Friday 12 December 2008

ငါတို့ရဲ့ တော်လှန်ရေး

သွေးတစက်ကျ
ကျတဲ့ သွေးစက်
မြေပြင်ထက်
ကွက်အက် မီးလောင်သွားစေမည်။

တသက်သေရင်
သေတဲ့အသက်
ကောင်းကင်ထက်
မိုးသက် မုန်တိုင်းထန်စေမည်။

မြေအက် မီးလောင်
မိုးမှောင် မုန်တိုင်း
ရပ်ဆိုင်းတဲ့အခါ
ဤ ကမ္ဘာမှာ
ပန်းပွင့်များစွာ ဝေစေမည်
လေညှင်းသုန်သုန်ပြေစေမည်
ငြိမ်းချမ်းသာယာ နေစေမည်။

(တောကျောင်းသား)
ဒေါင်းအိုးဝေ အတွဲ(၂)အမှတ်(၉) မေလ ၁၉၉၁
http://naytthit.com အမှတ်တရ ဒေါင်းအိုးဝေ ...မှ....

No comments: