Sunday 27 April 2008

မေသမိုင်းသစ် အသင့်ပြင်

ကမ္ဘာ့ မှတ်တိုင်တရပ် ပါ့
သြဂတ်စပိုင့်ရဲ့ အရိုးတွန်သံ
နိုင်ငံတကာက ကြားခဲ့ကြ
ကမ္ဘာ့ အလုပ်သမားနေ့
မေဒေးနေ့ကြီးအဖြစ် မော်ကွန်းတင်
မေသမိုင်းစဉ်ကို လှုပ်နှိုးးပစ်ခဲ့သလို ...

ဗမာ့ မှတ်တိုင်တရပ် အဖြစ်
သြဂုတ်ရှစ်ဆယ့်ရှစ် အာဇာနည်များရဲ့အရိုးတွန်သံ
တနိုင်ငံလုံးက ပြန် ကြား ကြ
စစ်ဓါးမြ စစ်ဘီလူး စစ်အာဏာရူးများ ဆန့်ကျင်ရေး
ဗမာ့မေဒေးအသစ် မော်ကွန်းပြင်
မေသမိုင်းစဉ်ကို ထပ်ပြီး ထူ
အောင်သံတလူလူနဲ့ ပြကြဖို့ ...

ရဲဘော် တို့
မိတ်ဆွေ တို့
ပြည်သူလူထုအပေါင်း တို့ ...
မတိမ်းမစောင်း အသင့်ပြင်
သမိုင်းတွင်အောင် ကန့်ကွက်ကြ
မျက်ခြေမပြတ်
ကြက်ခြေခတ်ရုံ မက
နအဖရဲ့ကလိန်ဉာဏ်
မူမမှန်တဲ့ ဖွဲ့စည်းပုံ
အမှိုက်ပုံဆီ ပို့နိုင်ရေး
ဟစ်ကြွေး ဖေါ်ထုတ် ကန့်ကွက်ကြပါ စို့ ...
ဆန့်ကျင်မဲပေး ဆန္ဒပြကြပါ စို့ .....။ ။ ။ ။

(၀င်းတင့်ထွန်း)
၆ - ၄ - ၂၀၀၈

မှတ်ချက်
သြဂတ်စပိုင့် (August Spies) = ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့အဖြစ် ဖြစ်ပေါ်စေခဲ့တဲ့။ အမေရိကန် ချီကာဂိုမှ စတင်ခဲ့တဲ့ ၁၈၈၆ မေလအလုပ်သမား သပိတ်တိုက်ပွဲအတွင်းမှာ ရှေ့တန်းကနေ ပါဝင်ခဲ့ပြီး။ ကြိုးပေးစီရင် သတ်ဖြတ်ခံခဲ့ရ တဲ့ အလုပ်သမားခေါင်းဆောင်တဦး။ ။

No comments: