Thursday 27 September 2007

27 Sep 07, 13:36

အင်းစိန်သန်းတစ်ရာလက်ဘက်ရည်ဆိုင်တွင်ဒီကနေ့မနက်၆နာရီတွင်ကြံဖွက်အယောက်၁၀၀ခန့်တွေ့ရှိခဲ့ကြောင်းအင်းစိန်မှလူခံကပြောကြားဘာသည်။ ဆက်လက်ပြီးပြောကြားရာမှာ GTI ကျောင်းဝင်းတွင်းကြံ့ဖွတ်အယောက်၂၀၀ခန့်ကိုဂတုံး တုံးပေးနေတာကိုလဲတွေ့ခဲ့ကြကြောင်းပြောကြားပါသည်။

27 Sep 07, 13:35

ဆုံဆည်းရာမှာ ဒင်းတို့မိုက်ရိုင်းခဲ့တဲ့ ဘုန်းကြီးတွေရဲ့သွေးတွေကြည့်ကြပါ 27 Sep 07, 13:34

ဆူးလေတွင်ပစ်နေပါ့ပြီ,။တယောက်ထိထားပါသည်.။အသေအပျောက်တော့မသေသေးပါ.

27 Sep 07, 13:31

၃၃ လမ်းနျင့်အနော်ရထာလန်းတွင်..မျက်ရည်ယို ဗုံး ၃လူံးခွဲခဲ့ကြောင်းသိရပါသည်.

27 Sep 07, 13:30

: ယုတ်မာနေပြီ.. လက်နက်မရှိသူတွေကို လက်နက်နဲ့အနိုင်ယူ ဘုန်းကြီးတွေကိုစော်ကား ဒင်းတို့ တွေ ..ဒင်းတို့တွေ

27 Sep 07, 13:30ဆူးလေအနော်ရထာလမ်းပေါ်မှာ ပစ်တာ လူတဦးဒဏ်ရာ ရသွားတယ်

27 Sep 07, 13:27

ဘားလမ်းတွင်လည်းသေနတ်သံများကြားရကြောင်းပြောဆိုပါသည်.

ဘုန်းကြီးကျောင်းတွေကို အဲလို ၀င်ရောက်ခဲ့ပါတယ်

27 Sep 07, 13:26

27 Sep 07, 13:25

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ၁ နာရီ ၅ မိနစ် ။။ ။။ဆူးလေမှာ လူတွေ ရင်ထဲက ဆန္ဒကို ထုတ်ဖော် အော်ဟစ်နေပါပြီ ။ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ >>>> ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး ။ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ >>>> ဘုန်းကြီးတွေကို သတ်ဖို့မဟုတ်ဘူးဆိုပြီး အော်ဟစ် ဆန္ဒပြနေကြပါပြီ ။ ဆန္ဒပြသူအများစုမှာ စားဝတ်နေရေးချို့တဲ့သောသူများနှင့် တက္ကသိုလ်ကျောင်းသားအရွယ် လူလတ်ပိုင်းများ ဖြစ်ကြသည်။

27 Sep 07, 13:23

ထရိတ်ဒါးမှာ ပစ်နေပြီ မိုးကောင်းဘုရားနားမှာလည်း ပစ်နေပါပြီ

27 Sep 07, 13:21

: ငွေကြာရံမှာ လူထုနဲ့ စစ်တပ်နဲ့ ထိပ်တိုက်တွေ့နေပါတယ် မျက်ရည်ယိုဗုံး ၈လုံး ပစ်ပေမဲ့ လူထုက လူစုလုံးဝမခွဲပါ

27 Sep 07, 13:17

ငွေကြာရံမှာ မနက်က ထွက်ပြေးလွှတ်မြောက်သွားတဲ့ဘုန်းကြီးတွေပြန်ရောက်နေကြပီ ။ အဲဒီဘုန်းကြီးတွေ ဆွမ်းစားနေတဲ့အချိန်ကိုအခုပြန်ဝင်ဖမ်းနေတယ်မိုးပေါ်ကိုသေနတ်ပေါက် ပီး ပြန်လည်ဝင်ဖမ်းနေပါတယ် (((ခိုင်လုံသောသတင်း))).ထို့ြေ့ကာင်ုလူထုက ငွေကြာရံကျောင်းမှ လုံခြုံရေးတပ်ကို ၀ိုင်းထားသည်ဟု သိရသည်။

27 Sep 07, 13:14

နယ်မြို့ ကြီးတစ်မြို့ မှ ထိပ်ပိုင်းအရာရှိကြီးမှ ၄င်းတို့  မြီု့ တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ဘုန်းဘုန်းများနှင့် ပြည်သူအား စစ်တပ်မှ ပြစ်ခတ်နှိမ်နင်းမည်ဆိုပါက ၄င်းအနေဖြင့် လုံးဝသဘောတူမည် မဟုတ်ကြောင်း ခိုင်လုံစွာဖြင့် သတင်းလျှိ့ ဝှက်ပေးပို့ လာပါသည်။ (အခြေအနေတစ်ခုကြောင့် မြို့ အမည်နှင့် အရာရှိကြီးအမည်ကို ထုတ်ဖေါ်ပြောပြမရသေးပါ။ စာဖြင့် ခိုင်လုံစွာ အကြောင်းကြားလာခြင်းဖြစ်ပါသည်။) - နစ်နေမန်း။

27 Sep 07, 13:10

မန္တလေး(၃၅)လမ်း မြတောင်ဖက်တွင် ဘုန်းဘုန်းတို့ထွက်ဖို့ပြင်နေကြောင်း လမ်းတွေပိတ်ထားလို့ လူထုနှင့် တပ် အခြေအတင်ဖြစ်နေကြသည်။

27 Sep 07, 13:07

တောင်ဥက္ကလာမှ အိမ်များကို ပိုက်စိတ်တိုက်ရှာမည်ဟု သိရ။ ဖုန်းဖုန်းများအား စောင့်ရှောက်ထားခြင်းကြောင့် ဟု သိရပါသည်။

27 Sep 07, 13:04

တာမွေ နတ်ချောင်းဘုန်းကြီးကျောင်းနှင့် သိမ်ဖြူ မင်္ဂလာရာမ မှ ဘုန်းဘုန်းများ အကုန် လုံး အဖမ်းခံရသည်သိရသည်.

27 Sep 07, 13:02

တောင်ဥက္ကလာနေရာ က ၁၂ ရပ်ကွက်မာဃလမ်းမှာလည်းဖြစ်နေတယ်တဲ့

27 Sep 07, 12:58

တောင်ဥက္ကလာ သစ္စာလမ်းနဲ့ ဗဟိုလမ်းနားမှာ လူတွေနဲ့တပ်နဲ့ထိပ်တိုက်တွေ့ နေကြပြီ။ တပ်ကကြံ့ ဖွံ့ တွေကိုရှေ့တန်းတင်တားသည်။ နောက်မှာတပ်တွေကရှိပြီး လူထုတွေဒေါသထွက်နေ။လမ်းမှာလဲခဲလုံးတွေနဲ့ပျံ့ ကျဲနေကာ အခုမျက်ရည်ယိုဗုံးတွေခွဲနေတယ်။

27 Sep 07, 12:58

တာမွေမှ ဘုန်းကြီးကျောင်းများအား ၀င်မည်ကြားရ ။ သတိပေးပေးစေလိုပါသည်။တာမွေမှ ဘုန်းဘုန်းများ မထွက်သေးဘဲ အစည်းအဝေးလုပ်နေကြသည်။

27 Sep 07, 12:46

ဆူးလေနားက ပိတ်ထားတဲ့ နေရာနားမှာ လူတွေ အများကြီး ထိုင်ဆုတောင်းနေကြတယ် လက်ခုပ်တီးတဲ့ သူတွေလည်း အများကြီးဘဲ

27 Sep 07, 12:44

: ဆူးလေမှာချီတကိနေပါပြီ

27 Sep 07, 12:39

ဘုန်းကြီးအတုများ ၈၀ခန့်မြိုထဲေ၇ာက်ရှိနေကြောင်းသတင်းရပါတယ်..သတိထားကြပါ

27 Sep 07, 12:36

Burma Uprising- hundreds of protesters on the streets -Breaking news(BBC)

27 Sep 07, 12:35

စစ်အင်အားတွေထပ်ဖြည့်နေပါတယ်။စစ်ကား(၁၅)စီးမြို့ထဲဝင်သွား ကြပါသည်.။နှစ်စီးတွင်အမြောက်များပါ ပါဝင်ကြောကညင်းမျက်မြင်သက်သေများမှပြောကြားသည။်.

No comments: