Friday 28 September 2007

28 Sep 07, 18:22တောင်ဥက္ကလာ ရဲစခန်း ကိုမီးရှို့ကြောင်းသတင်းကြားရ

28 Sep 07, 18:10
ညောင်ဦးတွင် ကြံဖွတ်များက ဦးဆောင်ပြီး တအိမ်တယောက်မထွက် မနေရအမိန့်ဖြင့် ထွက်ခိုင်းပြီး၊ လူထုဆန္ဒပြမှုများကို ဆန်ကျင့်ကြောင်းလုပ်ခိုင်း။ အတင်းခေါ်ထုတ်နေ။ ယခုစတင်ထွက်နေကြောင်းသိရ။ နအဖရဲ့ တန်ပြန်လှုပ်ရှားမှု လုပ်နေပါတယ်။ ကြည့်ရတာ မနက်ဖြန် ကုလသမဂ္ဂကိုယ်စားလှယ်လာမှာကို ဒီလိုဆန္ဒပြမှုအတုတွေ ပြပြီး လှည့်စားဖို့ စီစဉ်တာဖြစ်ပါလိမ့်မယ်။ ဒီအတွက် နီးစပ်ရာပြည်သူတွေကို အမှန်အကန်လူထုဆန္ဒပြပွဲတွေနဲ့  ကြံ့ ဖွတ်က အတင်းအဓမ္မထွက်ခိုင်းလို့ ထွက်ရတဲ့ အတုအယောင်ဆန္ဒပြမှုတွေ သေသေချာချာကွဲပြားခြားနာဖို့ လိုပါတယ်။ ကုလသမဂ္ဂကိုယ်စားလှယ်ကို ပြည်သူလူထုတွေရဲ့ ဆန္ဒပြမှုအစစ်အမှန်ကို သေချာစွာ ပြဖို့ လိုအပ်ပါတယ်။ နီးစပ်ရာကို အမြန်အကြောင်းကြားပေးပါ။

No comments: