Saturday 29 September 2007

29 Sep 07, 17:22

မနေ့ က တကမ္ဘာလုံးမှာရှိတဲ့  မျိုးချစ်မြန်မာတွေရော ကမ္ဘာ့ပြည်သူတွေရော အင်္ကျီအနီရောင်တွေ ၀တ်ကြတယ်။ ပေးပို့ လာသော ဓါတ်ပုံများအရ သိရပါတယ်။ ပျံလွန်တော်မူခဲ့တဲ့  ရဟန်းဘုန်းဘုန်းတို့ ကို ၀မ်းနည်းစွာနဲ့ ဂုဏ်ပြုကြသလို ၊ ပြည်တွင်းမှာ ရဲရင့်စွာနဲ့ လုပ်ဆောင်နေကြတဲ့ ကျောင်းသားပြည်သူတွေကို ထောက်ခံအားပေးကြတပါ။
17:01
မန္တလေးမှာလည်း လူထုဆန္ဒပြနေကြပြီး လုံးဝအပြစ်အခတ်မရှိကြောင်း သိရပါတယ်။
16:53
ဒီည ဒီဗွီဘီ (DVB) ရေဒီယိုမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ သတင်းထူးလိမ့်မယ်လို့  ကြားရပါတယ်။ ပြည်သူများသာမက စစ်သားတွေပါ နားထောင်နိုင်ပါတယ်။
16:50
နအဖမှ တစ်နေ့ ညမှ စစ်တပ်ဖြင့်ဝင်ရောက်ဖျက်ဆီးခဲ့သော ငွေကြာယံ ဘုန်းကြီးကျောင်းတိုက်အား နှစ်ရက်အတွင်း အပျက်အစီးများကို အမြန်ပြန်ပြင်ခဲ့ကြောင်း သိရပါတယ်။ ကုလကိုယ်စားလှယ်က သွားရောက်စစ်ဆေးချင်ရင် ညာပြီး ပြဖို့ ဖြစ်တယ်လို့  သိရပါတယ်။

No comments: