံ အတက်မုခ်ကို တယောက်စာသာ သံတခါးဖွင့်ထားပြီး အမ်၁၆ သေနတ်ကိုင် ရဲသားတဦး တံခါးကနေ ပိတ်စောင့်နေပါတယ်။ အတက်အဆင်းများကိုလည်း စစ်နေပါတယ်။ အနောက်မှာ ပစ္စည်းစစ်ဖို့ ဘုရားလုံခြုံရေးများလည်း စောင့်နေပါတယ်။ အရှေ့ဘက်မုခ်မှာ စစ်လော်ရီတစီးရပ်ထားပြီး လူအတက်အဆင်း အလယ်ပစ္စယံ အတက်မုခ်ကို တယောက်စာသာ သံတခါးဖွင့်ထားပြီး အမ်၁၆ သေနတ်ကိုင် ရဲသားတဦး တံခါးကနေ ပိတ်စောင့်နေပါတယ်။ အတက်အဆင်းများကိုလည်း စစ်နေပါတယ်။ အနောက်မှာ ပစ္စည်းစစ်ဖို့ ဘုရားလုံခြုံရေးများလည်း စောင့်နေပါတယ်။ကြေးသွန်းဘုရားရှေ့မှာ ဒိုင်နာကား သုံးစီး လမ်းကို ပိတ်လုနီးပါးရပ်ထားပြီး လက်နက်အပြည့်အစုံကိုင်ထားတဲ့ (police) လို့ ရင်ပတ်မှာ ရေးထားတဲ့ ရဲ တရာနီးပါး လမ်းကို ရင်ဘောင်တန်းပြီး ပိတ်ထားပါတယ်။ ရွှေတိဂုံဘုရား အရှေ့ဘက်အဆင်းကလွဲလို့ ကျန်သုံးဘက်လုံးကို ပိတ်ထားပါတယ်။ ရဲအရာရှိလုပ်တဲ့သူက အဲဒီအနားက လမ်းဘေး ဆိုင်တွေ အားလုံးကို "မင်းတို့ဆိုင်တွေချက်ချင်းပိတ်စမ်း" လို့ အော်ဟစ်ပြီး ပိတ်ခိုင်းနေပါတယ်။ |
26 Sep 07, 10:04 -တောင်ဥက္ကလာပ ငွေကြာရံကျောင်းတိုက်အပြင်ဘက်တွင် လုံထိန်းများလာရောက်ချထားရာ၊ ကျောင်းထိုင်ဆရာတော်က ထွက်ပြောသဖြင့် ကျောင်းတိုက်နှင့် ဝေးသောနေရာမှသာ စောင့်ကြည့်နေသည်ကို တွေ့ရပါသည်။ |
Tuesday, 25 September 2007
၂၆စက်တင်ဘာ၂၀၀၇ 11:10
Posted by HinLinPyin at 21:53
Subscribe to:
Post Comments (Atom)
No comments:
Post a Comment