Monday 19 November 2007

အတ္ထုပ္ပတ္တိအကျဉ်း

မြစ်တမြစ်ကို
ကလေးတယောက်က ငေးကြည့်နေရင်း
သူမြစ်တစင်းဖြစ်သွား။

သူ --- ဖြစ်ချင်တဲ့ --- မြစ်တစင်းနဲ့
သူဖြစ်နေတဲ့ --- မြစ်တစင်း။

သူငိုတယ်
ကမ္ဘာလောကကို အရွဲ့ တိုက်တယ်
ဖြစ်ရိုးဖြစ်စဉ်တွေကိုသရော်တယ်
ပြီးတော့ ------
သူငိုတယ် ------ ။

အဲဒီညက
ကြယ်တွေကြွေလိုက်တာ။

ကမာပုလဲ
၁၈၊၁၁၊၀၇

(သားလေးကောင်းထက်
၁၆ နှစ်ပြည့်အမှတ်တရ)

No comments: