Sunday 30 September 2007

၁အောက်တိုဘာလ၂၀၀၇

ရန်ကုန်မြစ်ထဲတွင်မျောနေသော သံဃာတော်တပါး ရုပ်ကလာပ်


အပြည့်အစုံသို့...

Saturday 29 September 2007

့။
12:07
ရန်ကုန်မြို့မှ အထကကျောင်းအုပ်များကို နအဖမှ ဆင့်ခေါ်ပြီး တခန်းကျောင်းသား ၄ ယောက်နှုန်းတောင်းသည်။ ကျောင်းသားတွေကို ဘုန်းကြီးဝတ်ခိုင်းပြီး ဂမ်ဘာရီကို ပြမလို့တဲ့
05:55
"ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဖူး"။ "သံဃာတွေကို သတ်တဲ့ မိစ္ဆာတွေ မိုးကြိုးပြစ်လို့  သေပါစေ"။ "ဘုန်းကြီးတွေ သတ်တဲ့ မိစ္ဆာတွေ မိုးကြိုးပြစ်လို့  သေပါစေ"။
05:12
တောင်ဥက္ကလာပတွင် နအဖ စစ်သားများ၏ ပြစ်ခတ်မှုကြောင့် သေဆုံးသူအချို့ မှာ ကိုစိုးသန်း (ခ) စီတုန်း (အသက် ၄၁ နှစ်)၊ မျိုးမင်းထွန်း (အသက် ၂၂ နှစ်)၊ ဇေယျာနိုင် (အသက် ၁၈ နှစ်) တို့  ဖြစ်ပါတယ်။
00:40
လှိုင်မြစ်အောက်ပိုင်းမှဒေသများတွင်..အလောင်းများဆယ်ယ

30.sep.2007_____________________________________________________ __________________________________________________________

အပြည့်အစုံသို့...

29 Sep 07, 17:22

မနေ့ က တကမ္ဘာလုံးမှာရှိတဲ့  မျိုးချစ်မြန်မာတွေရော ကမ္ဘာ့ပြည်သူတွေရော အင်္ကျီအနီရောင်တွေ ၀တ်ကြတယ်။ ပေးပို့ လာသော ဓါတ်ပုံများအရ သိရပါတယ်။ ပျံလွန်တော်မူခဲ့တဲ့  ရဟန်းဘုန်းဘုန်းတို့ ကို ၀မ်းနည်းစွာနဲ့ ဂုဏ်ပြုကြသလို ၊ ပြည်တွင်းမှာ ရဲရင့်စွာနဲ့ လုပ်ဆောင်နေကြတဲ့ ကျောင်းသားပြည်သူတွေကို ထောက်ခံအားပေးကြတပါ။
17:01
မန္တလေးမှာလည်း လူထုဆန္ဒပြနေကြပြီး လုံးဝအပြစ်အခတ်မရှိကြောင်း သိရပါတယ်။
16:53
ဒီည ဒီဗွီဘီ (DVB) ရေဒီယိုမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ သတင်းထူးလိမ့်မယ်လို့  ကြားရပါတယ်။ ပြည်သူများသာမက စစ်သားတွေပါ နားထောင်နိုင်ပါတယ်။
16:50
နအဖမှ တစ်နေ့ ညမှ စစ်တပ်ဖြင့်ဝင်ရောက်ဖျက်ဆီးခဲ့သော ငွေကြာယံ ဘုန်းကြီးကျောင်းတိုက်အား နှစ်ရက်အတွင်း အပျက်အစီးများကို အမြန်ပြန်ပြင်ခဲ့ကြောင်း သိရပါတယ်။ ကုလကိုယ်စားလှယ်က သွားရောက်စစ်ဆေးချင်ရင် ညာပြီး ပြဖို့ ဖြစ်တယ်လို့  သိရပါတယ်။

အပြည့်အစုံသို့...

29.sep.2007 ရုပ်သံ

အပြည့်အစုံသို့...

ကမ်းကုန်အောင် လူတွေကိုသတ်ဖြတ်ကြတယ်

အပြည့်အစုံသို့...

29.sep.2007
အထူးတိုက်တွန်းချက်။ ။ ဘာသာသာသနာနဲ့ လူမျိုးကို ရမ်းကားယုတ်မာနေတဲ့  နအဖကို သင်တို့  လက်တွေ့  မြင်နေကြတယ်။ တနင်္လာနေ့ မှာ အထွေထွေအလုပ်သမားသပိတ်စမယ်။ ပြည်သူ့  သစ္စာကိုစောင့်သိတဲ့ ပြည်သူဝန်ထမ်းဖြစ်ပါစေ။ နအဖရဲ့  စက်ယန္တယားမှန်သမျှကို ရပ်တန့် ဖို့  အလုပ်ရုံး စက်ရုံအလုပ်ရုံတွေကို မသွားကြဖို့ ။ စက်တင်ဘာမှာ ဘုန်းဘုန်းတို့ က ဦးဆောင်ပြီး စခဲ့တယ်၊ အခု ပြည်သူတွေ ပါလာကြတယ်။ ဒီတော့ ပြည်သူ့  ၀န်ထမ်းတွေ အားလုံး - အောက်တိုဘာ အထွေထွေအလုပ်သမားသပိတ် - စမယ်ဗျို့ ။

29 Sep 07, 16:40
သတင်းများအရ - ယခုအခါ သန်းရွှေနှင့် မောင်အေးတို့  အားပြိုင်နေပြီး၊ စစ်တပ်တွင် နှစ်အုပ်စု သေချာစွာ ကွဲနေပြီဖြစ်ကြောင်း၊ သန်းရွှေဘက်တွင် အောင်သောင်း၊ မောင်သောင်း၊ ကျော်ဆန်း၊ မောင်ဦးနှင့် သိန်းဇော်တို့ ပါဝင်သွားကြောင်း။ စစ်ဗိုလိများမှ သန်းရွှေအမိန့် နာခံလိုသူနှင့် မောင်အေးအမိန့် နာခံလိုသူ ကွဲလာနေပြီဖြစ်ကြောင်း၊ ဗိုလ်မျူးချုပ်တစ်ဦးအဆိုအရ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းမှအပ လုံးဝပြစ်ခတ်မှုမလုပ်ရန် မောင်အေးမှ အမိန့် ပေးထားကြောင်း၊ ဒါကို သန်းရွှေအမိန့် ကိုနာခံသောအုပ်စုမှ လုံးဝမကျေနပ်ကြောင်း စသဖြင့် သိရှိရပါသည်။ ထို့ ကြောင့် ဆန္ဒပြသူများအနေဖြင့် စစ်တပ်အား သိမ်းကြုံးပြီးဆဲဆိုတာမျိုး လုံးဝမလုပ်ဘဲ၊ မကျေနပ်လျှင် သန်းရွှေနှင့် နောက်ပါ ၀န်ကြီးများကိုသာ ခွဲခြားပြောဆိုသင့်ကြောင်း အဆိုပါ ဗိုလ်မှူးချုပ်မှာ ပြောငြာားကြောင်း သိရပါသည်။

အပြည့်အစုံသို့...

ဘာသာသာသနာနဲ့ လူမျိုးကို ရမ်းကားယုတ်မာနေတဲ့  နအဖကို သင်တို့  လက်တွေ့  မြင်နေကြတယ်။ တနင်္လာနေ့ မှာ အထွေထွေအလုပ်သမားသပိတ်စမယ်။ ပြည်သူ့  သစ္စာကိုစောင့်သိတဲ့ ပြည်သူဝန်ထမ်းဖြစ်ပါစေ။ နအဖရဲ့  စက်ယန္တယားမှန်သမျှကို ရပ်တန့် ဖို့  အလုပ်ရုံး စက်ရုံအလုပ်ရုံတွေကို မသွားကြဖို့ ။

29 Sep 07, 15:48

အခု ရန်ကုန်၊ ဘုန်းကြီးလမ်း ဆန္ဒ္ဒပြပွဲတွင်လူအင်အား () သောင်းခန့်ရှိ ပြီး၊ များသောအားဖြင့် အထက်တန်းကျောင်းသားအရွယ်တွေများကြောင်း သိရှိရပါသည်။

29 Sep 07, 15:47

ကုလကိုယ်စားလှယ် အီဘရာဟင် ဂန်ဘာရီ မြန်မာစံတော်ချိန် (၁၂) နာရီမှာရောက်ရှိ. ညနေ ()နာရီတွင် နအဖထိပ်ပိုင်းမှ တွေ့ဆုံဖို့စီမံထားကြောင်း သိရှိရသည်။

29 Sep 07, 15:35

ဒီမှာက လိပ်စာပါ - ကုလကိုယ်စားလှယ်ကြီး ပြန်သွားလို့  မဟုတ်တာတွေ ပြောခဲ့ရင် - Professor Ibrahim Gambari . Undersecretary General for Political Affairs . United Nations . S-3770A New York . NY 10017 USA . Tel: +1 212 963 5055/ 0739 , Fax: +1 212 963 5065/ 6940 (ATTN: UNDER SECRETARY GENERAL POLITICAL AFFAIRS) E-mail: gambari@un.org

29 Sep 07, 15:22

တရုတ်တန်းမှာတော့ မိုးပေါ်ဘဲ ထောင်ပြစ်ပြနေတာပါတဲ့။ သေချာစွာ သတင်းပို့ လာပါတယ်။

29 Sep 07, 15:13

ခိုင်လုံသော သတင်းပေးပို့ ချက်အရ - ဒီနေ့ တွင် ကုလကိုယ်စားလှယ်ရှိနေသောကြောင့် စစ်တပ်မှ အပေါ်ကို ခြောက်လှန့် ထောင်ဖောက်ခြင်းမှ လွဲပြီး ပြစ်ခတ်သတ်ဖြတ်မှုမလုပ်ရန် အထက်မှအမိန့် ပေးထားကြောင်းသိရပါတယ်။ ပြည်သူလူထုနဲ့ အတူ ပူးပေါင်းပါဝင်ကြဖို့ မိမိတို့ နီးစပ်ရာကို အကြောင်းကြားပေးပါ။

29 Sep 07, 14:48

လူထုဆန္ဒပျြမှု ဆက်ရှိနေပါတယ်။ ဒီနေ့ လူထုတွေဟာ စည်းကမ်းရှိစွာနဲ့ လုပ်နေကြပါတယ်။ အားလုံက ၀ိုင်းထိန်းနေကြပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြတာပါ။ ကုလကိုယ်စားလှယ်ရောက်နေတာကြောင့်ရယ်၊ စစ်တပ်အတွင်း မှာ အကွဲအပြဲရှိတယ်လို့ ကြားရတဲ့အတွက်ရယ် ဒီနေ့  စစ်တပ်က ပြစ်မှာမဟုတ်ဖူးလို့  သုံးသပ်ကြပါတယ်။ ပြည်သူတွေ ပိုမိုပူးပေါင်း လာကြဖို့ ဖိတ်ခေါ်နေပါတယ်။ မနေ့ တနေ့ ကလို ပြစ်မှာမျိုး မရှိနိုင်တဲ့အတွက် စိုးရိမ်စိတ်တွေ မထားဘဲ ကုလကိုယ်စားလှယ်ရောက်တုန်း အခွင့်အရေးကို အပြည့် အ၀အသုံးချပြီး လူထုဆန္ဒပြမှုတွေကို ဆက်လက်တောင့်ခံထားဖို့ ၊ နောက်နေ့ တွေမှာလည်း ဆက်လက်လုပ်ဆောင်ကြဖို့  ဆော်သြော်နေကြပါတယ်။

29 Sep 07, 14:25

: ညဘက်များတွင် စစ်သားများ ကြံ့ ဖွတ်များနှင့် ရဲ့များမှ ၀င်ရောက်စီးနင်းဖမ်းဆီးမှုများကြောင့် - မန္တလေးမြို့ တွင် ဘုန်းဘုန်းများမှ ဘုန်းကြီးကျောင်းတိုက်များနှင့် ရပ်ကွက်သူရပ်ကွက်သားများအား အထူးမှာကြားထားပါတယ်။ မိမိတို့ လုံခြုံရေးကို မိမိတို့ ယူရန်နှင့် အလှည့်ကျကင်းစောင့်ကာ စစ်သားများ၊ ရဲများ၊ လူစိမ်းများ ၀င်လာပါက ဘုန်းကြီးကျောင်းတိုင်း တုံးခေါက်ရန်နှင့် တစ်ရပ်ကွက်လုံး အချက်ပြအသံများဝိုင်းတီးကြရန် မှာကြားထားပါတယ်။ ဒီဟာမျိုး ရန်ကုန်ရော မြို့ အသီးသီးမှာ လုပ်သင့်ပါတယ်။

29 Sep 07, 14:09

အထူးအသိပေးချက် - နအဖအစိုးရ၏ ရက်စက်ရမ်းကားမှုများကို သိနေတွေ့ နေ မြင်နေ ကြားနေကြရသော အလုပ်သမားဝန်ထမ်းအပေါင်းတို့  - လာမည့်  တနင်္လာနေ့ တွင် အထွေထွေအလုပ်သမားသပိတ် စတင်ရန်အတွက်၊ အလုပ်များ ရုံးများ ကုမ္မဏီများမှအစ မည်သည့် စက်ရုံအလုပ်ရုံမကျန် လုံးဝ လုံးဝ မသွားကြရန်နှင့် ရဟန်းရှင်လူများ ဦးဆောင်လျက်ရှိသောလူထုတိုက်ပွဲကြီးနှင့်အတူ အထွေထွေအလုပ်သမားသပိတ်ကြီး စတင်ကြပါရန် အထူး၊နှိုးဆော်အပ်ပါသည်။ ပြည်သူ့ ဝန်ထမ်းဆိုသည်မှာ ပြည်သူအပေါ်သစ္စာစောင့်သိရန် ဖြစ်ပါသည်။ ဘာသာသာသနာနှင့်လူမျိုးကို ဖျက်ဆီးနေသော နအဖအား စောင့်သိရန်မဟုတ်။ နအဖရဲ့  လည်ပတ်နေတဲ့ စက်ယန္တယားမှန်သမျှ ရန်တန့် ရန် အစွမ်းကုန် ပြည်သူ့ ဝန်ထမ်းအားကို ပြကြပါစို့ ။ ခံစားနေကြရသော ပြည်သူအား ငဲ့ညှာစွာဖြင့် လက်တွဲကြပါစို့ ။

29 Sep 07, 13:56

ယမန်နေ့ ညနေပိုင်းမှ စတင်ခဲ့သော မန္တလေး ဘုရားကြီးတ၀ိုက် ၄၂ နှင့် ၄၅ လမ်းတ၀ိုက် ရဟတ်ယဉ်ဖြင့် စတင်ကင်းလှည့်မှု ၊ ယနေ့ အထိ ဆက်လက်ရှိနေ ၊ မြေပြင်သို့ လွန်စွာနိမ့်ဆင်းပြီး လမ်းများတလျှောက် မောင်းနှင်နေ ၊ ကျောင်းများ ဆက်လက်ပိတ်ထားပြီး ၊ ဆရာ/ မ များကို နားနေခန်း နှင် ရုံးခန်းများတွင် အကျယ်ချုပ်သဖွယ် ခေါ်ယူထိန်းချုပ်ထား ...

29 Sep 07, 13:48

ကိုဇာဂနာရဲ့  ဖေါ်ပြချက် - ၀တ်ပြထားတာ အပေါ်မှာ shrit အကောင်းစားနဲ့  ရွှေဆွဲကြိုး ၅ ကုံး လက်တွေမှာ လက်စွပ်အပြည့်ဝတ်ပြီးတော့ အောက်မှာတော့ ဘောင်းဘီက စုတ်ပြတ်ပြီး ဖင်ကလဲပေါက်နေသေးတယ်။ အပေါ်ပိုင်းကတော့ ချမ်းသာပါရဲ့ အောက်ပိုင်းကတော့ စုတ်ပြတ်နေတာဘဲဆိုပြီး နအဖတွေ ချမ်းသာနေပြီး ပြည်သူတွေဆင်းရဲနေတာကို သရုပ်ဖေါ်ပြလိုက်ပါတယ်။

ရန်ကုန်မှာကြားနေရတာကတော့ဂမ်ဘာရီကို Trader Hotelမှာထားပြီးနယ်ကကြံဖွတ်အင်းအားကောင်းတဲ့မြို့တွေခေါ်သွားပြီး.သူတို့ကြံ့ဖွတ်တွေကို ဆန္ဒပြခိုင်းမယ်လို့ သတင်းရပါတယ်.

29 Sep 07, 12:55

ရန်ကုန်မဂိုလမ်း(ရွှေဘိုသာလမ်း)တွင်လည်း ပြည်သူ့ဆန္ဒပြပွဲ စတင်ပြီ

29 Sep 07, 12:54

ရေနံချောင်း၊ တောင်ကုတ်၊ စစ်တွေ တွင်ပြည်သူ့ဆန္ဒပြပွဲ စတင်ပြီ

29 Sep 07, 12:19

စင်ကာပူလူမျိုးတစ်ယောက် ရန် ကုန်မှာ ဒဏ်ရာရလို့  ဆေးရုံ တက်နေရပါတယ်။ ရိုက်ပုတ်ခံရပြီး သေနတ်နဲ့ ပြစ်ခံရလို့ ပါ။ စင်ကာပူသံရုံးမှ သွားရောက်ကြည့်ရှုနေပါတယ်။

29 Sep 07, 12:14

: မနေ့က ဆင်မလိုက်နားက အစိုးရ သစ်စက်က အလုပ်သမားက စစ်တပ်ကို ဓာတ်ဆီပုလင်းနဲ့ လှမ်းပစ်လို့ စက်သေနတ်နဲ့ ရမ်းရာ လူ၂ယောက် ကျည်ထိသေဆုံး၊ ထိုတပ်နဲ့ အဆက်အသွယ်ရှိသူက အချိုသတ် စုံစမ်းလို့ ယခု သတင်းရရှိ

29 Sep 07, 12:06

ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂန်ဘာရီ နာရီပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို ရောက်ပါတော့မယ်။

29 Sep 07, 11:56

ကြားသိသောသတင်း - ဒီနေ့စစ်တပ်က ဘယ်နေရာကလူထွက်ထွက် ခေါင်းဆောင်လို့ ထင်ရသူကို စနိုက်ပါနဲ့ ပစ်မယ်လို့ သတင်းရပါတယ် တပ်ထဲက ထွက်လာတဲ့ သေချာတဲ့သတင်းပါစနိုက်ပါက နေရာတိုင်းကို ညှပ်ပြီး ချိန်ပြီးပြီလို့ ပြောပါတယ်ပြီးတော့ လူထုကို ၂ဖက်ညှပ် ၀င်ရိုက်မယ် ဒီနေ့ ဆန္ဒပြပွဲကို အပြီးသတ်ချေမှုန်းမယ်လို့ ပြောပါတယ်

29 Sep 07, 08:54

ဒီနေ့  ကုလသမဂ္ဂကိုယ်စားလှယ်ကို လှည့်ဖြားဖို့  မြန်မာပြည်အနှံ့ မှာ ပြည်သူထူထုဆန္ဒပြပွဲကို ဆန့် ကျင်တဲ့ အတုအယောင် ကန့် ကွက်ဆန္ဒပြပွဲတွေကို နအဖက ကြံ့ ဖွတ်တွေကို ဦးဆောင်ခိုင်းပြီး လူတွေကို အတင်းအဓမ္မခေါ်ထုတ်ပြီး လုပ်လိမ့်မယ်။ ပြည်သူလူထုအနေနဲ့  ပြည်သူလူထုရဲ့ စစ်မှန်သော ဆန္ဒပြမှုများမှာသာ ပါဝင်ကြဖို့  အထူးသတိပေးအပ်ပါတယ်။ နီးစပ်ရာအမြန်သတိပေးပေးကြပါ။

29.sep.2007

အပြည့်အစုံသို့...

Friday 28 September 2007

19:11

မေမြို့က DSA မှာ ဗိုလ်လောင်းတွေက မန္တလေးကို ဆင်းမလို့ လုပ်နေကြပြီလို့ ကြားရပါတယ်။ သူတို့မှာ လက်နက်တော့ မရှိကြဘူး။ ပြည်သူတွေ၊ ရဟန်းသံဃာတွေ ခံစားနေရတာ ကိုမကြားရက်လို့ ။ ပြည်သူဘက်ကနေ ကူညီမလို့ ပြောသံကြားရပါတယ်။ အဲ့ဒီသတင်းကိုကြားလို့ မနက်ဖန် မှာ သူတို့ကျောင်းအုပ်ကြီး က DSA ကျောင်းသားအားလုံးကို အစည်းအဝေးခေါ်ထားတယ်လို့ ပြောပါတယ်။

အပြည့်အစုံသို့...

28 Sep 07, 19:02


ကျေက်ပန်းတောင်းမှာလည်း ကြံဖွတ်တွေက လူတွေခေါ်လာပြီး၊၊ ညောင်ဦးမှာလို အခုလိုနိုင်ငံတစ်ဝှမ်းမှာဆန္ဒပြမှုများကို ဆန့်ကျင်ကြောင်းအင်အားပြ၊ ဒါပေမဲ့ ဖုန်းဖုန်းအစစ်အမှန်များနှင့် ပြည်သူများ ကလည်း အင်အားပိုများစွာ စီတန်းလှည့်လည်ကြတယ်လို့ သိရပါတယ်။

အပြည့်အစုံသို့...

28 Sep 07, 18:22တောင်ဥက္ကလာ ရဲစခန်း ကိုမီးရှို့ကြောင်းသတင်းကြားရ

28 Sep 07, 18:10
ညောင်ဦးတွင် ကြံဖွတ်များက ဦးဆောင်ပြီး တအိမ်တယောက်မထွက် မနေရအမိန့်ဖြင့် ထွက်ခိုင်းပြီး၊ လူထုဆန္ဒပြမှုများကို ဆန်ကျင့်ကြောင်းလုပ်ခိုင်း။ အတင်းခေါ်ထုတ်နေ။ ယခုစတင်ထွက်နေကြောင်းသိရ။ နအဖရဲ့ တန်ပြန်လှုပ်ရှားမှု လုပ်နေပါတယ်။ ကြည့်ရတာ မနက်ဖြန် ကုလသမဂ္ဂကိုယ်စားလှယ်လာမှာကို ဒီလိုဆန္ဒပြမှုအတုတွေ ပြပြီး လှည့်စားဖို့ စီစဉ်တာဖြစ်ပါလိမ့်မယ်။ ဒီအတွက် နီးစပ်ရာပြည်သူတွေကို အမှန်အကန်လူထုဆန္ဒပြပွဲတွေနဲ့  ကြံ့ ဖွတ်က အတင်းအဓမ္မထွက်ခိုင်းလို့ ထွက်ရတဲ့ အတုအယောင်ဆန္ဒပြမှုတွေ သေသေချာချာကွဲပြားခြားနာဖို့ လိုပါတယ်။ ကုလသမဂ္ဂကိုယ်စားလှယ်ကို ပြည်သူလူထုတွေရဲ့ ဆန္ဒပြမှုအစစ်အမှန်ကို သေချာစွာ ပြဖို့ လိုအပ်ပါတယ်။ နီးစပ်ရာကို အမြန်အကြောင်းကြားပေးပါ။

အပြည့်အစုံသို့...

အသတ်ခံရတဲ့ဂျပန်သတင်းထောက်ရဲ့ရုပ်သံ

28.sep.2007

အပြည့်အစုံသို့...

သူတို့ဟာ နအဖစစ်ခွေးတွေမို့ လူလိုနားမလည်တာကို ခွင့်လွှတ်ပါ


ဓာတ်ပုံ-အေပီ၊ အေအက်ဖ်ပီ၊ ရိုက်တာ






















































အပြည့်အစုံသို့...

နအဖစစ်ခွေးတွေနဲ့ လက်ကိုင်တုတ်တွေကို မြန်မာပြည်သူတွေက ဒါပဲထင်တယ် (၂၈-၉-၂၀၀၇)

ဓာတ်ပုံ-အေပီ

အပြည့်အစုံသို့...

သူ့ကိုတွေ့ရင် ဂျပန်ပြည်သူတွေဆီ သတင်းပို့ကြပါ (၂၈-၉-၂၀၀၇)


သေဆုံးသွားတဲ့ ဂျပန်သတင်းထောက်ကိုယ်စား ဂျပန်ပြည်သူတွေ လက်စားချေချင်တဲ့

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် စောလှမင်း

ဓာတ်ပုံ-အေအက်ဖ်ပီ

အပြည့်အစုံသို့...

မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ အသက်ပေးသွားရတဲ့
အသက်(၅၀)အရွယ် ဂျပန်ဗွီဒီယိုသတင်းထောက် Kenji Nagai

ဓာတ်ပုံ-ရိုက်တာ

အပြည့်အစုံသို့...

28 Sep 07, 16:50
ဂျာနယ်တွေတချို့လဲ ပိတ်ထားတယ်လို့ ကြားသိရပါတယ်။ခိုင်လုံပါတယ်၊ဂျာနယ်အသိုင်းအ၀ိုင်းကပြောတာပါ
28 Sep 07, 16:47
ပြည်သူများခင်ဗျား - အခု နိုင်ငံတကာကြက်ခြေနီအဖွဲ့  ICRC (internation redcross) က ကားတွေနဲ့  လမ်းမပေါ်ထွက်ပြီး ကူညီနေပါတယ်။ ဒဏ်ရာရသူတွေကို ဒီကားတွေပေါ်တင်ပေးကြပါ။ နီးစပ်ရာ အမြန်အကြောင်းကြားပေးပါ။

အပြည့်အစုံသို့...

28 Sep 07, 16:17 အခု စစ်တပ်က ခင်းထားတဲ့ပုံစံဗျူဟာက အိတ်ခ်ျပုံစံ ဗျူဟာဖြစ်ပါတယ် အလယ်ကို ဖြတ်ပြီးတော့မှ ကျန်တာတွေကို ပစ်လိမ့်မယ် ဟု သတင်းရသည်

28 Sep 07, 16:17
ပြည်သူလူထုတွေ လမ်းထောင့်လေးထောင့်ကနေ တဖြည်းဖြည်းများလာသောကြောင့် အလယ်မှာ စစ်သားတွေ ညှပ်သွားတာ ဖြစ်ပါတယ်။

အပြည့်အစုံသို့...

အပြည့်အစုံသို့...

28 Sep 07, 13:13
စံပြဈေးဘက်မှာ လူ၁၀၀၀၀ ကျော်ရောက်နေတယ်။
28 Sep 07, 13:09
ယရက ရုံးတွေဆို ပိတ်ထားတယ်။ မဖွင့်တော့ဘူး။ ညကနေ စတာပေါ့ဗျာ။ ရှောင်တဲ့ကောင်တွေ ရှောင်ကုန်ပြီ။ မရက အဆင့်ထိကို ဖြစ်နေပြီ။ ခရိုင်အဆင့် ထိကို ရောက်နေပြီ။ အောက်ခြေတွေ ပြိုနေပြီ။

အပြည့်အစုံသို့...

Thursday 27 September 2007

28 Sep 07, 12:57


မြောက်ဥက္ကလာမှာ တပ်အချင်းချင်း ပစ်နေပြီ
28 Sep 07, 12:56
မြောက်ဥက္ကလာမှာ တပ်၆၆ က လူထုနဲ့ ပေါင်းပီ
28 Sep 07, 12:55
ရန်ကုန် သိမ်ကြီးဈေးတွင် ပြည်သူ ငါးသောင်းခန့် ရောက်ရှိနေ
28 Sep 07, 12:49
ခိုင်လုံသော သတင်း - တပ်မ(၃၃) မလိုက်နာလို့ (၉၉)ကို လေယာဉ်နဲ့ ပို့ လိုက်တာ

အပြည့်အစုံသို့...

28 Sep. 07, 12:39


မြောက်ဥက္ကလာပ ဘုန်းကြီးလမ်းထိပ်မှာရှိတဲ့ ပျော်ဘွယ်ဓမသိဂီ င်္ကျောင်းကို စောစောက စစ်တပ်က၀ိုင်းထားခဲ့ပါတယ်။


28 Sep 07, 12:13

ပြည်သူများသို့ အထူးအသိပေးချက် - နအဖဘက်တော်သားများသည် အခြားသော ဘလော့များမှ စီဘောက်များ၊ ဖိုရမ်များတွင် နစ်နေမန်းအမည်ဖြင့် ဟန်ဆောင်ဝင်ရောက်ကာ စာဝင်ရေးနေကြပါသည်။ နစ်နေမန်းသည် မိမိစီဘောက်နှင့် ဘလော့မှလွဲပြီး မည်သည့် ဘလော့၊ စီဘောက်၊ ဖိုရမ်တို့ တွင် လုံးဝ သွားမရေးပါကြောင်းနှင့် မည်သည့် ပြည်တွင်းပြည်ပမီဒီယာကိုမှ အင်တာဗျူးမလုပ်ပါကြောင်း အသိပေးအပ်ပါသည်။ နစ်နေမန်း။

28 Sep 07, 12:10

ခိုင်လုံသောသတင်း - - တပ်မ ၂၂ (၈၈၈၈ တုန်းကသုံးသောတပ်) ကို ရန်ကုန်သို့ ခေါ်ယူလိုက်ပြီ

28 Sep 07, 12:00

မြောက်ဥက္ကလာမှာ ပစ်နေပြီဟု သတင်းရသည်

28 Sep 07, 11:55

ခိုင်လုံသောသတင်းအရ - နအဖမှ တပ်မ (၃၃) အား မန္တလေးတွင် ပြည်သူများအား ပြစ်ခိုင်းရာ ဗိုလ်မှူးချုပ်တင်ထွန်းအောင်မှ အမိန့် အား ထပ်မံငြင်းဆန်ကြောင်း သီရှိရပါသည်။ စစ်တပ်အတွင်းတွင် ပြည်သူနှင့် ပူးပေါင်းလာမည့် ပြည်သူ့ တပ်မတော်သားများ ရှိလာနေပါပြီ။

28 Sep 07, 11:50

trader နား မှာ ပြည်သူ၁၀၀၀၀ ကျော်စုမိနေ ဆက်လက်တိုက်ပွဲဝင်သွားမည်

အပြည့်အစုံသို့...

၂၈စက်တင်ဘာ၂၀၀၇

၂၇စက်တင်ဘာ၂၀၀၇ ပစ်သတ်ခံရသော သတင်းထောက်တဦး

အပြည့်အစုံသို့...

၂၈စက်တင်ဘာ၂၀၀၇

09:31
သံဃာ့မဟာနာယကဆရာတော်ကြီးတွေနဲ့  စစ်တပ်ထဲက ပြည်သူ့ တပ်မတော်သားတွေ
ပြည်သူဘက်ကို လိုက်လာတော့မယ့်အခြေအနေရှိ

09:29
ဓါတ်ပုံ ရိုက်ထားရာ
အရပ် နဲ့ နေထိုင်ရာ အခန်းများ ကို စစ်အစိုးရမှ ခြေရာခံလိုက်နေပါတယ် ယမန်နေ့က ထရိတ်ဒါးနဲ့ ဆာကူရာမှာ စစ်သားများ ကွန်ပျူတာအားလုံးကို စစ်ဆေးသွား ကြပါတယ် ။ ဓါတ်ပုံသမား ၊ မီဒီယာသမာဒများ အထူးသတိထားကြပါ ....

09:19
ရန်ကုန်မှာ
အခုရဲတွေကလဲအစစ်တွေမဟုတ်ဘူး...လူစိတ်ပျောက်နေတဲ. စစ်သားတွေ...... အဲဒီစစ်သားတွေက စိတ်ကြွဆေးတွေတိုက် ထားတယ်လို.သတင်းရတယ်...ရဲတချို့ဆိုရင် သူတို့ကိုကြောက်လို..... ပြန်ပုန်းနေရတယ်လို.သတင်းရထားပါတယ်။ မဲမဲမြင်ရာ ပစ်ကြလိမ့်မည်ဖြစ်ကြောင်းသတင်းရ၊

ညက ဒေါပုံမြို့နယ်ရွာလည်းကျောင်း၊ သံဃာတော်အပါး ၃၀၀ ခန့်ကို ကြမ်းတမ်းစွာဆဲဆိုရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။
09:03
မနေ့က ပစ်ခတ်ခိုင်းတဲ့စစ်သားတွေက စစ်သားအစစ်တွေမဟုတ်ပဲ ထောင်သားတွေကို
ထောင်သားတွေကို လေ့ကျင့်သင်ကြားပေးပြီး ဆေးတိုက် ပစ်ခိုင်းတာလို့ ယုံကြည်စိတ်ချရတဲ့ သတင်းရပ်ကွက်က ပြောပါတယ်။ တစ်ချို့စစ်တပ်ကမိတ္ထီလာကခေါ်လာတာဖြစ်ပြီ့း...ဘုန်းကြီးကျောင်းတစ်ချို့မှာကွန်မြူနစ်တွေသိမ်းထားလို့ပြန်သိမ်းရမယ်လို့အထက်ကအရာရှိတွေက ညာ ပြီးလုပ်ခိုင်းတယ်လိုဆိုကြပါတယ်။့

-ယမန်နေ့ကစစ်တတ်ရဲ့အကြမ်းဖက်မှုများကြောင့်ရန်ကင်းတိုက်မှ မိုးကောင်းဆရာတော် ပြန်လွန်တော်မူရှာသည်.ို့ကြောင့်ဒီနေလဲပိုမိုပြင်းထန်မဲ့ဆန္ဒပြပွဲများလုပ်ရန်အစီအမံများရှိ သည်ဟုကြားသိရသည်။
08:56
ယမန်နေ့ည က တောင်ဥက္ကလာပ မြို့နယ်အမှတ် ၂
.စီး အပါအ၀င် ကားစုစုပေါင်း ၃၇ စီးဖြင့် လူကြီးလူငယ်ယောက်ျား ၃.. စသည့်ရပ်ကွက်များတွင် စစ်ကား ၄ စီး အပါအ၀င် ကားစုစုပေါင်း ၃၇ စီးဖြင့် လူကြီးလူငယ်ယောက်ျား အားလုံးကိုဝင်ရောက်ဖမ်းဆီးသွားပါတယ်။ ဘုန်းကြီးတွေရော ပါတယ်လို့ပြောပါတယ်။ လူဦးရေဘယ်နှယောက် ပါသွားတယ်ဆိုတာကိုတော့ အတိအကျမသိသေးပါ။

08:20
ဒီနေ့မနက်ကျိုက်ဝိုင်း ပစ္စိမာရုံ ကျောင်းတိုက်က သံဃာတော်တွေကို နယ်ပြန်ခိုင်းတယ်ကြားရပါတယ်
.
05:47
နိုင်ငံတော်သံဃာနာယကအဖွဲနဲ့ အတော့်ကိုနီးစပ်တဲ့
ဆရာတော်တစ်ပါးပြောကြားချက်အရ နိုင်ငံတော်သံဃာနာယကဆရာတော်တွေထဲက ဆရာတော်ကြီး အပါး (၃၀) ဟာ အခုလို ရဟန်းဘုန်းကြီးတွေကို ပြစ်ခတ်သတ်ဖြတ်တာကို လုံးဝအဘောမတူဘဲ အတော့်ကို မကျေမနပ်ဖြစ်နေကြတယ်လို့  အသိပေးလာပါတယ်။
ဒီဆရာတော်ကဘဲ မိန့် ကြားတာက ပြည်သူတွေအနေနဲ့  အတတ်နိုင်ဆုံး
ပြန်လည်အကြမ်းဖက်မှုတွေကို ရှောင်ပြီး လူထုချီတက်ပွဲတွေကို ပိုမိုလုပ်ဆောင်သွားဖို့  တိုက်တွန်းထားပါတယ်။ အောင်ပွဲရဖို့ အတွက်ကို ဒီလိုလုပ်ဆောင်သင့်ကြောင်း၊ ပြန်လည်အကြမ်းဖက်ရင် နအဖဖန်တီးတဲ့လမ်းကြောင်းပေါ်ရောက်သွားမှာဖြစ်ပြီး ငြိမ်းချမ်းစွာနဲ့  လူထုဆန္ဒပြပွဲအနေအထားကနေ ဖရိုဖရဲ ဖြစ်ပြီး မိမိတို့  ရင်းနှီးပေးဆပ်နေရတာတွေ အလဟသဖြစ်သွားမှာ စိုးရိမ်ကြောင်းကိုလည်း ပြောကြားသွားပါတယ်။ အခုလို ပိုမို ဒုက္ခရောက်နေကြတဲ့  ဘုန်းဘုန်းတွေကို ပြည်သူလူထုက အတတ်နိုင်ဆုံး ဒီထက်ပိုပြီး ကူညီပံ့ပိုးပေးကြဖို့ နဲ့  ပြည်သူလူထုတွေ ထပ်မံ အင်အားတိုး ပါဝင်လာကြဖို့ ကိုလည်း အထူးမေတ္တာရပ်ခံသွားပါတယ်။

အပြည့်အစုံသို့...

ဂျာမနီမီဒီယာဓာတ်ပုံမှ




Photo by Reuter

အပြည့်အစုံသို့...

27.9.07 ရုပ်နဲ့အသံ

အပြည့်အစုံသို့...

တောင်ဥက္ကလာ (၉)ရပ်ကွက်နဲ့(၆)ရပ်ကွက်ကြားစစ်တပ်နဲ့ လူထု တွေ့တယ်။ပစ်တယ်။ ၅ ယောက်သေတယ်။
27 Sep 07, 16:58
ပြည်သူတွေ အထိနာနေတယ် ၊ ဘုန်တော်ကြီးတွေလည်း အထိနာနေတယ် ၊ ကျောင်းသားတွေတောင် ဖမ်းဆီးနေတယ် ... အဖွဲ့အစည်း အသီးသီးက တာဝန်ရှိပုဂ္ဂိုလ်တွေ ကူညီကြပါ။ ၀န်ထမ်တွေ ငြိမ်နေပါလား ? သေကုန်ကြတဲ့ အထဲမှာ လမ်းသွားလမ်းလာတောင် ပါကုန်ပြီခင်ဗျာ ... ငြိမ်မနေကြပါနဲ့ ...

အပြည့်အစုံသို့...

27 Sep 07, 15:06
သင်္ဃန်းကျွန်းမှာ ၃ ယောက်သေတယ်လမ်းတွေပိတ်ထားတယ် စစ်တပ်ညပ်နေတယ်သင်္ဃန်းကျွန်းက အခုဖြစ်တဲ့ထဲမှာ အပြင်းထန်ဆုံးဘဲ
27 Sep 07, 15:03
သင်္ဃန်းကျွန်းမှာ ၃ ယောက်သေတယ်လမ်းတွေပိတ်ထားတယ် စစ်တပ်ညပ်နေတယ်သင်္ဃန်းကျွန်းက အခုဖြစ်တဲ့ ထဲမှာ အပြင်းထန်ဆုံး
27 Sep 07, 14:47
လူတု ၃၀၀၀မှ ငွေကြာရံတွင်ရမ်းကားနေသော.စစ်သား ၂၀၀ကို..အပိုင်သိမ်း

အပြည့်အစုံသို့...

27 Sep 07, 14:40
စစ်သားတွေက ၀ါးရင်းဒုတ်တွေနဲ့ ကားမှတ်တိုင်ကလူတွေကို ပါ ၀င်ရိုက်နေတယ်
27 Sep 07, 14:40
ဆူးလေကို ၀င်လို့ ရသမျှလမ်း အကုန်ပိတ်လိုက်ပီ

27 Sep 07, 14:34
zလမ်းပေါ်ကလူတွေ ဖယ်မပေးရင် အပြင်းထန်ဆုံး ကိုင်တွယ်မယ် extreme actionလို့ နအဖက သတင်းထုတ်
27 Sep 07, 14:32
: ကြည့်မြင်တိုင် သာဓုကျောင်းမှသေဆူံးသည့် သံဃာတော် ရုပ်ကလပ်အားသယ်ဆောင်ချီတက်ဆန္ဒပြနေကြပါပြီ

အပြည့်အစုံသို့...

27 Sep 07, 13:26ထားဝယ်မှာလည်း.ဆန္ဒပြနေကြသော်လည်းစစ်တပ်မှမနှောက်ယှက်သေးကြောင်းသ်ရပါသည်။

27 Sep 07, 14:24

: တော်လှန်ရေးပန်းခြံထဲစစ်သားတွေနေရာယူနေကြတယ်.

27 Sep 07, 14:23

ဆူးလေနားမှာ အဖွားကြီးတဦးမှာ လူပိပြီး သေဆုံးသွားတယ်လို့ သိရ

27 Sep 07, 14:20

: လောလောဆယ်ဆူးလေမှာ()ယောက်သေသွားပြီ

27 Sep 07, 14:19

လက်ရွေးစင်ကဖီးဘေးမှဇော်မိုးကော်ပီဆိုင်ရှေ့တွင်နိုင်ငံခြားသားတဦး.ကျည်မှန်သေဆူံးပါသည်။အကျီ အပြာရောင်င်္တရှပ်နှင့်ဘောင်းဘီတိုဝတ်ဆင်ထားပြီးအလောင်းကို ဒိုင်နာကားပေါ်တင်ယူသွားပါသညိ..ဆူးလေတွင်ကဂျပန်လုမျိုးသတင်းထောက်တဦးလည်းပစ်ခံရကြောင်းသတင်းရသည်.

အပြည့်အစုံသို့...

27 Sep 07, 14:10
တီရှပ်အပြာဝတ်ထားပြီး သေသွားတဲ့ နိုင်ငံခြားသားကို ဒိုင်နာကားနဲ့တင်သွားတယ်
27 Sep 07, 14:08
ဆူးလေမှာ ပစ်ပြီ ဘီဘီစီ သတင်းထောက်တစ်ယောက် သေသွားပြီ ကျောင်းသားနဲ့ လူထု တစ်သောင်းခွဲ ရေကျော်ကနေ ပုဇွန်တောင်ကို ချီတက်သွားကြတယ်

အပြည့်အစုံသို့...

27 Sep 07, 13:36

အင်းစိန်သန်းတစ်ရာလက်ဘက်ရည်ဆိုင်တွင်ဒီကနေ့မနက်၆နာရီတွင်ကြံဖွက်အယောက်၁၀၀ခန့်တွေ့ရှိခဲ့ကြောင်းအင်းစိန်မှလူခံကပြောကြားဘာသည်။ ဆက်လက်ပြီးပြောကြားရာမှာ GTI ကျောင်းဝင်းတွင်းကြံ့ဖွတ်အယောက်၂၀၀ခန့်ကိုဂတုံး တုံးပေးနေတာကိုလဲတွေ့ခဲ့ကြကြောင်းပြောကြားပါသည်။

27 Sep 07, 13:35

ဆုံဆည်းရာမှာ ဒင်းတို့မိုက်ရိုင်းခဲ့တဲ့ ဘုန်းကြီးတွေရဲ့သွေးတွေကြည့်ကြပါ 27 Sep 07, 13:34

ဆူးလေတွင်ပစ်နေပါ့ပြီ,။တယောက်ထိထားပါသည်.။အသေအပျောက်တော့မသေသေးပါ.

27 Sep 07, 13:31

၃၃ လမ်းနျင့်အနော်ရထာလန်းတွင်..မျက်ရည်ယို ဗုံး ၃လူံးခွဲခဲ့ကြောင်းသိရပါသည်.

27 Sep 07, 13:30

: ယုတ်မာနေပြီ.. လက်နက်မရှိသူတွေကို လက်နက်နဲ့အနိုင်ယူ ဘုန်းကြီးတွေကိုစော်ကား ဒင်းတို့ တွေ ..ဒင်းတို့တွေ

27 Sep 07, 13:30ဆူးလေအနော်ရထာလမ်းပေါ်မှာ ပစ်တာ လူတဦးဒဏ်ရာ ရသွားတယ်

27 Sep 07, 13:27

ဘားလမ်းတွင်လည်းသေနတ်သံများကြားရကြောင်းပြောဆိုပါသည်.

ဘုန်းကြီးကျောင်းတွေကို အဲလို ၀င်ရောက်ခဲ့ပါတယ်

27 Sep 07, 13:26

27 Sep 07, 13:25

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ၁ နာရီ ၅ မိနစ် ။။ ။။ဆူးလေမှာ လူတွေ ရင်ထဲက ဆန္ဒကို ထုတ်ဖော် အော်ဟစ်နေပါပြီ ။ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ >>>> ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး ။ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ >>>> ဘုန်းကြီးတွေကို သတ်ဖို့မဟုတ်ဘူးဆိုပြီး အော်ဟစ် ဆန္ဒပြနေကြပါပြီ ။ ဆန္ဒပြသူအများစုမှာ စားဝတ်နေရေးချို့တဲ့သောသူများနှင့် တက္ကသိုလ်ကျောင်းသားအရွယ် လူလတ်ပိုင်းများ ဖြစ်ကြသည်။

27 Sep 07, 13:23

ထရိတ်ဒါးမှာ ပစ်နေပြီ မိုးကောင်းဘုရားနားမှာလည်း ပစ်နေပါပြီ

27 Sep 07, 13:21

: ငွေကြာရံမှာ လူထုနဲ့ စစ်တပ်နဲ့ ထိပ်တိုက်တွေ့နေပါတယ် မျက်ရည်ယိုဗုံး ၈လုံး ပစ်ပေမဲ့ လူထုက လူစုလုံးဝမခွဲပါ

27 Sep 07, 13:17

ငွေကြာရံမှာ မနက်က ထွက်ပြေးလွှတ်မြောက်သွားတဲ့ဘုန်းကြီးတွေပြန်ရောက်နေကြပီ ။ အဲဒီဘုန်းကြီးတွေ ဆွမ်းစားနေတဲ့အချိန်ကိုအခုပြန်ဝင်ဖမ်းနေတယ်မိုးပေါ်ကိုသေနတ်ပေါက် ပီး ပြန်လည်ဝင်ဖမ်းနေပါတယ် (((ခိုင်လုံသောသတင်း))).ထို့ြေ့ကာင်ုလူထုက ငွေကြာရံကျောင်းမှ လုံခြုံရေးတပ်ကို ၀ိုင်းထားသည်ဟု သိရသည်။

27 Sep 07, 13:14

နယ်မြို့ ကြီးတစ်မြို့ မှ ထိပ်ပိုင်းအရာရှိကြီးမှ ၄င်းတို့  မြီု့ တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ဘုန်းဘုန်းများနှင့် ပြည်သူအား စစ်တပ်မှ ပြစ်ခတ်နှိမ်နင်းမည်ဆိုပါက ၄င်းအနေဖြင့် လုံးဝသဘောတူမည် မဟုတ်ကြောင်း ခိုင်လုံစွာဖြင့် သတင်းလျှိ့ ဝှက်ပေးပို့ လာပါသည်။ (အခြေအနေတစ်ခုကြောင့် မြို့ အမည်နှင့် အရာရှိကြီးအမည်ကို ထုတ်ဖေါ်ပြောပြမရသေးပါ။ စာဖြင့် ခိုင်လုံစွာ အကြောင်းကြားလာခြင်းဖြစ်ပါသည်။) - နစ်နေမန်း။

27 Sep 07, 13:10

မန္တလေး(၃၅)လမ်း မြတောင်ဖက်တွင် ဘုန်းဘုန်းတို့ထွက်ဖို့ပြင်နေကြောင်း လမ်းတွေပိတ်ထားလို့ လူထုနှင့် တပ် အခြေအတင်ဖြစ်နေကြသည်။

27 Sep 07, 13:07

တောင်ဥက္ကလာမှ အိမ်များကို ပိုက်စိတ်တိုက်ရှာမည်ဟု သိရ။ ဖုန်းဖုန်းများအား စောင့်ရှောက်ထားခြင်းကြောင့် ဟု သိရပါသည်။

27 Sep 07, 13:04

တာမွေ နတ်ချောင်းဘုန်းကြီးကျောင်းနှင့် သိမ်ဖြူ မင်္ဂလာရာမ မှ ဘုန်းဘုန်းများ အကုန် လုံး အဖမ်းခံရသည်သိရသည်.

27 Sep 07, 13:02

တောင်ဥက္ကလာနေရာ က ၁၂ ရပ်ကွက်မာဃလမ်းမှာလည်းဖြစ်နေတယ်တဲ့

27 Sep 07, 12:58

တောင်ဥက္ကလာ သစ္စာလမ်းနဲ့ ဗဟိုလမ်းနားမှာ လူတွေနဲ့တပ်နဲ့ထိပ်တိုက်တွေ့ နေကြပြီ။ တပ်ကကြံ့ ဖွံ့ တွေကိုရှေ့တန်းတင်တားသည်။ နောက်မှာတပ်တွေကရှိပြီး လူထုတွေဒေါသထွက်နေ။လမ်းမှာလဲခဲလုံးတွေနဲ့ပျံ့ ကျဲနေကာ အခုမျက်ရည်ယိုဗုံးတွေခွဲနေတယ်။

27 Sep 07, 12:58

တာမွေမှ ဘုန်းကြီးကျောင်းများအား ၀င်မည်ကြားရ ။ သတိပေးပေးစေလိုပါသည်။တာမွေမှ ဘုန်းဘုန်းများ မထွက်သေးဘဲ အစည်းအဝေးလုပ်နေကြသည်။

27 Sep 07, 12:46

ဆူးလေနားက ပိတ်ထားတဲ့ နေရာနားမှာ လူတွေ အများကြီး ထိုင်ဆုတောင်းနေကြတယ် လက်ခုပ်တီးတဲ့ သူတွေလည်း အများကြီးဘဲ

27 Sep 07, 12:44

: ဆူးလေမှာချီတကိနေပါပြီ

27 Sep 07, 12:39

ဘုန်းကြီးအတုများ ၈၀ခန့်မြိုထဲေ၇ာက်ရှိနေကြောင်းသတင်းရပါတယ်..သတိထားကြပါ

27 Sep 07, 12:36

Burma Uprising- hundreds of protesters on the streets -Breaking news(BBC)

27 Sep 07, 12:35

စစ်အင်အားတွေထပ်ဖြည့်နေပါတယ်။စစ်ကား(၁၅)စီးမြို့ထဲဝင်သွား ကြပါသည်.။နှစ်စီးတွင်အမြောက်များပါ ပါဝင်ကြောကညင်းမျက်မြင်သက်သေများမှပြောကြားသည။်.

အပြည့်အစုံသို့...

မဇ္ဈိမ သတင်းဌာနမှ


မေတ္တာပို့နေသူများကို ဝင်ရိုက်
မန်မာစံတော်ချိန် ၁၃း၅၀ (သတင်းလွှင့်တင်ချိန်)

“မျက်ရည်ယိုဗုံးခွဲတော့ ကျနော်တို့ လူတွေအကုန်လုံး ထွက်ပြေးနေရပြီ။ ပြန်ဆုတ်နေရတယ်။ ကျနော်တို့က အားလုံးစုပြီး မေတ္တာပို့နေတဲ့ အချိန်မှာ စစ်ကားက ဝင်လာပြီးတော့ မျက်ရည်ဗုံးတွေ ခွဲလိုက်တယ်လေ။ အလုံးက ၂ဝ လောက် ရှိတယ်။ စစ်တပ် အင်အားက ၃ဝ စီးလောက် ရှိမယ်။ နောက်ထပ် ကား ၅ စီး ထပ်ဝင်တယ်ဗျာ၊ အဲဒီမှာ စွမ်းအားရှင်ကားက နှစ်စီးပါတယ်။ စွမ်းအားရှင် ၂ဝ လောက်ပဲ ရှိမယ်။ ပြည်သူအင်အားက အားလုံး ၅ သောင်းလောက် ရှိမယ်။” ဟု ဆန္ဒပြသူတဦးက ပြောပြသည်။



Wednesday, September 26, 2007

တောင်ဥက္ကလာ ငွေကြာရန် ဘုန်းကြီးကျောင်းအား ၀င်ရောက်ရိုက်နှက်ဖမ်းဆီး (စက်တင်ဘာ ၂၇ ရက် ၂၀၀၇)






http://moemaka.blogspot.com

အပြည့်အစုံသို့...