Friday 8 February 2008

ဓားလိုတယ်

ဒီကျွန်းပေါ်မှာ ဆက်နေရင်
ငတ်သေမှာပဲ
ငတ်မသေ ဖျားသေမှာပဲ
မြွေ ကုဋ္ဋေ ကုဋ္ဋာ
ယိမ်းထိုးခေါင်းခါ ပါးပျဉ်းတလှုပ်လှုပ်
ကျားခုန်အုပ် ရေလှိုင်း
ငါးမန်း ၀ိုင်းနေတဲ့
လေရိုင်းထပင်လယ်
ဖြတ်ရမယ် ကိုနန္ဒာ
ကျုပ်တို့ လိုတာတော့
ဓားပါ ခင်ဗျာ့ ဓား
ဓားတချောင်းပဲဗျို့
ဖောင်ကောင်းကောင်းဖွဲ့ဖို့တဲ့
သံချောင်းရဲ့တောင်းဆိုသံ ။
(ဓားတောင်နဲ့မီးပင်လယ်ဖြတ်သူ ဆရာမြသန်းတင့် သို့)

အံ့မောင်
(၂၀၀၀ပြည့်နှစ် ဖေဖော်ဝါရီလ ယနေ့မန္တလေးစာအုပ်တိုက်)

No comments: