Sunday, 23 September 2007

Sunday, September 24, 2007


စက်တင်ဘာ ၂၄ ရက် ၂၀၀၇
မြန်မာစံတော်ချိန် နေ့လည် ၁း၂၀ နာရီ

မန္တလေးမြို့တွင် ၁း၄၀ အချိန်တွင် ၇၈လမ်း နှင့် ၃၅လမ်းအနီးသို့ ဘုန်းကြီးအပါးပေါင်း ၈၀၀ ခန့်ချီတက်လာသည်ဟု နောက်ဆုံးသိရပါသည်။

ဆုံဆည်းရာ

စက်တင်ဘာ ၂၄ ရက် ၂၀၀၇
မြန်မာစံတော်ချိန် နေ့လည် ၁း၁၀ နာရီ

ရန်ကုန်မြို့ထဲက အလယ်တန်း၊ အထက်တန်းကျောင်းတွေ ပိတ်လိုက်ပါပြီ။ ဗဟန်း၂ ကို မနက် ၉း၃၀မှာ ကျောင်းလွှတ်လိုက်ပါတယ်။ ၇ လ လို့ ကျောင်းတွေမှာ ကြေငြာခဲ့ကြောင်း သိရှိရသည်။

ဆုံဆည်းရာ

စက်တင်ဘာ ၂၄ ရက် ၂၀၀၇
မြန်မာစံတော်ချိန် ၁ နာရီ

ရန်ကုန်မြို့ လှည်းတန်း မြေနီကုန်းတါင် ဆန္ဒပြသူပေါင်း ၄၀၀၀၀ ကျော် ရှိနေပြီဟု ရန်ကုန်မြို့ခံတဦးမှပြောသည်။

ဆုံဆည်းရာ

စက်တင်ဘာ ၂၄ ရက် ၂၀၀၇
နေ့လည် ၁း၁၀ နာရီ

ယနေ့နေ့လည် နေခင်းတွင် ရန်ကုန်မြို့တွင် စတင်မည့်အစီအစဉ်၌ အနုပညာရှင်များပါဝင်ကြမည်ဖြစ်ရာ ကဗျာဆရာများနှင့် စာရေးဆရာများ၊ တေးရေးဆရာများ ပါဝင်မည်ဖြစ်ပြီး ရုပ်ရှင် အစုအဖွဲ့ ဘက်မှ ကိုဇာနဂနာနှင့် ကိုကျော်သူတို့က ဦးဆောင်မည်ဖြစ်ပြီး ဂီတအုပ်စုတွင် ကိုရဲလွင်၊ စံလင်း တို့မှ ဦးဆောငှ်ု သီချင်းရေးသူများအဖွဲ့တွင် ကိုမြင့်မိုးအောင်တို့က ဦးဆောင်မည်ဖြစ်သည်။

ဆုံဆည်းရာ

စက်တင်ဘာ ၂၄ ရက် ၂၀၀၇
နေ့လည် ၁း၀၀ နာရီ

ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဆရာတော် ၁ ပါးမှ တရားဟောနေပြီး ပြည်သူ ၂၀၀ ကျော်လောက် ရောက်ရှိကြောင်း ရန်ကုန်မြို့ခံတဦးမှ ပြောသည်။

ဆုံဆည်းရာ

ရန်ကုန်ဆန္ဒပြ သတင်းများ

11:55 AM
ရုပ်ရှင် သရုပ်ဆောင် ကျော်သူနှင့်အဖွဲ့က ရွှေတိဂုံဘုရား အရှေ့ဘက်မုဉ်တွင် ဆန္ဒပြသူသံဃာတော်များကို ထမင်းထုပ်များ ဝေငှလျှက်ရှိသည်။

ဗဟန်း အထက ၂ မှ ကျောင်းသားများကို နံနက် ၉း၃ဝ နာရီတွင် ကျောင်းလွှတ်ပေးလိုက်ကာ အိမ်သို့ ပြန်ခိုင်းလိုက်သည်။

11:25 AM
ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားလာပြီးနောက် ရန်ကုန်မြို့တွင် အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းအချို့ကို ယနေ့ ပိတ်လိုက်သည်။

11:00 AM

စစ်အာဏာရှင်က အကြမ်းဖက်တော့မှာလား

စစ်အစိုးရက ဆန္ဒပြသူ သံဃာတော်များကို ရက်စက်စွာ နှိမ်နင်းလိမ့်မည် ဆိုသော စိုးရိမ်ချက်များ ထွက်ပေါ်လာနေသည်။ မြန်မာပြည်တွင်း ဆန္ဒပြမှုများ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာနေချိန်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

မဇ္ဈိမက ရရှိထားသော သတင်းအရ စစ်အစိုးရ အနေဖြင့် လိုအပ်လျှင် မျက်ရည်ယို ဓာတ်ငွေ့သုံး၍ ဖြိုခွဲလိုသော်လည်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ဓာတ်ပျက်ပြယ်သွားမှာ ဖြစ်ရာ သုံး၍ မရနိုင်သည့် အခြေအနေကြောင့် အစားထိုး အနေဖြင့် ခြင်ဆေးဖြန်းရည် ပမာဏများများ လိုက်လံ ရှာဖွေလျှက် ရှိသည်။ ရန်ကုန် မြို့တော် စည်ပင်သာယာမှ ခြင်ဆေးရည်များ မှာယူခြင်းများ လုပ်လျှက် ရှိသည်။ ခြင်ဆေး အနံ့ကြောင့် လူစု ကွဲသွားလိမ့်မည်ဟု အာဏာပိုင်များ ယုံကြည်နေသည်။ မဇ္ဈိမ

No comments: