Thursday 27 September 2007

၂၈စက်တင်ဘာ၂၀၀၇

09:31
သံဃာ့မဟာနာယကဆရာတော်ကြီးတွေနဲ့  စစ်တပ်ထဲက ပြည်သူ့ တပ်မတော်သားတွေ
ပြည်သူဘက်ကို လိုက်လာတော့မယ့်အခြေအနေရှိ

09:29
ဓါတ်ပုံ ရိုက်ထားရာ
အရပ် နဲ့ နေထိုင်ရာ အခန်းများ ကို စစ်အစိုးရမှ ခြေရာခံလိုက်နေပါတယ် ယမန်နေ့က ထရိတ်ဒါးနဲ့ ဆာကူရာမှာ စစ်သားများ ကွန်ပျူတာအားလုံးကို စစ်ဆေးသွား ကြပါတယ် ။ ဓါတ်ပုံသမား ၊ မီဒီယာသမာဒများ အထူးသတိထားကြပါ ....

09:19
ရန်ကုန်မှာ
အခုရဲတွေကလဲအစစ်တွေမဟုတ်ဘူး...လူစိတ်ပျောက်နေတဲ. စစ်သားတွေ...... အဲဒီစစ်သားတွေက စိတ်ကြွဆေးတွေတိုက် ထားတယ်လို.သတင်းရတယ်...ရဲတချို့ဆိုရင် သူတို့ကိုကြောက်လို..... ပြန်ပုန်းနေရတယ်လို.သတင်းရထားပါတယ်။ မဲမဲမြင်ရာ ပစ်ကြလိမ့်မည်ဖြစ်ကြောင်းသတင်းရ၊

ညက ဒေါပုံမြို့နယ်ရွာလည်းကျောင်း၊ သံဃာတော်အပါး ၃၀၀ ခန့်ကို ကြမ်းတမ်းစွာဆဲဆိုရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။
09:03
မနေ့က ပစ်ခတ်ခိုင်းတဲ့စစ်သားတွေက စစ်သားအစစ်တွေမဟုတ်ပဲ ထောင်သားတွေကို
ထောင်သားတွေကို လေ့ကျင့်သင်ကြားပေးပြီး ဆေးတိုက် ပစ်ခိုင်းတာလို့ ယုံကြည်စိတ်ချရတဲ့ သတင်းရပ်ကွက်က ပြောပါတယ်။ တစ်ချို့စစ်တပ်ကမိတ္ထီလာကခေါ်လာတာဖြစ်ပြီ့း...ဘုန်းကြီးကျောင်းတစ်ချို့မှာကွန်မြူနစ်တွေသိမ်းထားလို့ပြန်သိမ်းရမယ်လို့အထက်ကအရာရှိတွေက ညာ ပြီးလုပ်ခိုင်းတယ်လိုဆိုကြပါတယ်။့

-ယမန်နေ့ကစစ်တတ်ရဲ့အကြမ်းဖက်မှုများကြောင့်ရန်ကင်းတိုက်မှ မိုးကောင်းဆရာတော် ပြန်လွန်တော်မူရှာသည်.ို့ကြောင့်ဒီနေလဲပိုမိုပြင်းထန်မဲ့ဆန္ဒပြပွဲများလုပ်ရန်အစီအမံများရှိ သည်ဟုကြားသိရသည်။
08:56
ယမန်နေ့ည က တောင်ဥက္ကလာပ မြို့နယ်အမှတ် ၂
.စီး အပါအ၀င် ကားစုစုပေါင်း ၃၇ စီးဖြင့် လူကြီးလူငယ်ယောက်ျား ၃.. စသည့်ရပ်ကွက်များတွင် စစ်ကား ၄ စီး အပါအ၀င် ကားစုစုပေါင်း ၃၇ စီးဖြင့် လူကြီးလူငယ်ယောက်ျား အားလုံးကိုဝင်ရောက်ဖမ်းဆီးသွားပါတယ်။ ဘုန်းကြီးတွေရော ပါတယ်လို့ပြောပါတယ်။ လူဦးရေဘယ်နှယောက် ပါသွားတယ်ဆိုတာကိုတော့ အတိအကျမသိသေးပါ။

08:20
ဒီနေ့မနက်ကျိုက်ဝိုင်း ပစ္စိမာရုံ ကျောင်းတိုက်က သံဃာတော်တွေကို နယ်ပြန်ခိုင်းတယ်ကြားရပါတယ်
.
05:47
နိုင်ငံတော်သံဃာနာယကအဖွဲနဲ့ အတော့်ကိုနီးစပ်တဲ့
ဆရာတော်တစ်ပါးပြောကြားချက်အရ နိုင်ငံတော်သံဃာနာယကဆရာတော်တွေထဲက ဆရာတော်ကြီး အပါး (၃၀) ဟာ အခုလို ရဟန်းဘုန်းကြီးတွေကို ပြစ်ခတ်သတ်ဖြတ်တာကို လုံးဝအဘောမတူဘဲ အတော့်ကို မကျေမနပ်ဖြစ်နေကြတယ်လို့  အသိပေးလာပါတယ်။
ဒီဆရာတော်ကဘဲ မိန့် ကြားတာက ပြည်သူတွေအနေနဲ့  အတတ်နိုင်ဆုံး
ပြန်လည်အကြမ်းဖက်မှုတွေကို ရှောင်ပြီး လူထုချီတက်ပွဲတွေကို ပိုမိုလုပ်ဆောင်သွားဖို့  တိုက်တွန်းထားပါတယ်။ အောင်ပွဲရဖို့ အတွက်ကို ဒီလိုလုပ်ဆောင်သင့်ကြောင်း၊ ပြန်လည်အကြမ်းဖက်ရင် နအဖဖန်တီးတဲ့လမ်းကြောင်းပေါ်ရောက်သွားမှာဖြစ်ပြီး ငြိမ်းချမ်းစွာနဲ့  လူထုဆန္ဒပြပွဲအနေအထားကနေ ဖရိုဖရဲ ဖြစ်ပြီး မိမိတို့  ရင်းနှီးပေးဆပ်နေရတာတွေ အလဟသဖြစ်သွားမှာ စိုးရိမ်ကြောင်းကိုလည်း ပြောကြားသွားပါတယ်။ အခုလို ပိုမို ဒုက္ခရောက်နေကြတဲ့  ဘုန်းဘုန်းတွေကို ပြည်သူလူထုက အတတ်နိုင်ဆုံး ဒီထက်ပိုပြီး ကူညီပံ့ပိုးပေးကြဖို့ နဲ့  ပြည်သူလူထုတွေ ထပ်မံ အင်အားတိုး ပါဝင်လာကြဖို့ ကိုလည်း အထူးမေတ္တာရပ်ခံသွားပါတယ်။

No comments: