( ဝင်းတင့်ထွန်း )
ထောင်နန်းစံ ရ အောင်
ထောင်ဖမ်းကာ အမှု အလီလီဆင် လို့
အာဏာရှင် ထင်ရာစိုင်းပုံ က
ရာဇဝင် စာတင်အောင် ရိုင်းပြီ မို့
အတိုင်းတိုင်း အနယ်နယ်မှာ
ကိုင်း - ကြားလို့မှ မဖွယ်မရာ ...၊၊
အောင်ဆန်းစုကြည် - ဆိုတာ
အောင်လမ်း ရှု့ချီ ရာ လတမင်း ပေမို့
လမင်းကို တိမ်အို ဖုံး သော်လဲ
တိမ်ဖုံးပေမဲ့ သာ မြဲ သာ ... ၊၊
နအဖ ဆိုတာ ကလိမ်ယုတ်တွေ မို့
တိမ်ပုပ် ကနေ မှောင်မဲရင်းသာပါ့
အိမ်ချုပ် ကနေ ထောင်ထဲသွင်းပါ လို့
လမင်းကို ထောင်ဒဏ်ချ ပေမဲ့
သံတိုင်ကြားက လရောင်ဟာ
အုတ်ရိုးကြားက လရောင်ဟာ
တဖြာဖြာနဲ့ ဝင်းပရင်း ...
ကမ္ဘာကပါ မြင်ရ ရင်း ... ၊၊
ကြယ်နီ တို့ -
ကြယ်ဝါ တို့ -
ကြယ်ဖြူ တို့ -
ကြယ်စင်တို့ ရေ ...
အမှောင်တွေကို တကယ်မုန်းရင် ဖြင့် -
စုရုံးကာ ပိုင်ရာအလင်းတွေ နဲ့
လမင်းအနား အတူယှဉ် လို့
ဒီ ကောင်းကင် ကြည်စင်သစ်ရ အောင်
တိမ်ညစ် တိမ်မှောင် တိမ်လွှာပုပ် တို့ကို
တောထုတ် ဖြို ခွင်း ...
( ကိုင်း - ) ပြ ကြ အလင်း ... ၊၊ ၊၊
( ဝင်းတင့်ထွန်း )
၂၇ - ၅ - ၂ဝဝ၉
(မတရားသဖြင့် အမှုဆင် ရုံးတင် တရားစွဲဆိုခြင်း ခံနေရတဲ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..သို့ )
http://www.naytthit.com ... မှ
Wednesday, 27 May 2009
‘ သံတိုင်ကြားက လရောင် ဆီ ... ’
Posted by
HinLinPyin
at
06:45
Subscribe to:
Post Comments (Atom)
No comments:
Post a Comment