Sunday 7 October 2007

အမေ ........ သို့

ဘယ်လိုခေတ်ကြီးလဲ
ကိုယ့်ရင်သွေးကို ရင်ထဲထည့်ဝှက်တာတောင်
မလုံခြုံနိုင်တဲ့အဖြစ်......။

အမေ့ကိုလွမ်းလွန်းလို့
ကဗျာတပုဒ် ရေးကြည့်တယ်
စာရွက်ပေါ်မှာမင်တွေက မပြာဘဲ
သံဃာတော်တွေရဲ့ သွေးတွေသာနီရဲလို့ ......။

ကျနော်ပြန်အလာကို မစောင့်နိုင်တဲ့အမေ
ဒီကြေကွဲမှုတွေနဲ့ ဒီနိုင်ငံမှာ
အမေအကြွေစောပေမယ့်
မနှမြောတော့ဘူး......။



ကမာပုလဲ
၀၇.၁၀.၀၇

No comments: